ဖုန်းထဲမှာ ရုတ်တရက် ၀င်လာသော မက်ဆေ့ခ်ကြောင့် ကောက်ဖတ်ကြည့်လိုက်မိတယ်။
-
“ မောင်… မနက်ဖြန် ညနေ ၅ နာရီမှာ ဆုံနေကျ ပြင်သူ့ရင်ပြင် အရှေ့မှာ ဆုံရအောင်” တဲ့။
ဝင်လာတဲ့ မက်ဆေ့ခ်ကို ဖတ်ပြီး ကျွန်တော် ကြည်းနူးမိသည်။ အလုပ်ပင်ပန်းတဲ့အခါတိုင်း ကျွန်တော့်ချစ်သူဆီက စာတွေဖတ်ပြီး အမောဖြေရသလို ရံဖန်ရံခါ ဖုန်းတွေနဲ့လည်း စကားပြောဖြစ်ပါတယ် ။
ကျွန်တော့်ထက် အများကြီး ငယ်ပေမဲ့ လူကြီးဆန်တဲ့ သူမကို ကျွန်တော် မြတ်နိုးစွာ ချစ်ရပါသည်။ ချစ်သူအပေါ် အရာရာကို နားလည်တတ်တဲ့
သူမနှင့် ဆုံဆည်းရတာ ကမာပေါ်မှာ ကျွန်တော် ကံအကောင်းဆုံး လူသားတစ်ယောက်လို့ သတ်မှတ်လေ့ရှိပါတယ်။ အခုလည်း အလုပ်တွေများပြီး ပင်ပန်းလာပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ အရမ်းပျော်သွားမိတယ်။ ဒီနေ့ည ပင်ပန်းတော့ ကျွန်တော်သာဆို ချိန်းဖြစ်မှာ မဟုတ်ပါဘူး။ တစ်နေကုန် အလုပ်ကိစ်စတွေ ပြောရတော့လည်း ညနေရောက်ရင် လူက ဖတ်ဖတ်မောပြီး ဘာမှဆက်မလုပ်ချင်တဲ့အထိ ပင်ပန်းသည်။ နိုင်ငံခြား company မှာ လုပ်ရတဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ pressure ကလည်း မသေးပါဘူး။ အရာရာကို တိကျသာ ကြိုက်နှစ်သက်တဲ့ သူတို့က နာလည်မှုကြီးပြီး မတိကျတဲ့ မြန်မာလူမျိုး တချို့နဲ့ အလုပ် စကားပြောရတိုင်း စိတ်ပင်ပန်းရသည်။ သတ်မှတ်တဲ့အချိန်မှာ ရလာဒ်ကိုသာ ကြည့်တတ်ပြီး ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် 
လွဲချော်မှုရှိခဲ့ရင် မပြီးဆုံးနိုင်သော ဆူပူမှုတွေကို မခံချင်တော့
ထောင့်စေ့အောင် ကြိုးစားပြီး လုပ်ရတယ်။ ဒီကြားထဲ နမော်နမဲ့နိုင်လွန်းတဲ့
ကိုယ့်အားနည်းချက်ကလည်း ရှိပြန်တော့ အားနည်းချက်မရှိအောင် ကြိုးစားရသည်မှာ
တကယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ လစာက ဒေါ်လာအများကြီးရတာမို့ ပင်ပန်းရကျို
းလည်း နပ်ပါတယ်။ ဘာလိုလိုနဲ့ ဒီနေ့တောင် (၁၃) ရက်ရှိသွားပြီ ။
မနက်ဖြန်ဆိုရင် ချစ်သူများနေ့ ရောက်တော့မယ် ။ မနက်ဖြန် စနေနေ့မို့
ကျွန်တော့်ရုံးက မပိတ်ပေမဲ့ ရုံးကိုတော့ အစကတည်းက ဒီနေ့ကို
ကြိုတင်ခွင့်ယူထားခဲ့တယ် ။
-
အမှန်တော့ ဒီနေ့ ကျွန်တော် ရုံးဆင်းချိန် နောက်ကျပါတယ်။ လုပ်စရာ ကိစ်စတွေ သိပ်မပြတ်သေးပါဘူး။ မနက်ဖြန် ခွင့်ယူထားတာမို့
ဒီနေ့ကို အပြီးအစီး သတ်နေတာပါ။ အခုတော့ ညနေ (၅) နာရီဆို ကျွန်တော့် ချစ်သူက ချိန်းထားတာမို့ အတတ်နိုင်ဆုံး ရောက်အောင် သွားရမယ် မဟုတ်လား။
သူ့ခမျာ မိန်းကလေးပေမဲ့ ကျွန်တော့်ကို ချစ်ရှာလွန်းလို့ ဒီရက်ပိုင်း သူကပဲ စတင်ချိန်းတာများပါတယ်။ ဒါကလည်း ကျွန်တော် မအားတာကို နားလည် ပေးတတ်တဲ့ ကျွန်တော့်ချစ်သူမို့လို့လေ ။
လုပ်စရာရှိတာကို အမြန်လက်စ သိမ်းရင်း လက်ထဲက နာရီကို ငုံ့ ကြည့်လိုက်တော့ ငါးနာရီစွန်းစွန်း ရှိနေပြီ။
-
ကားကိုလည်း အတတ်နိုင်ဆုံး အမြန်မောင်းပေမယ့် လမ်းကလည်း ပိတ်နေတဲ့အတွက် သူမဆီကို ညနေ ၆ နာရီ ထိုးကာနီးမှ ရောက်ပါတော့တယ်။
ရန်ကုန်- ပြည်လမ်းမကြီး ရွှေတိဂုံဘုရားကို မြင်နေရသည့် ပြင်သူ့ရင်ပြင်အရှေ့မှာတော့ ကျွန်တော့်ချစ်သူက ပလက်ဖောင်းမှာထိုင်ပြီး ရွှေတိဂုံဘက်ကို ငေးနေပါတယ်။
သူမအနား ရောက်တော့ ကျွန်တော်က “ အချစ် ရောက်နေတာ ကြာပြီးလား..၊ ဆောရီးနော် မောင် နည်းနည်း နောက်ကျသွားတယ်” ဆိုတော့
သူမက ကျွန်တော့်ကို နားလည်တဲ့ အကြည့်နဲ့ ပြန်ပြုံးပြပါတယ် ။ ကျွန်တော်လည်း သူမဘေးနားမှာ ထိုင်လိုက်ပြီး ထုံးစံအတိုင်း ပီကေကို ၀ါးနေပါတယ်။
-
သူမက ကျွန်တော့်ဘက်ကိုလည်း မကြည့်ဘဲ ပြင်သူရင်ပြင်ခြံဝင်းကနေ မြင်နေရတဲ့ ရွှေတိဂုံဘုရားကိုပဲ လှမ်းငေး နေပါတယ်။ ကျွန်တော်လည်း သူမလှမ်းကြည့်နေတဲ့
