Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

"မိညိုထံသို့ရေးတဲ့စာ"


"မိညိုထံသို့ရေးတဲ့စာ"
****************

ဆေးရုံထဲက ဆေးကုသခတွေ ဈေးကကြီးတော့
ပြည်သူပိုင်ဈေးက လှေကားလက်ရမ်းတွေကို
ငါမကိုင်ဖြစ်ဘူးမိညို ဘီပိုးစီပိုးကူးမှာကြောက်လို့...

သူဌေးအိမ်ထဲက အမဲနှပ်နဲ့ ထမင်းလွေးနေတဲ့
စုတ်ဖွားခွေးလေးလောက် ငါ့ဘဝကဗစ်တာမင်
မပြည့်ဝလေတော့ မဆီမဆိုင်မျက်စိရှေ့ရောက်
နေတဲ့ ခိုလေးတွေကို
ခြောက်မောင်းခဲ့တယ်
ငါမှ အစာမကျွေးနိုင်တာ မိညို...



ဘုရားရှေ့မှာ ဘုရားနားငြီးအောင် ဂါထာတွေ
ရွတ်ပြီး အားရပါးရဆုတောင်းနေချိန်မှာ ငါ့ဘေး
မှာ ထိုင်နေတဲ့ ချိုင်းထောက်နဲ့ ဦးလေးကြီးကို
အားနာလိုက်တာဟယ်....

ငါစားတဲ့ထမင်းပန်းကန်ထဲ ဆံပင်မွေးတွေ့လို့
စိတ်ဆိုးမယ်ကြံတော့
မနက် နေ့ ညပေါင်းမှ
ထမင်းတစ်နှပ်စားရဖို့မသေချာတဲ့ သူတစ်ချို့ကို
သတိရသွားတယ်....

ငါ့ရေသန့်ဗူးကို
ရေခွက်နဲ့မသောက်ဘဲ
အလိုက်ကန်းဆိုးမသိ
ဒီအတိုင်းမော့ချလိုက်တဲ့သူကို
ငါမုန်းရမလား..
တစ်ရွာလုံးပေါင်းမှ
ရေတွင်းတစ်တွင်းမရှိတဲ့
ကျေးရွာကလူတွေ ငါ့ကိုရိုက်
ချင်ကြမှာနော်...

ဖွဘုတ်ပေါ်က လူမမြင်ဖူးဘဲ ရန်ဖြစ်နေကြတဲ့
အထဲ မိညို..... နင်ဘယ်ဖက်ကဝင်ပါမလဲဟင်
ငါစဉ်းစားနေတုန်း မိဘမဲ့မျက်မမြင်ကျောင်းက
ခုန်ပေါက်ဆော့ကစားနေတဲ့ ခလေးတွေကို
ပြေးမြင်ယောင်မိတယ် ...
ဖွဘုတ်ဆိုတာ သူတို့သိပါ့မလား....

နိုင်ငံတကာပတ်ပြီး ဈေးဝယ်ထွက်နေတဲ့ လူတန်း
စားတစ်ရပ်ထဲ ငါမပါလို့ငြီးတွားနေတုန်း အိမ်
ဘေးကလင်မယား ယောက်ျားလုပ်သူက ဈေးဖိုး
မပေးနိုင်လို့ ထသတ်နေသံကြားတယ်...

အားရပါးရအတင်းပြောပြီး အချိန်ကုန်သွားတဲ့
တစ်နေ့တာမှာ မနက်၎နာရီကတည်းက
စာကြည့်တိုက်ထဲ စာထိုင်ကြည့်နေတဲ့ ဟားဗက်တက္ကသိုလ်ကလူတွေအကြောင်း
ငါမသိဘူး မိညို...

ဒဏ်ရာတွေဝေဒနာတွေအကြောင်း ငါစဉ်းစား
နေတုန်း ကင်ဆာဆေးရုံပေါ်က အေးအေးဆေး
ဆေးနေရတဲ့သူနဲ့ မနေရတဲ့သူကိုတွေ့တော့
ငွေကြေးကွာဟမှု အဓိပ္ပါယ်ကို မသင်ဘဲတတ်
လာတယ်....

