Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

လုပ်ငန်းတစ်ခု အောင်မြင်မှုရရှိဖို့ အနည်းဆုံး ၁၀ နှစ်ကြိုးစားမယ်ဆိုတဲ့ LIBERAL TAILOR မှ ဦးသက်ချိုဦး

လုပ်ငန်းတစ်ခု အောင်မြင်မှုရရှိဖို့ အနည်းဆုံး ၁၀ နှစ်ကြိုးစားမယ်ဆိုတဲ့
LIBERAL TAILOR မှ ဦးသက်ချိုဦး

လူတိုင်း လူတိုင်း အလုပ်တစ်ခုကို စတင်မယ်ဆိုရင် အနည်းဆုံး ၁၀ နှစ် စိတ်ရှည်လက်ရှည် လုပ်စေချင် ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတော့ လုပ်ငန်းတစ်ခုလုပ်တယ်။ ၂ နှစ် ၃ နှစ် လောက် လုပ်တယ် မအောင်မြင်ဘူး။ ဖြုတ်ပစ်တယ်။ နောက်ထပ်တစ်ခု ထပ်လုပ်တယ်။ အရင်လုပ်ခဲ့တဲ့ နှစ်တွေက အလကား ဖြစ်သွားတယ်။ ဒီလောက်နှစ်နဲ့ မအောင်မြင်နိုင်ပါဘူး။ အဲလို ပြောင်းရင်း ပြောင်းရင်းနဲ့ လုပ်ငန်းရှင် မဖြစ်တော့ဘူး။ အလုပ်သမားဘ၀ဘဲ ဖြစ်နေမယ်။ ကျွန်တော်တို့ဆီမှာ ဖေဖေတို့ လက်ထက် ကတည်းက သိပံ္ပမှူးတင် လက်ထက်ကတည်းက ချုပ်တယ်။ ပြီးတော့ သူ့သားသမီး ခုဆိုရင် သူ့ရဲ့မြေးထိ ကျွန်တော်တို့ ဆီမှာဘဲ ချုပ်ကြတယ်။

အဓိကကတော့ စေတနာထားပြီးလုပ်ပါတယ်။ ဒီလုပ်ငန်းက Customer is service ဆိုတဲ့အတိုင်း Customer ကို Service ပေးတဲ့နေရာမှာ စေတနာထားမယ်၊ စိတ်ရှည်ရမယ်။ နောက် အကောင်းဆုံး ၀န်ဆောင် မှု ပေးချင်တယ်။ အဲဒီသုံးချက်နဲ့ ပြည့်စုံတဲ့အတွက် ၁၉၆၅ ကနေ ၂၀၁၅ အထိ နှစ် ၅၀ ထိ အောင်မြင်မှုတွေ ရရှိ ခဲ့ပါတယ်။

၁၉၈၇ မတိုင်ခင်ထိ ဖေဖေက ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း ကျွန်တော် ဦးဆောင်ခဲ့ပါ တယ်။ မိဘလက်ငုတ်လက်ရင်းပါ။ မိဘချပေးတဲ့ လမ်းပေါ်မှာ ဆက်လျောက်ရပါတယ်။ မိဘချပေးတဲ့ လမ်းပေါ် လျှောက်ရင်း ကြိုးစားရပါတယ်။ ကျွန်တော်မကြိုးစားရင် ဒီနေ့အထိ ရပ်တည်ဖို့ မလွယ်ကူပါဘူး။ ကျွန်တော်တို့ မိဘတွေနဲ့ ကွာခြားချက်က မိဘတွေက အပ်ထည်လက်ခံပြီး စက်ချုပ်တဲ့လုပ်ငန်းတစ်ခုပဲ လုပ်တယ်။ ကျွန်တော်တို့ လက်ထက်မှာ ပိတ်စတွေဝယ်ပြီး ချုပ်ပေးတယ်။ နောက် ၀ယ်သူတွေရဲ့ တောင်းဆိုချက်ကနေ ပိတ်စတွေလုပ်ရင်း တစ်ခါတည်း ကောက်ဝယ်သွားနိုင်အောင် ရယ်ဒီမိတ် လုပ်ပေးခဲ့တယ်။ ဒီလို လုပ်ပေးရင်း တဖြေးဖြေး အပ်တဲ့သူ ၀ယ်တဲ့သူများလာတယ်။ ဆိုင်ကတော့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုင်ပဲ ရှိပါတယ်။ ဆိုင်ခွဲမရှိပါဘူး။ တော်တော်များများ ပိုးထည်တိုက်တွေမှာ ပုဆိုးနဲ့တွဲရောင်းချင်တဲ့ တိုက်ပုံတွေ ရှပ်အင်္ကျီတွေ ချုပ်ပေးတယ်။ လက်ရှိမှာ လည်ကတုံးရှပ် တိုက်ပုံတွေ ကုန်တိုက်တွေမှာ ဖြန့်တယ်။ နယ်တွေကို ဖြန့်တယ်။ ချုပ်ထည်တွေကို လစ်ဘရယ်တံဆိပ်နဲ့ ချုပ်ပါတယ်။ ရယ်ဒီမိတ်ကိုတော့ နေရှယ်တံဆိပ်နဲ့ ထုတ်ပါ တယ်။ နေရှယ်တံဆိပ်ကို ကျွန်တော်တို့ အမျိုးသားတိုင်းမှာ အမျိုးသားတိုင်းမှာ အမျိုးသားဝတ်စုံရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၃ ကနေ စထုတ်ပါတယ်။ ကျွန်တော်အရင်က National Myanmar စက်ချုပ်ကုန်ထုတ် သမ၀ါယမ အသင်းတစ်ခုအနေနဲ့ လုပ်ပါတယ်။ အခုက ပြန်သိမ်းသွားတဲ့အတွက် မလုပ်တော့ပါဘူး။ လုပ်ငန်း မအောင်မြင်ခင်ရော အောင်မြင်ပြီးရော အခက်အခဲဆိုတာ ရှိပါတယ်။ အခက်အခဲရှိမှလည်း အောင်မြင်မှုကို ရနိုင်တာပါ။ ကျွန်တော်တို့လုပ်ငန်းက အရောင်းအ၀ယ်လုပ်ငန်းတွေလိုမဟုတ်ဘူး။ ကျွန်တော်တို့က ၀န်ဆောင်မှု ပေးရတာပါ။ ရက်ချိန်းကို တိကျအောင် လုပ်ရပါတယ်။ ပေးရမယ့်ချိန်မှာ လုပ်သားတွေက နေမကောင်းတာတို့ မလာတာတို့ဆိုရင် ကျွန်တော်မှာ အပ်သူကို ရက်ချိန်းမှန်ပေးနိုင်အောင် စိတ်ပူရတယ်။