ရွှေတိဂုံဘုရားကို လှမ်းကြည့် လိုက်ပါတယ်။ ပြင်သူရင်ပြင် ခြံစည်းရိုးကနေ ရွှေတိဂုံ ဘုရားကို သပ်ပါယ်စွာ လှမ်းတွေ့နေရပါတယ်။ ညအမှောင်ကလည်း တဖြေးဖြေးမှောင်လာတာမို့ ရွှေရောင်တွေ ၀င်းထိန်လို့နေပါတယ်။
ခဏကြာတော့ ကျွန်တော့်ချစ်သူဆီမှ “ကျွန်မတို့ ရွှေတိဂုံဘုရား မရောက်ဖြစ်တာတောင် တော်တော်ကြာသွားပြီးနော် “ တဲ့ ၊ ဟုတ်ပါရဲ့ ။ ကျွန်တော်မအားတာနဲ့ မသွားဖြစ်သလို အားတဲ့ရက်တွေမှာလည်း
တစ်ခုခုသွားစားပြီး အချိန်ကုန်သွားတာ များနေတယ်။ ချစ်သူ့ဆီက ဒီလိုစကားကြားရတော့ စိတ်မကောင်းလည်း ဖြစ်မိသလို သူမကိုလည်း အားနာသွားမိတယ်။ ဒါပေမဲ့ အရာရာကို နားလည်ပေးတဲ့
သူမက ကျွန်တော့်ကို အပြစ်မမြင်ပါဘူး ။ ကျွန်တော့် အလုပ်အကြောင်းတွေကို သူမ မေးပါတယ်။ အလုပ်အကြောင်းမေးလာတော့လည်း အလုပ်နဲ့ ပတ်သက်ပြီး စိတ်ညစ်ရတဲ့ အကြောင်းတွေ၊
ကျွန်တော့်အလွဲတွေကို ပြောပြတော့ သူမက ရယ်ပါတယ်။ သူမရယ်နေတာကို ကြည့်ပြီး ကျွန်တော် ငေးကြည့်ပါတယ်။ ဒီကမာပေါ်မှာ သူမကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့တာ တော်တော်
ကံကောင်းတယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်နေပါတယ်။ ချစ်စရာကောင်းတဲ့သူမကို လှစ်ကနဲ နမ်းပစ်ချင်ပေမဲ့ လူမြင်ကွင်းမို့ သူမလက်ကိုပဲ ညင်သာစွာ ဆုပ်ကိုင်ထားလိုက်ပါတယ်။
-
ဒီလိုနဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ ညအမှောင်ထုကလည်း တဖြည်းဖြည်း မှောင်လာပါတယ်။ ထို့အတူ
တစ်နေကုန် အလုပ်လုပ်ထားတဲ့ ကျွန်တော့်ဗိုက်မှာလည်း သံစုံတီးဝိုင်း တွေကြားနေရပါပြီ။ ဒါပေမဲ့ သူမက တစ်ခုခု စားချင်တဲ့ အရိပ်အယောင် မပြသလို ဒီနေရာကနေလည်း ထသွားချင်ပုံလည်း မပေါ်ပါဘူး။
တချို့ စုံတွဲတွေကလည်း ကျွန်တော်တို့လိုပဲ ဒီနေရာမှာ လာထိုင်ကြပါတယ်။ လေကလည်း တော်တော်ကောင်းသလို အေးမြမှုလည်းရှိပါတယ်။ တကယ်ကို ထိုင်လို့ ကောင်းတဲ့ နေရာလေးပါ ။
တချို့ စုံတွေတွေက ညနည်းနည်း နက်လာတော့ ပြန်သွားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက် ထိုင်နေဆဲပါပဲ။ ကျွန်တော်တို့နှစ်ယောက် လက်ကလေးတွေ ဆုပ်ကိုင်ထားဆဲ။
ဒါပေမယ့် စကားမပြောဖြစ်ကြပါဘူး။ ရွှေတိဂုံ ဘုရားဘက်ကိုပဲ ငေးကြည့်နေကြပါတယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ သူမက လက်ကိုသိမ်းပြီး လေတိုက်လို့ ပါးပြင်ပေါ်မှာ ၀ဲကျနေတဲ့ ဆံစတွေကို သိမ်းလိုက်ပါတယ်။
ပြီးတော့… “ ကျွန်မ မောင့်ကို ပြောစရာ ရှိတယ်” ။ ကျွန်တော်ကလည်း “ အင်း.. အချစ် ပြောလေ၊ မောင် နားထောင်နေပါတယ် “။ သူမက ကျွန်တော့်မျက်နှာကို လှည့်ကြည့်တော့
ကျွန်တော်လည်း သူမမျက်နှာကို မျက်နှာချင်းဆိုင် ကြည့်လိုက်ပါတယ်။ ညအမှောင်ထဲမှာတောင် ကျွန်တော့်ချစ်သူရဲ့ မျက်နှာက လင်းနေသလိုပါပဲ။ အရမ်းကို လှတဲ့ ကောင်မလေးလို့ တွေးလိုက်ပါတယ်။
-
သူမက ကျွန်တော့်ကို ပြုံးပြရင်း မျက်လုံးထဲမှာ အလင်းတစ်ခု တွေ့လိုက်ရတယ်။ ဟင်.. သူမ မျက်ရည်ဝဲနေပါလား..။ ကျွန်တော့်ကို ပြုံးပြပြီး ၀ဲလာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှာ လိမ့်ကျလာတယ်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကျွန်တော်တော်တော်လေး စိုးရိမ်သလို တော်တော်လေးလည်း ထိတ်လန့်သွားပါတယ်။ သူမ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော့်ကို ကြည့်နေရင်းမှ
ခေါင်းကို ငုံ့ပြီး သူမ ငိုချလိုက်ပါတယ်။ သူမရုတ်တရက် ငိုတာတွေ့လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ နစ်နေအောင် ခံစားရပါတယ်။ သူမ ဘာတွေဖြစ်နေမလဲဆိုတာ ကျွန်တော်မသိပေမယ့်
