#တန်ဖိုးရှိသူဟာ #အဖိုးတန်စကားကိုဆိုပါတယ်။
အမေစုနဲ့ တွေ့ခွင့်ရတဲ့အချိန်တိုင်း မှတ်သားစရာစကား၊ အဖိုးတန်စကားတွေ ကြားခဲ့ရတာချည်းပါပဲ။ အခုလည်း အမေစုရေးပေးဖူးတဲ့ အမှတ်တရ စာစုလေးအကြောင်း ပြောပြပါရစေ။ အဲဒီ အဖိုးတန် အမှတ်တရ စာစုလေး ကို ၉-၁-၂၀၁၂ နေ့က အမေစုခြံထဲမှာ ပထမဆုံးအကြိမ် တက်ခွင့်ရတဲ့ ညစာစားပွဲလေးမှာ ရခဲ့တာပါ။
သျှီတို့ အနုပညာမောင်နှမတွေ ပါဝင်သီဆိုခဲ့တဲ့ ပညာရေးရန်ပုံငွေပွဲ (ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲ)မှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုကျင်းပပေးခဲ့တဲ့ ပွဲလေးပါ။ အဲဒီနေ့မှာ အမေနဲ့များ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ရင်တော့ အမေ့လက်မှတ်လေး ထိုးခိုင်းမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်ခဲ့တာကလည်း စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ သျှီ့ဘ၀မှာ အမှတ်တရရှိခဲ့တဲ့ အဖိုးတန် သီချင်းစာသားဘောင်လေး ပါ။ အဲဒီအရာလေးကတော့ “ကယ်တင်ခြင်း” သီချင်းစာသားဖြစ်ပြီး မူရင်းရေးသားခဲ့တဲ့ သျှီရဲ့ဆရာ ဆရာဝင်းမင်းထွေးရဲ့ လက်ရေးမူလေးပဲ ဖြစ်ပါတယ်။
အဲဒီ သီချင်းစာသားလက်ရေးမူလေးဟာ သျှီ့အတွက် တန်ဖိုးရှိတဲ့ အရာလေးမို့ သျှီ့အိပ်ခန်းနံရံလေးမှာ အမှတ်တရ ချိတ်ထားခဲ့တာပါ။
အဲဒီနေ့ ၉-၁-၂၀၁၂ ဂုဏ်ပြုညစာစားပွဲတက်ရင်း သီချင်းစာသားဘောင်လေး ယူခဲ့ပြီး ကံကောင်းစွာ အခွင့်အရေးရခဲ့တာမို့ အခုပြောပြချင်တဲ့ စာစုလေးကို သီချင်းစာသားလေးနဲ့အတူ သျှီ့အခန်းနံရံမှာ ချိတ်ဆွဲခွင့်ရခဲ့ပါတယ်။
အမေစုရေးပေးခဲ့တဲ့ စာသားလေးကတော့ ...
#တကယ်တန်ဖိုးထားတဲ့အရာအတွက်
#ဘယ်လောက်ကြာကြာစောင့်ရစောင့်ရ”
#မေတ္တာဖြင့် . . .
#အောင်ဆန်းစုကြည်
ဆိုတဲ့ အဖိုးတန် စာသားလေးတွေပါပဲ ... ။
ကျွန်မတို့ခေါင်းဆောင်ဟာ ပြောသလို လုပ်ခဲ့ပြီး တကယ်လုပ်နိုင်တာကိုပဲ ပြောတတ်ပါတယ်။ သူမ တကယ် တန်ဖိုးထားတဲ့ မြန်မာပြည်ကြီး၊ ပြည်သူများနဲ့ တရားမျှတသော ဒီမိုကရေစီစနစ်ကြီး တစ်သားတည်း တည်ဆောက်နိုင်ဖို့ ဘယ်လောက်ကြာကြာ အခွင့်အရေးကို မလွတ်တမ်း ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ စောင့်စားခဲ့တယ်ဆိုတာကိုလည်း ပိုမိုနားလည်ခဲ့ရပါတယ်။
အခုလည်း နောင်လာနောက်သားတွေအတွက် ဒီစကားစုလေးနဲ့ လမ်းပြပေးလိုက်သလိုပါပဲ။ အထူးသဖြင့် သျှီ တစ်ခုခုကိုလုပ်ရင်း လက်လျှော့မိတော့မယ်ဆိုရင် အမေရေးပေးဖူးတဲ့ ဒီစကားစုလေးကို အမှတ်ရရင်း ပြန်လည်ကြိုးစားသည်းခံစောင့် ဆိုင်းနိုင်လာပါတယ်။
ခေါင်းဆောင်ကောင်းရဲ့ အဖိုးတန်စကားများကို အမှတ်ရရင်း ဒီစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေ ...
“အမျိုးမှန်သူကလည်း အဖိုးတန်စကားကို ဆိုခဲ့ပါတယ်။”
ပြည်သူတွေအပေါ် ရင်ဝယ်သားလို မေတ္တာထားဆက်ဆံတတ်သော
အမေစု ...
ကျန်းမာပါစေ
စိတ်ချမ်းသာပါစေ
ဘုန်းကြီးလို့ အသက်ရှည်ပါစေ
ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး
သံသရာတိုတိုဖြင့် နိဗ္ဗာန်ရွှေပြည်ကို အရောက်လှမ်းနိုင်ပါစေ ...