အချစ်အကြောင်းကို ရေကုန်ရေခန်းဖွဲ့နွဲ့နေသူ
တွေက ဆန်အိုးထဲမှာ ဆန်အပြည့်ရှိသူတွေသာ
ဖြစ်လိမ့်မယ်မိညို .....
ဇာတ်ကားတွေထဲမှာ
ဘက်စ်ကားပေါ်က ရိုမန်းတစ်အချစ် နင်မြင်ဖူး
လို့လားဟာ...

ငှက်ကလေးတွေ "တကျွီကျွီ"နဲ့မိုးသောက်ချိန်မှာ
လူတွေပြောတော့ သီချင်းဆိုနေတာတဲ့...မိညို
နင်စောစောစီးစီး
လက်ဖက်ရည်ဆိုင်က ပဲနံပြား
ဝယ်ရမယ့်အချိန် သီချင်းဆိုဖူးလားဟင်....

ဘာသာပြန်မဲ့တဲ့အနေအထားမှာ
ငွေကြေးနဲ့ အမှန်တရား
အလဲအထပ်လုပ်ခံရတဲ့ တရားရုံးက
အမှုတွဲက အဆိုးဆုံးပဲလို့ နင်ပြောမယ်မလား
မိညို ....အေ့လေ လူတွေပဲစကားတတ်တာကိုး

ပလက်ဖောင်းဘေးမှာ သပြွန်းဟင်းနဲ့သမထား
တဲ့ ထမင်းထုတ်ကို
အားရပါးရစားနေတုန်း
တစ်ဝက်တိတိကို ငါ့ကိုငေးနေတဲ့ ခလေးငယ်ရဲ့
ခွက်လေးထဲ ငါထည့်ပေးလိုက်တယ်.... မိညို

ခလေးငယ်အားရပါးရစားနေတုန်း ငါ့မျက်ဝန်းထဲ
မျက်ရည်တွေ မျက်ရည်တွေ အများကြီးပဲ
သူစားတာပြီးတဲ့အထိ ငါမစောင့်တော့ဘူး
မနက်ဖြန်တိုင်းမှာ ဒီလိုမျက်ရည်တွေ ကျနိုင်ဖို့
ငါအလုပ်သွားလုပ်တော့မယ်.....

မိညို ...နင်သိသလား????? မျက်ရည်အမျိုး
အစားဘယ်လောက်ရှိသလဲ ဆိုတာကိုပေါ့...

ဝမ်းနည်းလို့ ဝမ်းသာလို့ ငရုတ်သီးစပ်လို့ မျက်စိ
နာလို့ အမျိုးမျိုးသော မျက်ရည်တွေကြားမှာ
ငါဒီနေ့ကျတဲ့မျက်ရည်က ချိုမြန်လိုက်တာဟာ..

ဒါပေမယ့်ငါစဉ်းစားနေတဲ့အထဲ ဆွံ့အနားမကြား
ခလေးတွေမှာ မျက်ရည်ကျမကျဆိုတာ မပါဘူး
မိညို.....

လောကမှာ သိလို့ဖြစ်တဲ့အကုသိုလ်ရယ် မသိလို့
ဖြစ်တဲ့ မောဟရယ် ဘယ်ဟာကပိုအပြစ်ကြီးလဲ
မိညို.....

မြင်နေကြားနေစားနေသွားနေရလို့ အကုသိုလ်
များနေမယ်ဆိုရင် "အငိုသန်တဲ့ခလေး နို့စို့ရ"ဆို
ပြီး စကားပုံအားမကိုးနဲ့ ...အငိုသန်တဲ့ခလေးက
လက်တွေ့မှာ အရိုက်ခံရတာချည်းပဲလေ။

"မနုဿတ္တဘာဝေါ ဒုလ္လဘော"

မဟူရာနတ်သမီး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။