Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 12, 2016

ရောထွေးတတ်တဲ့ အင်္ဂလိပ်စကားလုံးများ (၁)

ရောထွေးတတ်တဲ့ အင်္ဂလိပ်စကားလုံးများ (၁)
========================
ဘာသာပြန်တဲ့အခါ ဒုက္ခအပေးတတ်ဆုံးက အခက်ဆုံးစကားလုံးတွေ မဟုတ်ပါဘူး။ အခက်ဆုံးစကားလုံးတွေကို အဘိဓာန်မှာ ရှာနိုင်သလို အင်တာနက်မှာလည်း ရှာနိုင်တဲ့အတွက် မှားခဲပါတယ်။ တကယ်အခက်တွေ့စေတာက ခပ်ဆင်ဆင်စကားလုံးတွေပါပဲ။ ကိုယ်က သိတဲ့စကားလုံးဆိုပြီး ခပ်ပေါ့ပေါ့ဘာသာပြန်လိုက်တဲ့အခါ အဓိပ္ပါယ်လုံးလုံးလွဲသွားစေပါတယ်။ အခု အတွေ့ရများပြီး ရောထွေးတတ်တဲ့အင်္ဂလိပ်စကားလုံးတချို့ကို ဖော်ပြလိုက်ပါတယ်။ ဆရာမောင်မောင်ဝမ်းရဲ့ သင်ခန်းစာတချို့နဲ့ အောက်စဖို့ဒ်အဘိဓာန်ရဲ့သင်ခန်းစာတွေထဲကနေ ထုတ်နှုတ်ထားပါတယ်။

၁. Ex vs Former
နှစ်ခုစလုံးက အဟောင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် ex က အပျက်သဘောဆောင်ပါတယ်။
ဥပမာ - စစ်သားတစ်ယောက် တာဝန်ထမ်းဆောင်ပြီးလို့ ပင်စင်ယူလိုက်ရင် Former soldier လို့ ခေါ်တယ်။ အပြစ်တစ်ခုခုကြောင့် စစ်တပ်ကထွက်ရရင်တော့ သူ့ကို ex-soldier လို့သုံးတယ်။
Ex girl-friend, ex-wife ဆိုတဲ့အသုံးတွေကို ကြည့်ပါ။ အဆင်မပြေလို့ ပြတ်စဲသွားတဲ့သဘောနဲ့ ex ကိုသုံးတာ ဖြစ်ပါတယ်။

၂. Trust vs Confidence
နှစ်ခုစလုံးက ယုံကြည်စိတ်ကိုပဲ ညွန်းပါတယ်။
ဒါပေမယ့် Trust က belief နဲ့ဆင်တူပြီး Confidence က assurnace နဲ့ဆင်ပါတယ်။
Confidence ဟာ အတွေ့အကြုံပေါ် အခြေခံတည်ဆောက်တယ်။ Trust က အရင်းခံစိတ်ဖြစ်တယ်။
Eg. “I have confidence in him ” လို့ ပြောရင် အဲသည်လူမှာ အလုပ်တစ်ခု ပြီးမြောက်အောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ ကိုယ်ကသိလို့ပြောတာဖြစ်ပါတယ်။ ဟိုတစ်နေ့က ကျွန်မတင်ခဲ့တဲ့ “တရုတ်က နှစ်နိုင်ငံဆက်ဆံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အစိုးရအပေါ် ယုံကြည်စိတ်ချမှုရှိ” ဆိုတဲ့ ဆောင်းပါးမှာ confidence ကို သုံးသွားပါတယ်။
“I trust him” လို့ပြောရင်တော့ တခြားသူတစ်ယောက်ကို သက်သေအထောက်အထားမရှိ၊ မယုံသင်္ကာမရှိဘဲ ယုံကြည်တာကို ပြောတယ်။