သူမကို ရင်ခွင်ထဲထည့်ပြီး သိပ်လိုက်ပါတယ်။ သူမ ကျောကုန်းကို လက်နဲ့ ဖြည်းဖြည်းပွတ်ရင်း “ အချစ် ဘာဖြစ်တာလဲ.. မောင့်ကို ပြောပါဦး အချစ်ရယ်.. တိတ်..တိတ် မငိုနဲ့နော်..၊ မောင်ရှိတယ်၊ လူတွေလည်း ရှိသေးတယ် အချစ်ရဲ့..၊ ဘာဖြစ်တာလဲ မောင့်ကိုပြောပြ..နော်.. အချစ်၊ မောင်ရင်တွေ ထိတ်လိုက်တာ အချစ်ရယ်.. ပြောပါဦး အချစ်ဘာဖြစ်တာလဲဆိုတာ” ။ သူမက အသံကို တိတ်အောင် ထိန်းရင်း ငိုနေတာကိုတွေ့ရတော့ ကျွန်တော့်ရင်တွေ လောင်ကျွမ်းစေပါတယ်။ သူမက ဖက်ထားသော ကျွန်တော့် ကျောကို တင်းတင်ဖက်လိုက်ရင်းမှ ကျွန်တော့်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ မျက်နှာပေါ်မှ စီးကျတဲ့မျက်ရည်တွေကို ကျွန်တော် သုတ်ပေးမယ့်အလုပ်မှာပဲ သူမက ကမန်းကတန်းသုတ်ပစ်လိုက်တယ်။
ကျွန်တော့်ကို အားယူပြီး ပြုံးပြပေမယ့် သူမ မျက်ရည်တွေက တရဟော
ထွက်ကျလာတယ်။ သူမ ပါးစပ်က တစ်ခုခု ပြောဖို့ အားယူနေပုံရပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် သတိထားမိလိုက်တဲ့အချိန်မှာပဲ
ကျွန်တော့်ပါးပြင်မှာလည်း မျက်ရည်တွေ စီးကျနေတာကိုလည်း သိလိုက်ရတယ်။
ပူလောင်စိတ်၊ စိုးရိမ်စိတ်တွေကြားက စိတ်ကိုတည်ငြိမ်စွာထားရင်း
သူမပြောမယ့်စကားကို နားစွင့်နေမိတယ်။ သူမ ကျွန်တော့်ကို ပြောဖို့အတွက်
အကြိမ်ကြိမ်အားယူနေတာကို ကြည့်ပြီး အားမရပေမဲ့ သူမစကားထွက်လာတဲ့အထိ
စောင့်နေပါတယ်။ ခဏတော့ သူမက “ ကျွန်မတို့ နှစ်ယောက် လမ်းခွဲကြရအောင်လား
မောင်ရယ် “တဲ့။ ရုတ်တရက်ကြားလိုက်ရတဲ့စကားော့ာင့် ကျွန်တော့်တစ်ကိုယ်လုံးကို တုန်ရီသွားစေပါတယ်။
-
ဒီစကားက သူမ တကယ်ပြောနေတယ်ဆိုတာကိုလည်း သိနေပေမယ့် မယုံချင် ။ ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းရင်း “ ဘာလို့လဲ..၊ အချစ်က မောင့်ကို မချစ်တော့တာလား..၊ ဒါမှမဟုတ် ..” ရုတ်တရက်စီးကျလာတဲ့ မျက်ရည်တွေကြောင့် ကျွန်တော့်စကားလုံးတွေ ရပ်သွားခဲ့တယ်။ စိတ်ထဲမှာလည်း မထားခဲ့ပါနဲ့ အချစ်ရယ်..၊ ဟင့်အင်း… မောင် ဘယ်လိုမှ မနေနိုင်ဘူး..။ အချစ်မရှိရင် မောင်သေသွားမယ်လို့ ပြောနေပေမယ့် တကယ်တမ်း ကျွန်တော့်နှုတ်မှ ထွက်လာတာက “ ဘာလို့ မောင်တို့ နှစ်ယောက် လမ်းခွဲဖို့ လိုတယ်ဆိုတာ သိလို့ရမလား “။ ကျွန်တော့်မေးခွန်းကို ကြားတော့ သူမက နာကျင်စွာ ရယ်လိုက်ပါတယ်။ ကျွန်တော့်ကို ဘယ်ကတည်းက မျို သိပ်ထားခဲ့မှန်း မသိတဲ့ စကားလုံးတွေကို စတင်ကြားရတော့တယ်..။ “ ဘာလို့ လမ်းခွဲရတယ် ဟုတ်လား..။ ဒီမှာ.. မောင် ကျွန်မတို့နှစ်ယောက်က ချစ်သူတွေပါ ။ ပြီးတော့ ကျွန်မက မိန်းမပါ။ မောင့်ထက်လည်း ငယ်တယ်၊ ဒါပေမဲ့ တချို့အရာတွေက ကျွန်မက ဦးဆောင်နေရတယ်။ တွေ့ဖို့အတွက် ကျွန်မ စချိန်းရတယ်.။ မောင် မအားဘူးဆိုပြီး.. ကျွန်မတစ်ယောက်တည်း ဖြေရှင်းရတဲ့ ကိစ်စတွေ အများကြီးပဲ..။ ကျွန်မ ၀မ်းနည်းနေတာတောင် ကျွန်မ မောင့်ကို ဖွင့်မပြောရဲဘူး..။ ဘာလို့လဲဆိုတော့ မောင့် အလုပ်မှာ မောင်ပင်ပန်းမှန်းသိလို့ ၊ ဒါပေမဲ့ မောင်ရယ်.. အလုပ်က အလုပ်ပဲ..၊ ချစ်သူက ချစ်သူပဲ..၊ ဘာမှမဆိုင်ဘူး..။ ကျွန်မထက် အလုပ်ကို ချစ်တယ်ဆိုရင် အဲဒီ အလုပ်နဲ့ပဲ မောင်နေခဲ့တော့..။ ကျွန်မ အတတ်နိုင်ဆုံး နားလည်ပေးခဲ့တယ်။ အတတ်နိုင်ဆုံး သည်းခံခဲ့တယ်။ မောင်ကြိုးစားမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ချစ်သူ စဖြစ်တုန်းက မောင် ကျွန်မအပေါ် ဘယ်လောက် ဂရုစိုက်ခဲ့လဲ ၊ ကျွန်မအလုပ်အထိတောင် မောင်လာပြီး စောင့်ခဲ့တာ မဟုတ်ဘူးလား..။ ကဲ… အခုတော့ ဘယ်မှာလဲ အဲဒီ ဂရုစိုက်မှုတွေ၊ မောင့်အလုပ်အဆင်ပြေလားလို့ ကျွန်မမေးပေမယ့် မောင်က ကျွန်မအလုပ်ကိုလည်း စိတ်မ၀င်စား၊ ကျွန်မ ဘာဖြစ်နေလဲဆိုတာလည်း ဂရုမစိုက်ဘူး.. အဲဒါတွေက မောင်မသိဘူးမှတ်လား...ကဲ..ေ ပြာ”
။ သူမက တဖြည်းဖြည်း ပြောနေရင်းနဲ့ ပိုပြီး ပေါက်ကွဲလာပါတယ်။
ကျွန်တော့်မှာတော့ သူမပြောတဲ့အရာတွေ အားလုံးကလည်း အမှန်တရားမို့ တွေတွေကြီး