ဖေဖေလက်ထက်မှာ အဖွဲ့လိုက် အလုပ်ထွက်သွားတာမျိုးရှိခဲ့ဖူးတယ်။ ကျွန်တော်လက်ထက်မှာတော့ မရှိဘူး။ စည်းရုံးတယ်။ သူတို့ဘာ လိုအပ်လဲ လိုက်ကြည့် လုပ်ပေးတယ်။ အိမ် တိုက်ခန်း ၀ယ်ဖို့ခက်နေတယ်၊ ဘယ်လောက်လိုလဲ ကျွန်တော် ထုတ်ပေးတယ်။ အဲလို ကျွန်တော်ထုတ်ပေးတယ်။ နောက်မှ လစာထဲက ပြန်ဆပ်ကြတယ်။ ကျွန်တော်တို့လုပ်ငန်းရှင်နဲ့ ၀န်ထမ်းဆိုတာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောမို့ မိသားစု လို သဘောထားပါတယ်။ အမြဲ ပြောပါတယ်။ ၀န်ထမ်းဆိုတာ သူရှိမှလည်း ကျွန်တော်တို့ အလုပ်ဖြစ်သလို ကျွန်တော်တို့ အလုပ်ရှာပေးမှလည်း သူတို့ အလုပ် ဖြစ်တယ်။ အဓိက မိသားစုလိုပါဘဲ မိသားစုဆိုတာ ခွင့်လွှတ်ရတာရှိတယ်။ ဆွေးနွေးရတာရှိပါတယ်။ ဘာဘဲပြောပြော ကျွန်တော်တို့လို မိသားစုလို သဘောထား ဆောင်ရွက်တဲ့အခါ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ်။ နှစ်စဉ်လည်း ခရီးတစ်ခု ပို့ပေးတယ်။ ဒီနှစ် ထူးခြားတာက ကျွန်တော် ၀န်ထမ်းထဲက မဲနှိုက်ပြီး ၀န်ထမ်း ၄ ယောက် ဘန်ကောက်လွှတ်မယ်။ ကျွန်တော်တို့ဆီမှာ အံသြဖို့ ကောင်းတာက နှစ် ၅၀ အထိပေါ့နော် ဖေဖေတို့ လက်ထက်ကတည်းက လုပ်တဲ့ ၀န်ထမ်းတွေရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေ ကျွန်တော်မိဘတွေ လက်ထက်ကတည်းက လူတွေရှိတယ်၊ နောက်သူတို့ သားသမီးတွေပါ ယနေ့အချိန်ထိ ကျွန်တော်တို့ဆီမှာ လုပ်ကြတယ်။ စေတနာလည်း ထားကြတယ်။ သူတို့ စေတနာထားလို့လည်း ကျွန်တော်တို့ အောင်မြင်ကြတယ်။

နောက်ဆုံးကျွန်တော်ပြောချင်တာက လုပ်ငန်းတစ်ခုကို “ဒီနေ့ ‘စ’” ပါ ။ မစရင်တော့ နောက်တစ်ရက် တစ်ရက်နဲ့ အောင်မြင်ဖို့နည်းပါတယ်။ အလုပ်ကို စိတ်ဝင်စားရမယ်။ ဒီအလုပ်အပေါ် တစိုက်စိုက် မတ်မတ် လုပ်ပါ။ နောက် အလုပ်လုပ်ရင် စေတနာထားလုပ်ပါ။ စေတနာဆိုတာ ကံပါ။ ဘယ်သူဘဲဖြစ်ဖြစ် အလုပ်တစ်ခု ကို စေတနာပါပါ လုပ်မှ သင်ခန်းစာ အပြည့်အ၀ရလာတယ်။ အဲဒီ သင်ခန်းစာကနေ လုပ်ငန်းအတွက် အထောက်အကူအများကြီး ရရှိပါတယ်။

Credit-SHARK

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။