အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သိသင့်တဲ့ အချိန်စီမံခန့်ခွဲမှုနည်းစနစ်များ
successtory
လူတစ်ယောက်မှာထားရှိတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကိုရောက်ရှိနို င်ဖို့အတွက် အချိန်ကိုအကျိုးရှိစွာအသုံး ချတတ်ဖို့လိုအပ်ပါတယ်။ အချိန်ကိုကောင်းစွာမစီမံတတ် တဲ့လူတစ်ယောက်ဟာ
အောင်မြင်မှုပန်းတိုင်ကိုရော က်နိုင်ဖို့ခက်ခဲမှာပဲဖြစ်ပါတယ်။ အချိန်ကိုကောင်းကောင်းအသုံး ချတတ်တဲ့လူတွေကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှုရနိုင်ဖို့အခွင့်အလမ်းတွေအများကြီးရှိပါတယ်။
လူတိုင်းဟာ တစ်နေ့ကို ၂၄ နာရီပဲရှိတာဖြစ်ပါတယ်။ငွေဘယ်လောက်ချမ်းသာသာ တစ်နာရီတောင်ပိုမရနိုင်ပါဘူး။ဒီလိုမျိုး လူတိုင်းတန်းတူရရှိနေတဲ့အရာ ဖြစ်တဲ့အတွက် မဖြုန်းတီးပစ်ပဲ သူများတွေထက်ပိုပြီးတော့ အကျိုးရှိအောင်အသုံးချတတ်မှ သာ ကိုယ့်ကအရှေ့မှာရှိနေနိုင်ြ ပီးအောင်မြင်နိုင်မှာဖြစ်ပါ တယ်။
အချိန်စီမံခန့်ခွဲတတ်ဖို့အတွက် နည်းလမ်းကောင်း ၇ ခုကိုဖော်ပြထားပါတယ်။
၁။ လုပ်ဆောင်ရမယ့်အရာတွေထဲကမှ ဦးစားပေးရမယ့်အရာတွေကိုချမှတ်ပါ။
ဒီအပတ်ထဲမှာလုပ်စရာတွေအများ ကြီးရှိတယ်ဆိုပါတော့။ လုပ်စရာအလုပ်တွေအရမ်းများတဲ့ အချိန်မှာ ဘယ်အရာကအရေးအကြီးဆုံးလဲဆိုတာကို ဆုံးဖြတ်ပြီးတော့၊ အရေးကြီးမှုအလိုက်အချိန်စာရင်းဆွဲထားပြီးလုပ်ဆောင်သွားတာက အကောင်းဆုံးပါပဲ။
၂။ တစ်ရက်ချင်းစီအတွက် ဘယ်အချိန်ဘာလုပ်ရမယ်ဆိုတာကို အချိန်စာရင်းဆွဲထားပါ။
ရက်သတ္တပတ် တစ်ပတ်ပြီးသွားပြီဆိုရင် နောက်တစ်ပတ်မှာလုပ်ရမယ့်အလု ပ်တွေအတွက်ကြိုပြီးတော့အချိ န်စာရင်းဆွဲထားဖို့လိုပါတယ် ။တစ်ပတ်လုံးစာလုပ်ရမယ့်အရေး တကြီးလုပ်စရာတွေအပြင်ဘယ်နေ့ မှာ ဘာလုပ်ရမယ်ဆိုတာ တစ်ရက်ခြင်းစီကိုပါ ကြိုပြီးစီစဉ်ထားဖို့သင့်ပါ တယ်။
အစီအစဉ်တွေကို ဒိုင်ယာရီစာအုပ်သေးသေးမှာပဲ ဖြစ်ဖြစ်ရေးထားတာဖြစ်ဖြစ်၊ ဖုန်းမှာ application တစ်ခုခုနဲ့ဖြစ်ဖြစ် မှတ်ထားပြီးတော့အမြဲတမ်းစစ် ဆေးပြီးလုပ်ဆောင်သင့်ပါတယ်။ လုပ်စရာတစ်ခုအတွက်ပေးရမယ့် အချိန်ကိုကြိုတင်မှန်းဆ ထားသင့်ပါတယ်။