ကြည့်ပြီး စိတ်မကောင်းမှလွဲပြီး ဘာမှ ပြန်မပြောနိုင်ပါဘူး။ သူမက “ ကျွန်မ
မောင့်ကို ချစ်ပါတယ်။ အခုလည်း ချစ်တယ် ။ ကျွန်မဘ၀က မောင်ပါ။ ဒါပေမဲ့ အခု
မောင်နဲ့ ပတ်သက်ပြီး ပျော်ရွှင်စရာတွေ မရှိတော့ပါဘူး။ ကျွန်မ နာကျင်နေပြီ။
တစ်ခါတလေ အေးတိအေးစက်ဖြစ်တဲ့ မောင့်ကို ကျွန်မ သိပ်စိတ်ပျက်တယ်။ မောင့်
ချစ်သူက လူသားပါ မောင်ရယ်။ ကျွန်မတို့ရုံးက ကောင်မလေးတွေ
စုံတွဲမြင်လိုက်တိုင်း ကျွန်မ ပိုပြီး နာကျင်ရတယ်။ အဲဒီကောင်လေးက
မောင့်လောက်လည်း လစာ မကောင်းပါဘူး။ ဒါပေမဲ့ သူ့ချစ်သူကို
ဂရုစိုက်ရကောင်းမှန်းသိတယ်။ မောင့်သာ…” ။
-
သူမက ဆက်မပြောနိုင့်တော့ပဲ.. ငိုပါတယ်။ သူမပြောတဲ့ စကားလုံးတွေက အမှန်တရားတွေပဲမို့ ကျွန်တော် ဘာမှ မပြောနိုင်လောက်အောင် ၀မ်းနည်းဆွံ့အနေမိတယ်။ သူမကို ရင်ခွင်ထဲ ထည့်ပြီး ကျွန်တော် ရင်ထဲက ရှိတဲ့ စကားလုံးတွေကို ပြောဖို့ ကြိုးစားလိုက်ပါတယ်။ ၀မ်းနည်းမှုနဲ့အတူ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတယ်။ “ အချစ်ရယ်.. မောင် အချစ်ကို တောင်းပန်ပါတယ်။ မောင့်ကြောင့် အချစ်နာကျင်ခဲ့တဲ့အတွက် မောင် အနူးအညွတ် တောင်းပန်ပါတယ်။ တကယ်တော့ မောင်မှားတာပါ။ မောင် အချစ်ကို ဂရုမစိုက်သလို ဖြစ်သွားတဲ့အတွက်၊ မောင်လေ.. မောင် အချစ်ကို သိပ်ချစ်တယ်။ ကမာပေါ်မှာ မောင်အယုံကြည်ရဆုံးနဲ့ အချစ်ဆုံးက အချစ်တစ်ယောက်တည်း ရှိတာပါ။ မောင်တို့ ယောက်ျားတွေက တခါတလေကျရင် မိန်းမတွေရဲ့ အတွင်းကျကျစိတ်ကို မဖတ်တတ်ဘူး အချစ်ရဲ့။ အခုလိုမျိုး ချစ်ပြောပြလို့ မောင်အရမ်းကျေးဇူးလည်း တင်တယ်။ မောင့်ရဲ့ အားနည်းချက်ကို ထောက်ပြပေးသွားတဲ့အတွက်၊ မောင်… အချစ်ကို အလိုက်မသိတာလည်း မဟုတ်ပါဘူး..။ နားလည်ပေးနိုင်လွန်းတဲ့ အချစ်ကို မောင်လျှော့တွက် မိခဲ့တယ်။ အချစ်က မောင့်ကို နားလည်ပေးနိုင်တယ်ဆိုပြီး တွေးခဲ့လို့ နေမိတာပါ။ ဒါကလည်း မောင်တို့ ယောက်ျားလေးတွေရဲ့စိတ်က မိန်းမတစ်ယောက်ကို ချစ်မိသွားပြီးဆိုရင် ထိုမိန်းမတွေကို ချစ်သူလိုလည်း ချစ်သွားသလို ၊ သူငယ်ချင်းတစ်ယောက်လိုလည်း ပွင့်လင်းပီးခင်တတ်တယ်။ မိခင်တစ်ယောက်လိုလည်း အားကိုးတတ်ပြန်တယ်။ တစ်ခါတလေ မိခင်တွေက ဘယ်လောက်ပဲ အားနွဲ့ပေမယ့် သားတွေအပေါ် အရမ်းနားလည် ပေးတတ်ကြတယ်။ အဲဒီလိုပဲ မောင်တို့ ယောက်ျားလေးတွေရဲ့ မသိစိတ်မှာလည်း ကိုယ်ယုံကြည်ချစ်ရတဲ့ ချစ်သူကိုလည်း မိခင်လို စိတ်ရှိတယ်တင်မှတ်ပြီး ဆိုးတတ်ကြပါတယ်။ ဒါတွေ ပြောရရင် အရှည်ကြီးပါ..။ ဒါပေမဲ့ ထားလိုက်ပါ..။ မောင် အလုပ်ကို ချစ်တယ်ဆိုတာ မောင်မိဘတွေ မချမ်းသာဘူး ချစ်လည်းသိပါတယ်။ ဒါပေမဲ့ မောင့်ချစ်သူကို မောင် တင့်တောင့်တင့်တယ်အောင် ထားချင်တယ်။ ချစ်သူဘ၀မှာ ဂရုစိုက်မှုတွေ လျော့နည်းကောင်း လျော့နည်းပါလိမ့်မယ်။ ဒါပေမဲ့ မောင် အချစ်ကို တကယ်ချစ်တာပါ။ ဒီကြားထဲ အချစ်ကို မောင်ရင်ဖွင့်စရာလည်း ရှိပါတယ်။ မနက်ဖြန် မောင်ရုံးပိတ်တယ်လေ။ ဖေဖေါ်ဝါရီ (၁၄) ချစ်သူများနေ့မှာ မောင် အချစ်အတွက် စိန်လက်စွပ် ၀ယ်ပေးမလို့။ မောင် ပိုက်ဆံတွေ စုနေတာ။ မလိုအပ်ပဲ မောင်အပြင် သိပ်မထွက်ဖြစ်ဘူး.. အချစ်ရယ်။ ဒါကြောင့် အချစ်ကို မောင်အချိန်မပေးသလို ဖြစ်သွားတယ်။ မောင့်ရဲ့ မပွင့်လင်းမှုအတွက် အချစ်နာကျင်ခဲ့ရတယ်ဆိုရင် မောင်ထပ်တောင်းပါတယ်။ အပြစ်ပေးတဲ့အနေနဲ့ မနက်ဖြန် ချစ်သူများနေ့မှာ အပြင်သွားနေတဲ့ တစ်လျှောက်လုံး အချစ်လုံးဝ လမ်းမလျှောက်စေရဘူး။ ကျွန်တော့်စကားကြောင့် သူမက “ ဟင် ဘာလို့လဲ.. မောင်က တစ်နေကုန် ကျောပိုးထားမလို့လား” ၊ သူမစကားကြောင့် ကျွန်တော်က သွားပေါ်အောင် ပြုံးပြပြီး “ ကျောပိုးတာတော့ မဟုတ်ဘူး၊ ကားပေါ်မှာပဲ နေခိုင်းမလို့.. ဟားဟား..” အာ..သွား… လူလည်၊ အကောင်းမှတ်လို့ နားထောင်နေတာ “ ဆိုပြီး သူမက ရယ်ပါတယ်။ ကျွန်တော့်ချစ်သူက အခုတော့လည်း ကျွန်တော့်ကို နားလည်သွားပြီး ထင်ပါတယ်။ ကျွန်တော့်ကိ စိတ်လည်းမဆိုးတော့သလို ချစ်စနိုးနဲ့ မျက်စောင်းထိုးနေပါတယ်။ ပါးစပ်ကနေလည်း.. နောက်တစ်ခါ လူကို နာကျင်အောင် ထပ်လုပ်ကြည့် တစ်သက်လုံးထားခဲ့မယ်မှတ်”.တဲ့။
