Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

တိုင်းဧရာတွင် ပွင့်သော ဘုရား

တိုင်းဧရာတွင် ပွင့်သော ဘုရား

|| သရော်စာ - စိုပြေ ||

ဧရာဝတီသားတို့ ၀မ်းမြောက်ဖွယ်။ ဧရာဝတီမှာ ဘုရားပွင့်လေပြီ။
ဤဘဒ္ဒကမ္ဘာတွင် ဆယ့်လေးမျဉ်းစောင်းတို့လောက် ကံထူးသူ ရှိအံ့မထင်။
ဘုရား မျက်နှာလိုက်လေသလားပင်မသိ။ ဇာတိ ကျောက်ဆည်မှာတောင် မပွင့်။

ဧရာဝတီမှာမှ ရွေးပွင့်လေခြင်း။ ကျောက်ဆည်သားတို့ကတော့ မကျေမနပ်။ ဘုရားအမည်က ဦးရွှေတဲ့။ ပျော်စရာကြီး။။။။

မကြာမီသွားတော့မည် ဧရာဝတီဝန်ကြီးချုပ်ဦးသိန်းအောင်က "ဟိုဟာ ဒီဟာ ခင်ဗျားတို့ ပြောနေတဲ့ ဦးရွှေဟာ ဧရာဝတီတိုင်းအတွက်တော့ ဘုရားပဲ" ဆိုသည့် စကားကို ဖားတရှဉ်းတံတားဖွင့်ပွဲတွင် ယမန်နေ့က ပြောခဲ့သည်။ သတင်းက စာသားသက်သက် မဟုတ်။ ဧရာဝတီတိုင်းသားတို့၏ ဘုရားဖြစ်ကြောင်း ဗီဒီယိုဖိုင်ဖြင့်ပါ အတိအကျ ပြသ ထားသည်။

ဟုတ်ပါသည်။ အမှန်ပါပဲ။ ဦးရွှေဟာ ဘုရားပါပဲ။
ဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူပွင့်မည်ဟု ဆိုထားသည်။ အခုတော့ ဧရာဝတီတိုင်းသား ဗုဒ္ဓဘာသာများအတွက်တော့ ဘုရားလစ်မစ် ပြည့်သွားပြီ။

အချို့ကလည်း ဦးရွှေ ဘုရားဖြစ်တာကို မယုံကြ။
"ရူးနေလို့ ပြောတာပါကွာ။ နှိုင်းစရာရှားလို့ ချီးပန်းသေနေဦးမယ်"ဘာညာ စသည်ဖြင့် ပြောကြသည်။

ထိုသို့ ပြောကြသူများမှာ ဒီမိုများဖြစ်ကြသည်။ သူတို့ကတော့ သူတို့ ခေါင်းဆောင်ကို ဘုရားဖြစ်စေချင်ကြတာပေါ့လေ။ ဒါပေမဲ့ သူတို့ ခေါင်းဆောင် နောက်ကျသွားပါပြီ။ ဦးရွှေက ဦးသွားပြီ။

အခုလို ဘုရားဖြစ်သူကို မကျေမနပ် အပုပ်ချ ပြောဆိုသဖြင့် ဒီမို အချို့မှာ မြေမြိုကုန်ကြသည်။
ဒါကလည်း ဖြစ်နိုင်သည်။ ဂေါတမဘုရားကို အပုပ်ချခဲ့သူတွေ ပင် မြေမြိုခဲ့ကြကြောင်း သမိုင်း အထောက်အထားတွေရှိသည်။

အခုလည်း ဦးရွှေကို ဝေဖန်သည့် ဒီမိုတွေ အ၀ီစိမှာ ဂျိုးကပ်တော့မည်။ အဲ့တော့ အားလုံးပဲ မယုံမရှိကြနှင့် မယုံလျှင် မြေမြိုလိမ့်မည်။ ဦးရွှေ တိုင်းပြည်ကို အုပ်ချုပ်တုန်းကဆိုလျှင် သူသွားလေရာတွင် လူတိုင်း လက်အုပ်ချီကြသည်။

ကိုယ်နှင့် ဘာမှ မတော်သော အသက်သက်ကြီး အဘိုးကြီးကို မြန်မာပြည်တွင် ဘယ်သူမှ ရိုရိုသေသေ လက်အုပ်မချီ။ ဦးရွှေကိုတော့ ဒီလိုမဟုတ်။ သွားလေရာတွင် လူတိုင်း လက်အုပ်ချီသည်။ အဲ့ကတည်းက ဦးရွှေဟာ ဘုရားများ ဖြစ်နေသလား။ မဟုတ်ပေ။

