Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 5, 2016

Scott Kelly သို့မဟုတ် အထီးကျန်ဆုံးလူသား

Scott Kelly သို့မဟုတ် အထီးကျန်ဆုံးလူသား
-------------------------------------------------------
၂ဝ၁၆ခုနှစ် မတ်လ ၂ရက်နေ့မှာ နာဆာအာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ Scott Kelly တစ်ယောက် ကမ္ဘာမြေပြင်ပေါ် ဘေးကင်းစွာဆင်းသက်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှာ ရက်ပေါင်း (၃၄ဝ)ရက်နေခဲ့သူဖြစ်တယ်။ Scott Kelly ဟာ ပထမအကြိမ်တုန်းက အာကာသစခန်းမှာ နှစ်ဝက်လောက်နေခဲ့ဖူးသူမို့ သူဟာ မိုးပေါ်မှာအကြာဆုံး (ရက်ပေါင်း ၅၂၂ရက်)နေခဲ့တဲ့ ပထမဆုံးအမေရိကန်နိုင်ငံသားဖြစ်တယ်။ တစ်နည်းပြောရရင် အထီးကျန်ဆုံးလူသားဖြစ်တယ်။

လူသူကင်းမဲ့တဲ့အာကာသစခန်းမှာ ရက်အကြာဆုံးနေခဲ့သူမို့ သူ့စိတ်နှလုံးကလည်း သာမန်ထွားကြိုင်တယ်လို့ဆိုရမယ်။ ကမ္ဘာ့အမြင့်ဆုံးနေရာမှာနေပြီး နေ့တိုင်းသူပေးပို့လာမယ့် ရုပ်ပုံတွေကိုကြည့်ရှုဖို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ကြတယ်။

အမေရိကန်သမ္မတအိုဘားမားကတောင် သူနဲ့အပြန်အလှန် မက်ဆေ့တွေပေးပို့ပြီး စောင့်ကြည့်ခဲ့တယ်။

Scott Kelly ကို ၁၉၆၄ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နယူးဂျာစီပြည်နယ်မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အမွှာအစ်ကိုဖြစ်တဲ့ Mark က သူ့ထက်၆မိနစ်စောမွေးဖွားခဲ့တယ်။ သူ့မိဘနှစ်ပါးက စစ်တပ်ကအရာရှိတွေဖြစ်တယ်။

အမွှာညီအစ်ကိုပီပီ သူတို့ဟာ အတူဆော့ကစားတယ်၊ အတူကြီးပြင်းတယ်၊ ကျောင်းအတူတက်တယ်။ နှစ်ယောက်စလုံးက စစ်သားလုပ်ဖို့ ဝါသနာပါကြတယ်။ တက္ကသိုလ်တက်တော့ ရေတပ်တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။
ကျောင်းပြီးတော့ ညီအစ်ကိုနှစ်ယောက်စလုံး ရေတပ်စခန်းမှာ လေယာဉ်တင်သင်္ဘောမောင်းနှင် သင်တန်းတက်ခဲ့တယ်။ နှစ်ယောက်အတူ လေယာဉ်မှူးလုပ်ခဲ့ကြတယ်။ အဲဒီနောက် NASAမှာ အတူတကွ အလုပ်ဝင်ခဲ့ကြတယ်။ ဒါဟာ စိတ်ကူးထဲက အမွှာတွေရဲ့ စိတ်တူကိုယ်တူကြီးပြင်းပုံပဲဖြစ်မယ် ထင်ပါတယ်။

ညီအစ်ကိုနှစ်ယောက် အတူမွေးဖွားကြတယ်၊ အတူသင်ယူကြတယ်၊ အတူတိုးတက်ရှင်သန်ကြတယ်။ အမြင့်ပေါ်ပျံသန်းတဲ့နေရာမှာ Scott က အာကာသထဲထိပျံသန်းဖို့ ပိုစိတ်ဝင်စားခဲ့တယ်။

သူတို့နှစ်ယောက်လုံးဟာ လေယာဉ်မောင်းမာစတာဘွဲ့ကို ရရှိထားကြသူတွေပါ။ ခေါင်းပေါ်ကဆံပင်တွေကိုပါ သိပ္ပံပညာအတွက် ရင်းနှီးမြှုပ်နှံခဲ့သူတွေဖြစ်တယ်။

မိုးပေါ်ပဲတက်ချင်နေခဲ့တဲ့ Scott မှာ သမီးနှစ်ယောက်ရှိပြီး ဇနီးနဲ့ကွာရှင်းထားသူဖြစ်တယ်။

