ဆယ်တန်းမအောင်တဲ့ လူငယ်များအတွက် အကြံပြုချက်တစ်ချို့
•••••••••••••••••••••••••• •••••••••••••••••••••••••• ••••••
၁။ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ သင်တန်းများတက်
စာလုံးဝကို သင်ချင်တဲ့ စိတ်မရှိဘူးဆိုရင် အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်သော သင်တန်းလေးတွေကို တက်စေလိုပါတယ်။ ဒါမှသာ ဘဝမှာ လုပ်ကိုင်စားသောက်ပြီး အသက်ရှင် ရပ်တည်နိုင်မှာပါ။
၂။ အလုပ်တစ်ခု ရွေး
ကမ္ဘာကျော် ပုဂ္ဂိုလ် စတီးဂျော့က ပြောဖူးတယ်။ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုရင် မိမိလုပ်နိုင်ပြီး မိမိချစ်မယ့် အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ခြင်းက ဘယ်တော့မှ အလုပ်ရှားမှာ မဟုတ်ပါဘူးတဲ့။
၃။ စိတ်ဓာတ်မကျနဲ့ ကြိုးစား
မိမိက ဆယ်တန်းမှ မအောင်တာဆိုနဲ့ စိတ်နဲ့ အားငယ်စရာ မလိုပါဘူး။ အခြားသော စီးပွားရေးတွေကို လုပ်ကြည့်ပါ။ ကြိုးစားပါ။ မပျင်းပါနဲ့။ အောင်မြင်ပါလိမ့်မယ်။
၎။ ကဲရဲ့ခြင်းတွေကို ခဏမေ့ထား
အောင်မြင်အောင် ကြိုးစားနေတဲ့ အချိန် အခြားသူတွေရဲ့ ကဲ့ရဲ့တာကို ခံချင် ခံရလိမ့်မယ်။ အဲလို ကဲ့ရဲ့တဲ့ သူတွေဟာ ကိုယ်အောင်မြင်တဲ့ တစ်နေ့ ကိုယ့်အောက် ရောက်သွားပါလိမ့်မယ်။
၅။ စိတ်ဝင် တစားလုပ်၊ လော့ သင်ယူ
မိမိက ဆယ်တန်းလည်း မအောင် အခြား အလုပ်တွေလည်း စိတ်မဝင်စား လေ့လာမူ မရှိ ဘူးဆိုရင်တော့ မိမိဘဝဟာ ဟိုးအနိမ့်ဆုံးသို့ ကျသွားပါလိမ့်မယ်။ ဒါကြောင့် မိမိဘဝကို ပေါ့ပေါ့လေးနဲ့တော့ မဖြတ်ကျော်ပါနဲ့။ အရာရာကို အလေးအနက်ထားပါ။
www.pyittinehtaung.com
••••••••••••••••••••••••••

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။