တကယ်တော့ ဦးရွှေသည် ရာထူးက အနားယူပြီးမှ ဘုရားဖြစ်သွားခြင်းဖြစ်သည်။
နေပြည်တော် တောနက်ကြီးတွင် အလုပ်အကိုင်မရှိ ပျင်းပျင်း ရိရိဖြင့် တရားကျင့်ရင်း ဘုရား ဖြစ်သွားတာဖြစ်သည်။

ဂေါတမ ဘုရားက ခြောက်နှစ်ကျင့်ရသည်။ ဒါပေမဲ့ ဦးရွှေကတော့ ငါးနှစ်ထဲနှင့် ဘုရားဖြစ်သွားပြီ။ ဒါကလည်း ပင်ကိုယ်ပါရမီ ရင့်သန်လွန်းလို့သာ။ တော်ရုံ စကေးနဲ့တော့ ဘုရား လွယ်လွယ်မဖြစ်။

အခုဆို ဧရာဝတီမှာ ဦးရွှေ ရုပ်ထုများပင် ထုနေပြီ။ မကြာမီ ဘုရားစင်များပေါ်သို့ပင် ရောက်ရှိတော့မည်။
အချို့ကတော့ ရုပ်ထုမထု။ ဦးရွှေမှာ သက်ရှိ ထင်ရှား ရှိသေးသဖြင့် ရုပ်ထု ထုစရာမလိုဟု ပြောကြသည်။ အိမ်ကိုပင့်ပြီး ကိုးကွယ်ရန်လည်း ပြင်နေကြသည်။

အချို့သော စီးပွားရေးသမားတွေကတော့ ဧရာဝတီဘုရား ဆိုသည့် အမည်ဖြင့် ဦးရွှေ ရုပ်ပုံများကို အင်တာနက်က ယူပြီး ပြန်ရောင်းချနေကြသည်။ လိုင်းကားပေါ်တွင် ဦးသန်ရွှေ ရုပ်ပုံများကို အပြိုင်အဆိုင် ရောင်းချနေသတဲ့။ ၀ယ်သူတွေကလည်း အလုအယက်ပင်။

အခုလို ဦးရွှေ ဘုရားဖြစ်သွားတာလည်း ကောင်းသည်။
အခုတော့ ဘုရားအသစ်ရပြီပေါ့။ ဘုရားအသစ်ရတော့ စေတီအသစ်တွေ တည်။ ရုပ်ပုံအသစ်တွေ ထု။
ဘုရားတွေကို မှီခိုနေသည့် စီးပွားရေးသမားတွေ၊ ပန်းပုဆရာတွေ၊ ပန်းချီဆရာတွေ။ ပန်းရံဆရာတွေ။ ဂေါပကတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတိုးတာပေါ့။

ဒါပေမဲ့ ပြသနာတစ်ခုရှိ၏။ ကျောက်ဆည်သားက ဧရာဝတီမှာ ဘုရားဆိုပြီး သွားပွင့်တော့ ဇာတိမြေက လူတွေက မကျေနပ်။
"ငါတို့ဆီမှာတော့ မပွင့်ဘူး" ဟု စိတ်ပျက် လက်ပျက် ညည်းကြသည်။
ဒါပေမဲ့ ကျောက်ဆည်သားတွေကလည်း မခေ။ ဦးရွှေ နေခဲ့ဖူးသည့် နေရာတ၀ိုက်ကို သွားပြီး ဦးရွှေ ခြေရာကို ရှာကြသည်။
တွေ့လျှင် စက်တော်ရာဆိုပြီး ရွှေချကာ မင်းဘူး စက်တော်ရာလို ပွဲတော်ကြီးတွေ လုပ်ဖို့ ကြံစည်နေကြသည်။

မြန်မာပြည်တွင် ပြည်နယ်နှင့် တိုင်း ၁၄ ခုရှိရာ ဧရာဝတီတိုင်း တစ်ခုထဲမှာမှ ဘုရားပွင့်တယ်ဆိုတာကတော့ မဟုတ်သေး။
အခြားဒေသက ကိုးကွယ်ချင်သူတွေကလည်း သိပ်မကျေနပ်။
မြန်မာပြည်က လူတွေသည် ကိုးကွယ်မှုနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံကြ။

အခုလို ဧရာဝတီသားတွေက သေးသေးတင်သွားတော့ ပိုလို့တောင် မကျေနပ်သေး။
ဘုရားဦးရွှေကို ဧရာဝတီမှာပဲ မပွင့်စေခြင်။ လူတိုင်းက ဦးရွှေကို ချစ်ခင်ပြီး ဖူးမြော်ချင်သဖြင့် ပြည်နယ်တိုင်း ၁၄ ခုလုံးတွင် ပွင့်စေခြင်သည်။