ဇနီးနဲ့ကွာရှင်းထားလို့ သူလည်း အားအားနေသူမဟုတ်ပါဘူး... NASAရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိတစ်ဦးနဲ့ ချစ်ကြိုက်နေတာ ငါးနှစ်ရှိနေပါပြီ။ နှစ်ယောက်သား အမြဲတပူးတွဲတွဲပါပဲ။ နာဆာရဲ့အမိန့်နဲ့ Scott တစ်ယောက် မိုးပေါ်တစ်နှစ်လောက်တက်နေရတော့မယ်ဆိုတော့ ဒီတစ်နယ်တစ်ကျေး အချစ်အကွာအဝေးဟာ ကမ္ဘာပေါ်မှာ ဘာအရာနဲ့မှ တုနှိုင်းမယှဉ်သာတဲ့ အကွာအဝေးဖြစ်ခဲ့ပါတယ်။

ဘာကြောင့် စကော့ထ်ကို မိုးပေါ်လွှတ်ဖို့ နာဆာရွေးခဲ့သလဲဆိုတာ အကြောင်းရှိပါတယ်။ စကော့ထ်နဲ့ သူ့အစ်ကိုမတ်ခ်ကို တစ်ယောက်က မိုးပေါ်မှာနေ၊ တစ်ယောက်ကမြေပြင်ပေါ်မှာနေပြီး တစ်နှစ်တာအတွင်း မိုးပေါ်နေသူ၊ မြေပြင်နေသူ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘာများပြောင်းလဲသွားမလဲဆိုတဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ပဲဖြစ်တယ်။

အရင်တုန်းက အာကာသမှူးတွေက အာကာသစခန်းမှာ နှစ်ဝက်လောက်နေပြီး မြေပြင်ပေါ်ဆင်းသက်ခဲ့ကြတယ်။ စကော့ထ်လည်း အရင်က နှစ်ဝက်နေခဲ့ဖူးတယ်။ ဒီတစ်ကြိမ်မှာတော့ ခန္ဓာကိုယ်ပြောင်းလဲမှုကိုစမ်းသပ်ချင်လို့ အင်္ဂါဂြိုလ်(Mars)သွားဖို့ စိတ်ကူးရှိလို့ တစ်နှစ်လောက်နေခဲ့တယ်။ (အင်္ဂါဂြိုလ်ကို အသွားခရီးနဲ့တင် ၂နှစ်ကျော်လောက်ကြာတယ်တဲ့)

အစ်ကိုဖြစ်သူ မတ်ခ်ကတော့ “အိမ်ငယ်လေးတစ်ခုထဲမှာနေပြီး တစ်နေ့လုံး စမ်းသပ်လိုက်၊ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်လိုက်နဲ့.. ငါတော့ မခံနိုင်ဘူး”လို့ဆိုခဲ့တယ်။ ဒါတွေဟာ စကော့ထ်အတွက်တော့ အသေးအမွှားပါတဲ့။ မိုးပေါ်မှာနေခဲ့တဲ့အကြာဆုံး ကမ္ဘာ့လူသားဖြစ်ဖို့ တခြားလူထက်တော့ခံနိုင်ရည်ရှိရမယ် မဟုတ်ပါလား…

မိုးပေါ်တက်ဖို့ လေ့ကျင့်ခန်းယူနေကတည်းက စကော့ထ်ဟာ twitter အကောင့်တစ်ခုဖွင့်ခဲ့တယ်။ မိုးပေါ်သွားခဲ့တဲ့ ခရီးစဉ်တွေကိုရေးခဲ့တယ်။ မိုးပေါ်မတက်ခင် ရှေ့တစ်နှစ်မှာ သူ့ချစ်သူကိုနှုတ်ဆက်ပြီး ကမ္ဘာ့လူသူကင်းမဲ့ဆုံးနေရာကိုသွားပြီး အထီးကျန်လူသားလုပ်ဖို့ သူပြင်ဆင်ခဲ့တယ်။

စကော့ထ်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှူးပါ။ သူ့လက်အောက်မှာ ရုရှားအာကာသယာဉ်မှူးတစ်ဦးပဲရှိပါတယ်။ မနက်မိုးလင်းတာနဲ့ စမ်းသပ်မှုအမျိုးမျိုး သူတို့ပြုလုပ်ကြတယ်။ လေဟာနယ်မှာ လမ်းလျှောက်တယ်၊ လိုအပ်တဲ့ပစ္စည်းလာပို့တဲ့ အာကာသယာဉ်မှူး ၈ဦးကို ကြိုဆိုခဲ့တယ်။ ချွတ်ယွင်းတဲ့စက်ပစ္စည်းတွေကို ပြင်ဆင်ခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်နဲ့လုပ်ရတဲ့ အလုပ်ချင်းကတူပေမယ့် စကော့ထ်ကတမူထူးခဲ့တယ်။ သူက selfie ဘုရင်ပါ။ မိုးပေါ်မှာလုပ်တဲ့အလုပ်မှန်သမျှ အလုပ်ကြီးအကိုင်ကြီးပါပဲ။ ဒါကြောင့် ဘာလုပ်လုပ် သူ selfie ဆွဲပါတယ်။ အိပ်တဲ့နေရာ၊ စားတဲ့အစားအစာ၊ ကိုယ်တိုင်ကာကွယ်ဆေးထိုးတာ၊ ရေစက်နဲ့ ဆော့ကစားတာ၊ အာကာသမှာစိုက်ပျိုးထားတဲ့ ပထမဆုံးပန်းတစ်ပွင့်အကြောင်း၊ အခြားလက်တွေ့စမ်းသပ်မှုအသစ်အသစ်တွေကို သူ selfie ဆွဲပြီး တင်ခဲ့ပါတယ်။