ဒီလိုလေးနဲ့ ကျွန်တော်တို့နှစ်ယောက် ပြန်ပြေလည်သွားခဲ့ပါတယ်။ ရွှေတိဂုံဘုရားကို အဝေးကနေပဲ ဦးခိုက်ပြီး ပြန်လာခဲ့ကြပါတယ်။ ခင်ဗျားတို့သိလား…။ တစ်ခါတလေမှာ နှစ်ယောက်သား ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ် ပြောပြော လူသားတိုင်းမှာ ခံစားတတ်တဲ့ နှလုံးသား ကိုယ်စီတွေ ရှိကြတယ်။ အတိုင်းတာတစ်ခုထက် ကျော်လွန်သွားတဲ့အခါမှာ နာကျင်မှုတွေ ဖြစ်လာတတ်ပါတယ်။ နာကျင်မှုတွေ ဖြစ်လာတဲ့အခါမှာ တစ်ယောက်ရင်ထဲက အစိုင်အခဲတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ ကျွန်တော့်တို့ ချစ်သူက အရမ်းနားလည်ပေးတယ်ဆိုပြီး အရမ်းမဆိုးမိစေနဲ့။ ပြီးတော့ ဘာပဲလုပ်လုပ် အသိပေးတိုင်ပင်ပြီးမှ လုပ်ပါ။ အလုပ်ကြိုးစားတာကို သဘောကျပေမယ့် သူမကို ဂရုမစိုက်နိုင်ဘူးဆိုရင်တော့  ခင်ဗျားချစ်သူက ခင်ဗျားကို ထားသွားမိလိမ့်မယ်။ မိန်ကလေးတွေ အဓိကလိုအပ်တာ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေပါ။
-
Credit To ညိုမင်းခန့်
-
“ မောင်… မနက်ဖြန် ညနေ ၅ နာရီမှာ ဆုံနေကျ ပြင်သူ့ရင်ပြင် အရှေ့မှာ ဆုံရအောင်” တဲ့။
ဝင်လာတဲ့ မက်ဆေ့ခ်ကို ဖတ်ပြီး ကျွန်တော် ကြည်းနူးမိသည်။ အလုပ်ပင်ပန်းတဲ့အခါတိုင်း ကျွန်တော့်ချစ်သူဆီက စာတွေဖတ်ပြီး အမောဖြေရသလို ရံဖန်ရံခါ ဖုန်းတွေနဲ့လည်း စကားပြောဖြစ်ပါတယ် ။
ကျွန်တော့်ထက် အများကြီး ငယ်ပေမဲ့ လူကြီးဆန်တဲ့ သူမကို ကျွန်တော် မြတ်နိုးစွာ ချစ်ရပါသည်။ ချစ်သူအပေါ် အရာရာကို နားလည်တတ်တဲ့
သူမနှင့် ဆုံဆည်းရတာ ကမာပေါ်မှာ ကျွန်တော် ကံအကောင်းဆုံး လူသားတစ်ယောက်လို့ သတ်မှတ်လေ့ရှိပါတယ်။ အခုလည်း အလုပ်တွေများပြီး ပင်ပန်းလာပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ အရမ်းပျော်သွားမိတယ်။ ဒီနေ့ည ပင်ပန်းတော့ ကျွန်တော်သာဆို ချိန်းဖြစ်မှာ မဟုတ်ပါဘူး။ တစ်နေကုန် အလုပ်ကိစ်စတွေ ပြောရတော့လည်း ညနေရောက်ရင် လူက ဖတ်ဖတ်မောပြီး ဘာမှဆက်မလုပ်ချင်တဲ့အထိ ပင်ပန်းသည်။ နိုင်ငံခြား company မှာ လုပ်ရတဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ pressure ကလည်း မသေးပါဘူး။ အရာရာကို တိကျသာ ကြိုက်နှစ်သက်တဲ့ သူတို့က နာလည်မှုကြီးပြီး မတိကျတဲ့ မြန်မာလူမျိုး တချို့နဲ့ အလုပ် စကားပြောရတိုင်း စိတ်ပင်ပန်းရသည်။ သတ်မှတ်တဲ့အချိန်မှာ ရလာဒ်ကိုသာ ကြည့်တတ်ပြီး ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင်
-
အမှန်တော့ ဒီနေ့ ကျွန်တော် ရုံးဆင်းချိန် နောက်ကျပါတယ်။ လုပ်စရာ ကိစ်စတွေ သိပ်မပြတ်သေးပါဘူး။ မနက်ဖြန် ခွင့်ယူထားတာမို့
ဒီနေ့ကို အပြီးအစီး သတ်နေတာပါ။ အခုတော့ ညနေ (၅) နာရီဆို ကျွန်တော့် ချစ်သူက ချိန်းထားတာမို့ အတတ်နိုင်ဆုံး ရောက်အောင် သွားရမယ် မဟုတ်လား။
သူ့ခမျာ မိန်းကလေးပေမဲ့ ကျွန်တော့်ကို ချစ်ရှာလွန်းလို့ ဒီရက်ပိုင်း သူကပဲ စတင်ချိန်းတာများပါတယ်။ ဒါကလည်း ကျွန်တော် မအားတာကို နားလည် ပေးတတ်တဲ့ ကျွန်တော့်ချစ်သူမို့လို့လေ
လုပ်စရာရှိတာကို အမြန်လက်စ သိမ်းရင်း လက်ထဲက နာရီကို ငုံ့ ကြည့်လိုက်တော့ ငါးနာရီစွန်းစွန်း ရှိနေပြီ။
-
ကားကိုလည်း အတတ်နိုင်ဆုံး အမြန်မောင်းပေမယ့် လမ်းကလည်း ပိတ်နေတဲ့အတွက် သူမဆီကို ညနေ ၆ နာရီ ထိုးကာနီးမှ ရောက်ပါတော့တယ်။
ရန်ကုန်- ပြည်လမ်းမကြီး ရွှေတိဂုံဘုရားကို မြင်နေရသည့် ပြင်သူ့ရင်ပြင်အရှေ့မှာတော့