ဒါကြောင့် ဧရာဝတီဘုရား ဦးရွှေကို ဆန္ဒပြရန်ပင် ကြံစီနေကြသည်။ ဘုရားကို လုကြမလို့တဲ့။
ဘုရားကလည်း သက်ရှိထင်ရှား ဆိုတော့ လူတိုင်း ကိုးကွယ်ချင်မပေါ့လေ။

ဒါပေမဲ့ ဧရာဝတီဘုရားဟု ဆိုသော်လည်း ဧရာဝတီက လူတွေမှာ နာဂစ်တုန်းကသာ ဦးရွှေကို ဖူးမြော်လိုက်ရသည်။ နောက်ပိုင်းတော့ ဘုရားက နေပြည်တော်ကို ရွှေ့သွားဖြင့်
နေပြည်တော်က လူတွေပဲ ဦးရွှေကို ကိုးကွယ်ရတော့သည်။
အဲ့တော့ ဧရာဝတီကလူတွေလည်း မကျေနပ်။ ဧရာဝတီဘုရားလို့သာ နာမည်တပ်တာ။ ဘုရားက ဧရာဝတီမှာ ရုံးမထိုင်။

ဒါကြောင့် ၁၄ ပြည်ထောင်က ပြည်သူတွေဟာ နေပြည်တော်ကို ချီတက်ပြီး ဘုရားလုပွဲလုပ်ရန် ပြင်ဆင်နေကြတော့သည်။ ဘာတဲ့ ၈၈ ထက် ကြီးမားသည့် လူထုဆန္ဒပြပွဲတောင် လုပ်မလို့တဲ့လေ။ အကြံပက်စက်လေခြင်း။
အခုမှ ပြန်စမလို့ လုပ်နေတဲ့ မြန်မာပြည်လေး။ ဒီလိုသာ ဘုရားလုပွဲဖြစ်လို့ကတော့ တိုင်းပြည်ထပ်ပျက်ဖို့သာ ရှိတော့သည်။

တိုင်းပြည် အရေး ရင်လေးဖွယ်.......။

ဒါတောင် အခြားတိုင်းပြည်က ကိုးကွယ်ချင်သည့် လူတွေ ပါမလာသေး။ ထိုင်းတို့၊ သီရိလင်္ကာတို့။ အိန္ဒိယနဲ့ တရုတ်တို့ကပါ ကိုးကွယ်ချင်လျှင် ခက်ကုန်တော့မည်။ သူတို့လည်း မသိသေးလို့သာ

ထိုသတင်းကို ကြားသောအခါ မြတ်စွာဘုရားဦးရွှေသည် စိတ်မသာမယာဖြစ်ရသည်။
ဘုရားဥာဏ်ဖြင့် ရှေ့ကို မျှော်ကြည့်သောအခါ သူ့ကြောင့် လူတွေ သေကြေမည့် ပုံရိပ်ကို တွေ့ရလေ၏။

ဒါကြောင့် ဘယ်ဖြေရှင်းရင် ကောင်းမလဲဟု ဘုရားဥာဏ်ဖြင့် စဉ်းစားသုံးသပ်သော အခါ.............။

ဂေါတမဘုရား ပရိနိဗ္ဗန်ပြုတုန်းက ဘုရားဓါတ်တော်များကို တိုင်းပြည်အသီးသီးက ယူဆောင် ကိုးကွယ်ကြသည်။ ထိုနည်းကို ဧရာဝတီဘုရား ဦးရွှေက ယူသည်။

ထို့ကြောင့် ဦးရွှေလည်း ပရိနိဗ္ဗန်ပြုရန် ကြံစီလေတော့သည်။ ဦးရွှေ ပရိနိဗ္ဗန်စံတော်မူလျှင် အလောင်းတော်ကို ပြာချပြီး ဓါတ်တော်မွေတော်များကို ၁၄ ပြည်ထောင် ပြည်သူများ
ကိုးကွယ်ရန် ချန်ထားခဲ့မည်ဟု ဆို၏။ အညီအမျှ ခွဲဝေကြရန်လည်း မှာကြားသည်။

လောလောဆယ်တော့ သုံးလောက ထွဋ်ထား ဧရာဝတီမြတ်စွာဘုရား ဦးရွှေမှာ ၀က်ပျိုသားကို သုံးဆောင်တော်မူနေလေ၏။

စိုပြေ
2:44 PM 3/25/2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။