Pe Than Htike added 3 new photos.
_______________________________
မမြင်တတ်သေးတာတစ်ခုကို မြင်တတ်အောင် လက်တွေ့ ပြသပေးတဲ့အတွက် ပုပ် ဖရန်ဆစ်ဟာ လေးစားစရာ ပုဂ္ဂိုလ်မွန်တစ်ဦးပါပဲ။
ဒီနေ့ခေတ်ကာလထဲက မိမိကိုယ်ကို အနှိမ့်ချဆုံး၊ လူသားအဆန်ဆုံး၊ စာနာတတ်မှု အရှိဆုံး၊ လူလူချင်း တန်းတူရည်တူဆက်ဆံတတ်ဆုံး ကမ္ဘာ့သာသနာ့ခေါင်းဆောင်တစ်ဦးကိုလည်း မြင်ခွင့် ရလိုက်ပါတယ်။
သာသနာ့ခေါင်းဆောင်တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ စံပြမေတ္တာတရားကိုလည်း ပါးစပ်ပြောမဟုတ် လက်တွေ့လုပ်ပြသွားတာက ပြောစရာမဲ့ပါပဲ။
ချစ်ခြင်းမေတ္တာကို ပါးစပ်နဲ့ ပြသလို့ မရပါဘူး။ လက်တွေ့ထွေးပွေ့နွေးထွေးပြတတ်ခြင်းဟာ ချစ်ခြင်းမေတ္တာပါပဲ။
ဘယ်မှာမွေးမွေး ဘာကိုပဲ ယုံကြည်နေကြပါစေ လူသားမျိုးနွယ်ဖြစ်နေခြင်းတစ်ခုတည်းကိုပဲ ကြည့်ပြီး အချစ်ထားနိုင်ဖို့ တကယ်မလွယ်လှပါဘူး။
ကျေးဇူးပါပဲ ပုပ်ဖရန်စစ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ဘယ်လိုချစ်ရမလဲဆိုတာကို သင်ပြ ပြင်ပြပေးတဲ့အတွက်ပါပဲ။
ONE WORLD, ONE RACE, HUMAN RACE.
WE ARE HUMANS. ALL WE NEED IS MUTUAL LOVE.
ကျွန်တော်ကိုယ်တိုင် လူသားအားလုံးကို ဘာအရောင်ပဲဖြစ်နေပါစေ.... ချစ်ခင်လေးစားတန်ဖိုးထားတတ်ဖို့ သင်ယူရပါဦးမယ်။
_______________________ Swe Mon's status
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။