အပျိုလေးမို့ပါရှင် ( တခန်းရပ် ဟာသ )
တိုက်နယ်ဆေးရုံကလေးသို့လှည်းတစ်စီးနှင့်
တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။
အသက်အရွယ် ငယ်ငယ်ဖြစ်သည်။ နုနယ် ပျိုမြစ်သောအရွယ်မိန်းကလေး လူနာမှာတော၏
သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာ ဓားစက်ထိသွား၏။ သွေးများအထွက်လွန်ကာ
သတိပင် မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေ ခဲ့သည်။ အတော်ခေါင်သော ရွာမှ ဤ
တိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ
အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။
တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်းစဉ် အရ စမ်းသပ်ပြီးနောက် ဆရာဝန်က
လူနာ၏သွေးအမျိုး အစားကိုစစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော
အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက
“ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်” တဲ့။
ပေဖူးလွှာမဂ္ဂဇင်း
တိုက်နယ်ဆေးရုံကလေးသို့လှည်
“ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်” တဲ့။
ပေဖူးလွှာမဂ္ဂဇင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။