မေတ္တာဖြင့်
သမီး
#သျှီ
"လူထုရဲ့ခေါင်းဆောင်အတွက် သူတို့ရင်ထဲမှစကားများ"
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
အမေစုနဲ့ တွေ့ခွင့်ရတဲ့အချိန်တိုင်း မှတ်သားစရာစကား၊ အဖိုးတန်စကားတွေ ကြားခဲ့ရတာချည်းပါပဲ။ အခုလည်း အမေစုရေးပေးဖူးတဲ့ အမှတ်တရ စာစုလေးအကြောင်း ပြောပြပါရစေ။ အဲဒီ အဖိုးတန် အမှတ်တရ စာစုလေး ကို ၉-၁-၂၀၁၂ နေ့က အမေစုခြံထဲမှာ ပထမဆုံးအကြိမ် တက်ခွင့်ရတဲ့ ညစာစားပွဲလေးမှာ ရခဲ့တာပါ။
သျှီတို့ အနုပညာမောင်နှမတွေ ပါဝင်သီဆိုခဲ့တဲ့ ပညာရေးရန်ပုံငွေပွဲ (ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲ)မှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုကျင်းပပေးခဲ့တဲ့ ပွဲလေးပါ။ အဲဒီနေ့မှာ အမေနဲ့များ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ရင်တော့ အမေ့လက်မှတ်လေး ထိုးခိုင်းမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်ခဲ့တာကလည်း စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ သျှီ့ဘ၀မှာ အမှတ်တရရှိခဲ့တဲ့ အဖိုးတန် သီချင်းစာသားဘောင်လေး ပါ။ အဲဒီအရာလေးကတော့ “ကယ်တင်ခြင်း” သီချင်းစာသားဖြစ်ပြီး မူရင်းရေးသားခဲ့တဲ့ သျှီရဲ့ဆရာ ဆရာဝင်းမင်းထွေးရဲ့ လက်ရေးမူလေးပဲ ဖြစ်ပါတယ်။
အဲဒီ သီချင်းစာသားလက်ရေးမူလေးဟာ သျှီ့အတွက် တန်ဖိုးရှိတဲ့ အရာလေးမို့ သျှီ့အိပ်ခန်းနံရံလေးမှာ အမှတ်တရ ချိတ်ထားခဲ့တာပါ။
အဲဒီနေ့ ၉-၁-၂၀၁၂ ဂုဏ်ပြုညစာစားပွဲတက်ရင်း သီချင်းစာသားဘောင်လေး ယူခဲ့ပြီး ကံကောင်းစွာ အခွင့်အရေးရခဲ့တာမို့ အခုပြောပြချင်တဲ့ စာစုလေးကို သီချင်းစာသားလေးနဲ့အတူ သျှီ့အခန်းနံရံမှာ ချိတ်ဆွဲခွင့်ရခဲ့ပါတယ်။
အမေစုရေးပေးခဲ့တဲ့ စာသားလေးကတော့ ...
#တကယ်တန်ဖိုးထားတဲ့အရာအတွက်
#ဘယ်လောက်ကြာကြာစောင့်ရစောင
#မေတ္တာဖြင့် . . .
#အောင်ဆန်းစုကြည်
ဆိုတဲ့ အဖိုးတန် စာသားလေးတွေပါပဲ ... ။
ကျွန်မတို့ခေါင်းဆောင်ဟာ ပြောသလို လုပ်ခဲ့ပြီး တကယ်လုပ်နိုင်တာကိုပဲ ပြောတတ်ပါတယ်။ သူမ တကယ် တန်ဖိုးထားတဲ့ မြန်မာပြည်ကြီး၊ ပြည်သူများနဲ့ တရားမျှတသော ဒီမိုကရေစီစနစ်ကြီး တစ်သားတည်း တည်ဆောက်နိုင်ဖို့ ဘယ်လောက်ကြာကြာ အခွင့်အရေးကို မလွတ်တမ်း ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ စောင့်စားခဲ့တယ်ဆိုတာကိုလည်
အခုလည်း နောင်လာနောက်သားတွေအတွက် ဒီစကားစုလေးနဲ့ လမ်းပြပေးလိုက်သလိုပါပဲ။ အထူးသဖြင့် သျှီ တစ်ခုခုကိုလုပ်ရင်း လက်လျှော့မိတော့မယ်ဆိုရင် အမေရေးပေးဖူးတဲ့ ဒီစကားစုလေးကို အမှတ်ရရင်း ပြန်လည်ကြိုးစားသည်းခံစောင်
ခေါင်းဆောင်ကောင်းရဲ့ အဖိုးတန်စကားများကို အမှတ်ရရင်း ဒီစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါရစေ ...
“အမျိုးမှန်သူကလည်း အဖိုးတန်စကားကို ဆိုခဲ့ပါတယ်။”
ပြည်သူတွေအပေါ် ရင်ဝယ်သားလို မေတ္တာထားဆက်ဆံတတ်သော
အမေစု ...
ကျန်းမာပါစေ
စိတ်ချမ်းသာပါစေ
ဘုန်းကြီးလို့ အသက်ရှည်ပါစေ
ကောင်းကျိုးလိုရာဆန္ဒများပြည
သံသရာတိုတိုဖြင့် နိဗ္ဗာန်ရွှေပြည်ကို အရောက်လှမ်းနိုင်ပါစေ ...
မေတ္တာဖြင့်
သမီး
#သျှီ
"လူထုရဲ့ခေါင်းဆောင်အတွက် သူတို့ရင်ထဲမှစကားများ"
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။