တစ်နှစ်လောက် အိမ်တွင်းအောင်းနေတာတောင် သူ့ခန္ဓာကိုယ်ပုံပျက်မသွားခဲ့ပါဘူး။ အချိန်နာရီ ၇ဝဝကျော် သူလေ့ကျင့်ခန်းလုပ်ခဲ့သလို စက်ဘီးစက်ပေါ်မှာ ကီလိုမီတာပေါင်း ၁၁ဝဝ သူနင်းခဲ့ပါတယ်။ အိမ်ပြန်ဖို့ရက်တွေကို တစ်နေ့တစ်နေ့ တွက်ချက်ခဲ့ပါတယ်။

တစ်ဘက်မှာ ကမ္ဘာမြေကိုလွမ်းမောရင်း တစ်ဘက်မှာကမ္ဘာမြေကြီးရဲ့ မနက်နေထွက်၊ ညနေနေဝင်တဲ့ပုံရိပ်တွေ၊ ကမ္ဘာမြေကြီးပေါ်က မြို့တွေ၊ ရာသီဥတုအပြောင်းအလဲ၊ တောင်တန်းတွေကို သူရိုက်ကူးပြီး သူ့အကောင့်မှာတင်ခဲ့ပါတယ်။

ဟိမဝန္တာတောင်တန်းပေါ်မှာ နှင်းတွေနည်းနေပြီဆိုတဲ့အကြောင်း စကော့ထ်ပြောခဲ့ပါသေးတယ်။

လူသားတွေရဲ့ရှာဖွေတွေ့ရှိမှုထဲမှာ အင်တာနက်ရဲ့ဝန်ဆောင်မှုက အံ့မခန်းပါပဲ။ စကော့ထ်ဟာ အာကာသကနေပြီး သူ့ရဲ့တစ်နယ်ခြားချစ်သူနဲ့ ဆက်သွယ်ခဲ့တယ်။ နှစ်ယောက်သား ခေါင်းစဉ်တစ်ခုရွေးပြီး ဟိုကမ္ဘာခြမ်းနဲ့ ဒီကမ္ဘာခြမ်းက လှုပ်ရှားမှုပုံရိပ်ကို တစ်ကမ္ဘာလုံးကလူတွေအားကျဖို့ ရိုက်တင်ခဲ့ကြတယ်။ (ခေါင်းစဉ်တစ်ခုရွေးတယ်ဆိုတာ.. ဥပမာ- အစားစားနေပုံဆိုရင် နှစ်ယောက်သား ကိုယ်စားနေတဲ့အစားအစာကို ရိုက်ပြီး တွဲတင်တယ်။ လေ့ကျင့်ခန်းလုပ်နေပုံဆိုရင် လုပ်နေတဲ့လေ့ကျင့်ခန်းမတူချင်နေ ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းပုံကိုရိုက်ပြီး တွဲတင်ကြတယ်။ တစ်မြေစီခြား ဝေးကွာနေတဲ့ချစ်သူတွေ အဲဒီလို စမ်းကြည့်လို့ရတယ်.. ပျော်စရာကောင်းမယ်လို့ ထင်တယ် tongue emoticon )

စကော့ထ်ဟာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာနေပြီး နေ့တိုင်း twitterပေါ် ပုံတွေရိုက်တင်ခဲ့တယ်။ စိတ်ရဲ့သန်မာကြံ့ခိုင်မှုကို စိန်ခေါ်ခဲ့သလို၊ အထီးကျန်တဲ့နေ့နေ့ညညများစွာဖြတ်သန်းပြီး အာကာသမှာရက်အကြာဆုံးနေနိုင်ခဲ့တဲ့ အာကာသယာဉ်မှူးတစ်ဦးအဖြစ်လည်း စိန်ခေါ်ခဲ့တယ်။

ဒါဟာ အာကာသစူးစမ်းလေ့လာရေးမှာ လူသားတို့ရှေ့ဆက်လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းသစ်ပဲဖြစ်တယ်။ လူသားမျိုးနွှယ်အားလုံးကို ကိုယ်စားပြုတဲ့ ထူးခြားဆန်းကြယ်မှုတစ်ခုပဲဖြစ်တယ်။ အာကာသဟာ စမ်းသပ်လို့မကုန် ခန့်မှန်းလို့မရနိုင်အောင် နက်နဲကျယ်ပြန့်လွန်းတယ်။ ဒါကို စကော့ထ်က တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ရလဒ်နဲ့ ထူးခြားဆန်းကြယ်မှုတွေကို လူသားတွေအတွက် ပေးဆပ်နိုင်ခဲ့ပါတယ်။

-----
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ (March. 5. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။