သူမအနား ရောက်တော့ ကျွန်တော်က “ အချစ် ရောက်နေတာ ကြာပြီးလား..၊ ဆောရီးနော် မောင် နည်းနည်း နောက်ကျသွားတယ်” ဆိုတော့
သူမက ကျွန်တော့်ကို နားလည်တဲ့ အကြည့်နဲ့ ပြန်ပြုံးပြပါတယ် ။ ကျွန်တော်လည်း သူမဘေးနားမှာ ထိုင်လိုက်ပြီး ထုံးစံအတိုင်း ပီကေကို ၀ါးနေပါတယ်။
-
သူမက ကျွန်တော့်ဘက်ကိုလည်း မကြည့်ဘဲ ပြင်သူရင်ပြင်ခြံဝင်းကနေ မြင်နေရတဲ့ ရွှေတိဂုံဘုရားကိုပဲ လှမ်းငေး နေပါတယ်။ ကျွန်တော်လည်း သူမလှမ်းကြည့်နေတဲ့
ရွှေတိဂုံဘုရားကို လှမ်းကြည့် လိုက်ပါတယ်။ ပြင်သူရင်ပြင် ခြံစည်းရိုးကနေ ရွှေတိဂုံ ဘုရားကို သပ်ပါယ်စွာ လှမ်းတွေ့နေရပါတယ်။ ညအမှောင်ကလည်း တဖြေးဖြေးမှောင်လာတာမို့ ရွှေရောင်တွေ ၀င်းထိန်လို့နေပါတယ်။
ခဏကြာတော့ ကျွန်တော့်ချစ်သူဆီမှ “ကျွန်မတို့ ရွှေတိဂုံဘုရား မရောက်ဖြစ်တာတောင် တော်တော်ကြာသွားပြီးနော် “ တဲ့ ၊ ဟုတ်ပါရဲ့ ။ ကျွန်တော်မအားတာနဲ့ မသွားဖြစ်သလို အားတဲ့ရက်တွေမှာလည်း
တစ်ခုခုသွားစားပြီး အချိန်ကုန်သွားတာ များနေတယ်။ ချစ်သူ့ဆီက ဒီလိုစကားကြားရတော့ စိတ်မကောင်းလည်း ဖြစ်မိသလို သူမကိုလည်း အားနာသွားမိတယ်။ ဒါပေမဲ့ အရာရာကို နားလည်ပေးတဲ့
သူမက ကျွန်တော့်ကို အပြစ်မမြင်ပါဘူး ။ ကျွန်တော့် အလုပ်အကြောင်းတွေကို သူမ မေးပါတယ်။ အလုပ်အကြောင်းမေးလာတော့လည်း
ကျွန်တော့်အလွဲတွေကို ပြောပြတော့ သူမက ရယ်ပါတယ်။ သူမရယ်နေတာကို ကြည့်ပြီး ကျွန်တော် ငေးကြည့်ပါတယ်။ ဒီကမာပေါ်မှာ သူမကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရခ
ကံကောင်းတယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်နေပါတယ်။ ချစ်စရာကောင်းတဲ့သူမကို လှစ်ကနဲ နမ်းပစ်ချင်ပေမဲ့ လူမြင်ကွင်းမို့ သူမလက်ကိုပဲ ညင်သာစွာ ဆုပ်ကိုင်ထားလိုက်ပါတယ်။
-
ဒီလိုနဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ ညအမှောင်ထုကလည်း တဖြည်းဖြည်း မှောင်လာပါတယ်။ ထို့အတူ
တစ်နေကုန် အလုပ်လုပ်ထားတဲ့ ကျွန်တော့်ဗိုက်မှာလည်း သံစုံတီးဝိုင်း တွေကြားနေရပါပြီ။ ဒါပေမဲ့ သူမက တစ်ခုခု စားချင်တဲ့ အရိပ်အယောင် မပြသလို ဒီနေရာကနေလည်း ထသွားချင်ပုံလည်း မပေါ်ပါဘူး။
တချို့ စုံတွဲတွေကလည်း ကျွန်တော်တို့လိုပဲ ဒီနေရာမှာ လာထိုင်ကြပါတယ်။ လေကလည်း တော်တော်ကောင်းသလို အေးမြမှုလည်းရှိပါတယ်။ တကယ်ကို ထိုင်လို့ ကောင်းတဲ့ နေရာလေးပါ ။
တချို့ စုံတွေတွေက ညနည်းနည်း နက်လာတော့ ပြန်သွားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက် ထိုင်နေဆဲပါပဲ။ ကျွန်တော်တို့နှစ်ယောက် လက်ကလေးတွေ ဆုပ်ကိုင်ထားဆဲ။
ဒါပေမယ့် စကားမပြောဖြစ်ကြပါဘူး။ ရွှေတိဂုံ ဘုရားဘက်ကိုပဲ ငေးကြည့်နေကြပါတယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ သူမက လက်ကိုသိမ်းပြီး လေတိုက်လို့ ပါးပြင်ပေါ်မှာ ၀ဲကျနေတဲ့ ဆံစတွေကို သိမ်းလိုက်ပါတယ်။
ပြီးတော့… “ ကျွန်မ မောင့်ကို ပြောစရာ ရှိတယ်” ။ ကျွန်တော်ကလည်း “ အင်း.. အချစ် ပြောလေ၊ မောင် နားထောင်နေပါတယ် “။ သူမက ကျွန်တော့်မျက်နှာကို လှည့်ကြည့်တော့
ကျွန်တော်လည်း သူမမျက်နှာကို မျက်နှာချင်းဆိုင် ကြည့်လိုက်ပါတယ်။ ညအမှောင်ထဲမှာတောင် ကျွန်တော့်ချစ်သူရဲ့ မျက်နှာက လင်းနေသလိုပါပဲ။ အရမ်းကို လှတဲ့ ကောင်မလေးလို့ တွေးလိုက်ပါတယ်။
-
သူမက ကျွန်တော့်ကို ပြုံးပြရင်း မျက်လုံးထဲမှာ အလင်းတစ်ခု တွေ့လိုက်ရတယ်။ ဟင်.. သူမ မျက်ရည်ဝဲနေပါလား..။ ကျွန်တော့်ကို ပြုံးပြပြီး ၀ဲလာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှာ လိမ့်ကျလာတယ်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကျွန်တော်တော်တော်လေး စိုးရိမ်သလို တော်တော်လေးလည်း ထိတ်လန့်သွားပါတယ်။ သူမ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော့်ကို ကြည့်နေရင်းမှ