၃။ နေ့တစ်နေ့ကို စောစောစတင်ပါ။
အရေးအကြီးဆုံးကတော့ နံနက်စောစောထဖို့ပါပဲ။ပြီးေ တာ့ အိပ်ချိန်ကိုလည်းအနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ ရအောင်အိပ်သင့်ပါတယ်။နံနက်ထ ပြီဆိုတာနဲ့ ကြိုရေးထားတဲ့ နေ့တစ်နေ့အတွက်လုပ်ရမယ့် အစီအစဉ်တွေကို ကြည့်ထားရပါမယ်။ ချထားတဲ့အစီစဉ်တွေကိုနေ့တစ် နေ့အတွင်းမှာ ပြီးဆုံးအောင်လုပ်နိုင်အောင်ကြိုးစားပါ။
၎။ Multi-tasking လုပ်နိုင်အောင်သင်ယူပါ။
အချိန်ကုန်သက်သာပြီးတော့ အလုပ်များများပြီးစီးနိုင်ဖို့ဆိုရင် တစ်ချိန်တည်းမှာအလုပ်နှစ်ခု သုံးခုကိုလုပ်နိုင်ဖို့လိုအ ပ်ပါတယ်။တစ်ချိန်တည်းမှာ လုပ်လို့ရတဲ့အလုပ်တွေကိုလုပ်သွားမယ်ဆိုရင် အချိန်ကုန်သက်သာပြီးတော့ ကျန်တဲ့အချိန်တွေကို တစ်ခြားကိစ္စတွေမှာအသုံးချနိုင်မှာဖြစ်ပါတယ်။ ဥပမာ- အလုပ်ကိစ္စတစ်ခုအတွက်သွားနေတုန်း ကားပေါ်မှာ အီးမေးလ်စစ်တာ၊ပို့တာမျိုြး ဖစ်ပါတယ်။.
၅။ အတားအဆီးတွေအတွက်ကြိုတင်ပြင်ဆင်ထားပါ။
တစ်ခါတစ်လေကျရင် ကိုယ်စီစဉ်ထားတဲ့အလုပ်တွေဟာ အချိန်အကန့်အသတ်နဲ့ ဖြစ်ပေမယ့်၊ မထင်မှတ်ထားတဲ့ကိစ္စတွေပေါ်လာ နိုင်တဲ့အတွက် ကြိုပြင်ဆင်ထားသင့်ပါတယ်။ဖု န်းလာတာ၊ မထင်မှတ်ထားပဲ ဧည့်သည်လာတာ တို့ဟာ ကိုယ့်အစီအစဉ်တွေကိုနှောင့် နှေးစေနိုင်ပါတယ်။
ဒါကြောင့်လုပ်ဆောင်စရာ တစ်ခုစီအတွက် အချိန်သတ်မှတ်မယ်ဆိုရင် ဒီလိုမျိုး
နှောင့်နှေးမှုတွေအတွက် အချိန်ကြိုတွက်ထားသင့်ပါတယ် ။အကောင်းဆုံးကတော့ လုပ်စရာတွေရှိနေရင် ဆိုရှယ်မီဒီယာတွေ၊ ဖုန်းတွေမသုံးတာအကောင်းဆုံး ပါပဲ။
၆။အချိန်မဆွဲပါနဲ့
အချိန်ဆွဲတာက ဘယ်တော့မ မကောင်းပါဘူး။ အလုပ်တစ်ခုကို အချိန်ဆွဲပြီး ပြီးသင့်တဲ့အချိန်မှာမပြီးဘူးဆိုရင် တစ်ခြားလုပ်စရာတွေနဲ့ စီစဉ်ထားတဲ့ကိစ္စတွေအကုန်လုံး နောက်ကျကုန်မှာဖြစ်ပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့အလုပ်တစ်ခု ဒါမှမဟုတ် အလုပ်တစ်ခုကိုလုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် နောက်မှလုပ်မယ်ဆိုပြီး ရွေ့ဆိုင်းတာမျိုးမလုပ်ပါနဲ့  ဖြစ်နိုင်သလောက် မြန်မြန်ပြီးအောင်လုပ်နိုင် အောင်ကြိုးစားပါ။ ပြီးနိုင်ဖို့ခက်ခဲနေမယ်ဆို ရင် လည်း တစ်ပိုင်းချင်းစီဖြစ်ဖြစ် ခွဲပြီးတော့ တစ်ခုခြင်းပြီးအောင်လုပ်ပါ။