ခေါင်းကို ငုံ့ပြီး သူမ ငိုချလိုက်ပါတယ်။ သူမရုတ်တရက် ငိုတာတွေ့လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ နစ်နေအောင် ခံစားရပါတယ်။ သူမ ဘာတွေဖြစ်နေမလဲဆိုတာ ကျွန်တော်မသိပေမယ့်
သူမကို ရင်ခွင်ထဲထည့်ပြီး သိပ်လိုက်ပါတယ်။ သူမ ကျောကုန်းကို လက်နဲ့ ဖြည်းဖြည်းပွတ်ရင်း “ အချစ် ဘာဖြစ်တာလဲ.. မောင့်ကို ပြောပါဦး အချစ်ရယ်.. တိတ်..တိတ် မငိုနဲ့နော်..၊ မောင်ရှိတယ်၊ လူတွေလည်း ရှိသေးတယ် အချစ်ရဲ့..၊ ဘာဖြစ်တာလဲ မောင့်ကိုပြောပြ..နော်.. အချစ်၊ မောင်ရင်တွေ ထိတ်လိုက်တာ အချစ်ရယ်.. ပြောပါဦး အချစ်ဘာဖြစ်တာလဲဆိုတာ” ။ သူမက အသံကို တိတ်အောင် ထိန်းရင်း ငိုနေတာကိုတွေ့ရတော့ ကျွန်တော့်ရင်တွေ လောင်ကျွမ်းစေပါတယ်။ သူမက ဖက်ထားသော ကျွန်တော့် ကျောကို တင်းတင်ဖက်လိုက်ရင်းမှ ကျွန်တော့်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ မျက်နှာပေါ်မှ စီးကျတဲ့မျက်ရည်တွေကို ကျွန်တော် သုတ်ပေးမယ့်အလုပ်မှာပဲ သူမက ကမန်းကတန်းသုတ်ပစ်လိုက်တယ်။
-
ဒီစကားက သူမ တကယ်ပြောနေတယ်ဆိုတာကိုလည်း သိနေပေမယ့် မယုံချင် ။ ၀မ်းနည်းလာတဲ့ စိတ်ကို ထိန်းရင်း “ ဘာလို့လဲ..၊ အချစ်က မောင့်ကို မချစ်တော့တာလား..၊ ဒါမှမဟုတ် ..” ရုတ်တရက်စီးကျလာတဲ့ မျက်ရည်တွေကြောင့် ကျွန်တော့်စကားလုံးတွေ ရပ်သွားခဲ့တယ်။ စိတ်ထဲမှာလည်း မထားခဲ့ပါနဲ့ အချစ်ရယ်..၊ ဟင့်အင်း… မောင် ဘယ်လိုမှ မနေနိုင်ဘူး..။ အချစ်မရှိရင် မောင်သေသွားမယ်လို့ ပြောနေပေမယ့် တကယ်တမ်း ကျွန်တော့်နှုတ်မှ ထွက်လာတာက “ ဘာလို့ မောင်တို့ နှစ်ယောက် လမ်းခွဲဖို့ လိုတယ်ဆိုတာ သိလို့ရမလား “။ ကျွန်တော့်မေးခွန်းကို ကြားတော့ သူမက နာကျင်စွာ ရယ်လိုက်ပါတယ်။ ကျွန်တော့်ကို ဘယ်ကတည်းက မျို သိပ်ထားခဲ့မှန်း မသိတဲ့ စကားလုံးတွေကို စတင်ကြားရတော့တယ်..။ “ ဘာလို့ လမ်းခွဲရတယ် ဟုတ်လား..။ ဒီမှာ.. မောင် ကျွန်မတို့နှစ်ယောက်က ချစ်သူတွေပါ ။ ပြီးတော့ ကျွန်မက မိန်းမပါ။ မောင့်ထက်လည်း ငယ်တယ်၊ ဒါပေမဲ့ တချို့အရာတွေက ကျွန်မက ဦးဆောင်နေရတယ်။ တွေ့ဖို့အတွက် ကျွန်မ စချိန်းရတယ်.။ မောင် မအားဘူးဆိုပြီး.. ကျွန်မတစ်ယောက်တည်း ဖြေရှင်းရတဲ့ ကိစ်စတွေ အများကြီးပဲ..။ ကျွန်မ ၀မ်းနည်းနေတာတောင် ကျွန်မ မောင့်ကို ဖွင့်မပြောရဲဘူး..။ ဘာလို့လဲဆိုတော့ မောင့် အလုပ်မှာ မောင်ပင်ပန်းမှန်းသိလို့ ၊ ဒါပေမဲ့ မောင်ရယ်.. အလုပ်က အလုပ်ပဲ..၊ ချစ်သူက ချစ်သူပဲ..၊ ဘာမှမဆိုင်ဘူး..။ ကျွန်မထက် အလုပ်ကို ချစ်တယ်ဆိုရင် အဲဒီ အလုပ်နဲ့ပဲ မောင်နေခဲ့တော့..။ ကျွန်မ အတတ်နိုင်ဆုံး နားလည်ပေးခဲ့တယ်။ အတတ်နိုင်ဆုံး သည်းခံခဲ့တယ်။ မောင်ကြိုးစားမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ချစ်သူ စဖြစ်တုန်းက မောင် ကျွန်မအပေါ် ဘယ်လောက် ဂရုစိုက်ခဲ့လဲ ၊ ကျွန်မအလုပ်အထိတောင် မောင်လာပြီး စောင့်ခဲ့တာ မဟုတ်ဘူးလား..။ ကဲ… အခုတော့ ဘယ်မှာလဲ အဲဒီ ဂရုစိုက်မှုတွေ၊ မောင့်အလုပ်အဆင်ပြေလားလို့ ကျွန်မမေးပေမယ့် မောင်က ကျွန်မအလုပ်ကိုလည်း စိတ်မ၀င်စား၊ ကျွန်မ ဘာဖြစ်နေလဲဆိုတာလည်း ဂရုမစိုက်ဘူး.. အဲဒါတွေက မောင်မသိဘူးမှတ်လား...ကဲ..ေ
-
သူမက ဆက်မပြောနိုင့်တော့ပဲ.. ငိုပါတယ်။ သူမပြောတဲ့ စကားလုံးတွေက အမှန်တရားတွေပဲမို့ ကျွန်တော် ဘာမှ မပြောနိုင်လောက်အောင် ၀မ်းနည်းဆွံ့အနေမိတယ်။ သူမကို ရင်ခွင်ထဲ ထည့်ပြီး ကျွန်တော် ရင်ထဲက ရှိတဲ့ စကားလုံးတွေကို ပြောဖို့ ကြိုးစားလိုက်ပါတယ်။ ၀မ်းနည်းမှုနဲ့အတူ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတယ်။ “ အချစ်ရယ်.. မောင် အချစ်ကို တောင်းပန်ပါတယ်။ မောင့်ကြောင့် အချစ်နာကျင်ခဲ့တဲ့အတွက် မောင် အနူးအညွတ် တောင်းပန်ပါတယ်။ တကယ်တော့ မောင်မှားတာပါ။ မောင် အချစ်ကို ဂရုမစိုက်သလို ဖြစ်သွားတဲ့အတွက်၊ မောင်လေ.. မောင် အချစ်ကို သိပ်ချစ်တယ်။ ကမာပေါ်မှာ မောင်အယုံကြည်ရဆုံးနဲ့ အချစ်ဆုံးက အချစ်တစ်ယောက်တည်း ရှိတာပါ။ မောင်တို့ ယောက်ျားတွေက တခါတလေကျရင် မိန်းမတွေရဲ့ အတွင်းကျကျစိတ်ကို မဖတ်တတ်ဘူး အချစ်ရဲ့။ အခုလိုမျိုး ချစ်ပြောပြလို့ မောင်အရမ်းကျေးဇူးလည်း တင်တယ်။ မောင့်ရဲ့ အားနည်းချက်ကို ထောက်ပြပေးသွားတဲ့အတွက်၊ မောင်… အချစ်ကို အလိုက်မသိတာလည်း မဟုတ်ပါဘူး..