၇။ ကိုယ်ပိုင်အချိန်ထားပါ။
လုပ်ဆောင်စရာ တစ်ခုနဲ့တစ်ခုကြားမှာ ပုံမှန်အနားယူပါ။ ပုံမှန်အနားယူခြင်းကြောင့် လန်းဆန်းနေစေပြီးတော့ အရမ်းပင်ပန်းနွမ်းနယ်တာမျိုးဖြစ်မှာမဟုတ်ပါဘူး။ နေ့တစ်နေ့ပြီးဆုံးသွားပြီဆိုရင်လည်း သေချာအနားယူ၊စောစောအိပ်မှာ နောက်တစ်နေ့မှာ လုပ်ငန်းဆောင်တာတွေကို လန်းဆန်းတက်ကြွစွာလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။
ဓာတ်ပုံ-successtory
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
successtory
လူတစ်ယောက်မှာထားရှိတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကိုရောက်ရှိနို
အောင်မြင်မှုပန်းတိုင်ကိုရော
လူတိုင်းဟာ တစ်နေ့ကို ၂၄ နာရီပဲရှိတာဖြစ်ပါတယ်။ငွေဘယ
အချိန်စီမံခန့်ခွဲတတ်ဖို့အတ
၁။ လုပ်ဆောင်ရမယ့်အရာတွေထဲကမှ ဦးစားပေးရမယ့်အရာတွေကိုချမ
ဒီအပတ်ထဲမှာလုပ်စရာတွေအများ
၂။ တစ်ရက်ချင်းစီအတွက် ဘယ်အချိန်ဘာလုပ်ရမယ်ဆိုတာကိ
ရက်သတ္တပတ် တစ်ပတ်ပြီးသွားပြီဆိုရင် နောက်တစ်ပတ်မှာလုပ်ရမယ့်အလု
အစီအစဉ်တွေကို ဒိုင်ယာရီစာအုပ်သေးသေးမှာပဲ
၃။ နေ့တစ်နေ့ကို စောစောစတင်ပါ။
အရေးအကြီးဆုံးကတော့ နံနက်စောစောထဖို့ပါပဲ။ၿပီးေ
၄။ Multi-tasking လုပ်နိုင်အောင်သင်ယူပါ။
အချိန်ကုန်သက်သာပြီးတော့ အလုပ်များများပြီးစီးနိုင်ဖ
၅။ အတားအဆီးတွေအတွက်ကြိုတင်ပြင
တစ်ခါတစ်လေကျရင် ကိုယ်စီစဉ်ထားတဲ့အလုပ်တွေဟာ
၆။အချိန်မဆွဲပါနဲ့
အချိန်ဆွဲတာက ဘယ်တော့မ မကောင်းပါဘူး။ အလုပ်တစ်ခုကို အချိန်ဆွဲပြီး ပြီးသင့်တဲ့အချိန်မှာမပြီးဘ
၇။ ကိုယ်ပိုင်အချိန်ထားပါ။
လုပ်ဆောင်စရာ တစ်ခုနဲ့တစ်ခုကြားမှာ ပုံမှန်အနားယူပါ။ ပုံမှန်အနားယူခြင်းကြောင့် လန်းဆန်းနေစေပြီးတော့ အရမ်းပင်ပန်းနွမ်းနယ်တာမျို
ဓာတ်ပုံ-successtory
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။