။ နားလည်ပေးနိုင်လွန်းတဲ့ အချစ်ကို မောင်လျှော့တွက် မိခဲ့တယ်။ အချစ်က မောင့်ကို နားလည်ပေးနိုင်တယ်ဆိုပြီး တွေးခဲ့လို့ နေမိတာပါ။ ဒါကလည်း မောင်တို့ ယောက်ျားလေးတွေရဲ့စိတ်က မိန်းမတစ်ယောက်ကို ချစ်မိသွားပြီးဆိုရင် ထိုမိန်းမတွေကို ချစ်သူလိုလည်း ချစ်သွားသလို ၊ သူငယ်ချင်းတစ်ယောက်လိုလည်း ပွင့်လင်းပီးခင်တတ်တယ်။ မိခင်တစ်ယောက်လိုလည်း အားကိုးတတ်ပြန်တယ်။ တစ်ခါတလေ မိခင်တွေက ဘယ်လောက်ပဲ အားနွဲ့ပေမယ့် သားတွေအပေါ် အရမ်းနားလည် ပေးတတ်ကြတယ်။ အဲဒီလိုပဲ မောင်တို့ ယောက်ျားလေးတွေရဲ့ မသိစိတ်မှာလည်း ကိုယ်ယုံကြည်ချစ်ရတဲ့ ချစ်သူကိုလည်း မိခင်လို စိတ်ရှိတယ်တင်မှတ်ပြီး ဆိုးတတ်ကြပါတယ်။ ဒါတွေ ပြောရရင် အရှည်ကြီးပါ..။ ဒါပေမဲ့ ထားလိုက်ပါ..။ မောင် အလုပ်ကို ချစ်တယ်ဆိုတာ မောင်မိဘတွေ မချမ်းသာဘူး ချစ်လည်းသိပါတယ်။ ဒါပေမဲ့ မောင့်ချစ်သူကို မောင် တင့်တောင့်တင့်တယ်အောင် ထားချင်တယ်။ ချစ်သူဘ၀မှာ ဂရုစိုက်မှုတွေ လျော့နည်းကောင်း လျော့နည်းပါလိမ့်မယ်။ ဒါပေမဲ့ မောင် အချစ်ကို တကယ်ချစ်တာပါ။ ဒီကြားထဲ အချစ်ကို မောင်ရင်ဖွင့်စရာလည်း ရှိပါတယ်။ မနက်ဖြန် မောင်ရုံးပိတ်တယ်လေ။ ဖေဖေါ်ဝါရီ (၁၄) ချစ်သူများနေ့မှာ မောင် အချစ်အတွက် စိန်လက်စွပ် ၀ယ်ပေးမလို့။ မောင် ပိုက်ဆံတွေ စုနေတာ။ မလိုအပ်ပဲ မောင်အပြင် သိပ်မထွက်ဖြစ်ဘူး.. အချစ်ရယ်။ ဒါကြောင့် အချစ်ကို မောင်အချိန်မပေးသလို ဖြစ်သွားတယ်။ မောင့်ရဲ့ မပွင့်လင်းမှုအတွက် အချစ်နာကျင်ခဲ့ရတယ်ဆိုရင် မောင်ထပ်တောင်းပါတယ်။ အပြစ်ပေးတဲ့အနေနဲ့ မနက်ဖြန် ချစ်သူများနေ့မှာ အပြင်သွားနေတဲ့ တစ်လျှောက်လုံး အချစ်လုံးဝ လမ်းမလျှောက်စေရဘူး။ ကျွန်တော့်စကားကြောင့် သူမက “ ဟင် ဘာလို့လဲ.. မောင်က တစ်နေကုန် ကျောပိုးထားမလို့လား” ၊ သူမစကားကြောင့် ကျွန်တော်က သွားပေါ်အောင် ပြုံးပြပြီး “ ကျောပိုးတာတော့ မဟုတ်ဘူး၊ ကားပေါ်မှာပဲ နေခိုင်းမလို့.. ဟားဟား..” အာ..သွား… လူလည်၊ အကောင်းမှတ်လို့ နားထောင်နေတာ “ ဆိုပြီး သူမက ရယ်ပါတယ်။ ကျွန်တော့်ချစ်သူက အခုတော့လည်း ကျွန်တော့်ကို နားလည်သွားပြီး ထင်ပါတယ်။ ကျွန်တော့်ကိ စိတ်လည်းမဆိုးတော့သလို ချစ်စနိုးနဲ့ မျက်စောင်းထိုးနေပါတယ်။ ပါးစပ်ကနေလည်း.. နောက်တစ်ခါ လူကို နာကျင်အောင် ထပ်လုပ်ကြည့် တစ်သက်လုံးထားခဲ့မယ်မှတ်”.တ
ဒီလိုလေးနဲ့ ကျွန်တော်တို့နှစ်ယောက် ပြန်ပြေလည်သွားခဲ့ပါတယ်။ ရွှေတိဂုံဘုရားကို အဝေးကနေပဲ ဦးခိုက်ပြီး ပြန်လာခဲ့ကြပါတယ်။ ခင်ဗျားတို့သိလား…။ တစ်ခါတလေမှာ နှစ်ယောက်သား ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ် ပြောပြော လူသားတိုင်းမှာ ခံစားတတ်တဲ့ နှလုံးသား ကိုယ်စီတွေ ရှိကြတယ်။ အတိုင်းတာတစ်ခုထက် ကျော်လွန်သွားတဲ့အခါမှာ နာကျင်မှုတွေ ဖြစ်လာတတ်ပါတယ်။ နာကျင်မှုတွေ ဖြစ်လာတဲ့အခါမှာ တစ်ယောက်ရင်ထဲက အစိုင်အခဲတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ ကျွန်တော့်တို့ ချစ်သူက အရမ်းနားလည်ပေးတယ်ဆိုပြီး အရမ်းမဆိုးမိစေနဲ့။ ပြီးတော့ ဘာပဲလုပ်လုပ် အသိပေးတိုင်ပင်ပြီးမှ လုပ်ပါ။ အလုပ်ကြိုးစားတာကို သဘောကျပေမယ့် သူမကို ဂရုမစိုက်နိုင်ဘူးဆိုရင်တော
-
Credit To ညိုမင်းခန့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။