၃. Equality vs Equity
ဒါကတော့ အခုတလော ဖေ့စ်ဘုတ်မှာတွေ့နေရတဲ့ ကာတွန်းပုံလေးနဲ့ သရုပ်ဖော်ထားသလိုပါပဲ။
Equity က A နဲ့ B တန်းတူရလဒ်ထွက်အောင် နောက်ခံအကြောင်းတွေကို လိုတိုးပိုလျှော့လုပ်ပေးတယ်
Equality က A နဲ့ B နောက်ခံအကြောင်းကို တန်းတူပေးတယ်။ ဒါပေမယ့် ရလဒ်ချင်း တူချင်မှတူမယ်။

၎. Affect vs Effect
Affect က Transitive verb ဖြစ်ပြီး အကျိုးသက်ရောက်မှုရှိတာ၊ ထိခိုက်တာကို ဖော်ပြတယ်။
Eg. Cancer had affected his lungs.
ကင်ဆာက သူ့အဆုပ်တွေကို ထိခိုက်စေတယ်။

Effect က noun ဖြစ်ပြီး ရလဒ်၊ အကျိုးဆက်ကို ပြောတယ်။
Eg. The recent increase in bulglaries has had the effect of pushing up house insurance premiums.
အခုတလော ဖောက်ထွင်းမှုမြင့်တက်လာတာကြောင့် အိမ်အာမခံကြေးတွေ မြင့်တက်တဲ့ အကျိုးဆက်ဖြစ်ပေါ်လာတယ်။

၅. Practice vs Practise
Practice က noun ဖြစ်ပြီး လက်တွေ့အလုပ် ဆိုတဲ့အဓိပ္ပါယ်ရတယ်။
Eg. Playing a piano will require a lot of practice.
စန္ဒယားတီးတတ်ဖို့ဟာ လက်တွေ့အလုပ်အများကြီးလိုတယ်။

Practise က verb ဖြစ်ပြီး လေ့ကျင့်တာ၊ ကျင့်သုံးတာပါ။
Eg. She practiced as a solicitor for many years.
သူ(မ)က တရားရုံးရှေ့နေအဖြစ် နှစ်ပေါင်းများစွာ လက်တွေ့လုပ်ကိုင်ခဲ့တယ်။

၆. Compare with vs Compare to
နှိုင်းယှဉ်တာကို သုံးတဲ့အခါ with သုံးသုံး to သုံးသုံး ရတယ်။
Eg. Individual schools compared their facilities with those of others in the area
ကျောင်းတစ်ကျောင်းချင်းစီဟာ သူတို့ရဲ့သင်ထောက်ကူပစ္စည်းတွေကို အဲဒီရပ်ကွက်ထဲမှာ ရှိတဲ့တခြားကျောင်းတွေရဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ နှိုင်းယှဉ်တယ်။
Eg. It is difficult to compare our results to studies conducted in the United States.
ငါတို့ရဲ့လေ့လာမှုရလဒ်တွေကို အမေရိကန်မှာလုပ်တဲ့ လေ့လာမှုရလဒ်တွေနဲ့ နှိုင်းယှဉ်ဖို့ ခက်တယ်။

လုံးဝမတူတဲ့အရာနှစ်ခုကို ခိုင်းနှိုင်းပြီးပြောရင်တော့ to ကို သုံးရတယ်။
Eg. Her novel was compared to the work of Daniel Defoe.
သူ့ဝထ္ထုကို ဒယ်နီရယ်ဒီဖိုးရဲ့လက်ရာနဲ့ ခိုင်းနှိုင်းတယ်။
Eg. He compared childern to young trees, both still growing and able to be shaped.
သူက ကလေးတွေကို သစ်ပင်ပျိုတွေနဲ့ ခိုင်းနှိုင်းတယ်။ နှစ်ခုစလုံးက ကြီးထွားဆဲဖြစ်ပြီး ကိုယ်လိုရာပုံသွင်းနိုင်တယ်

နောက်ထပ်လည်း ရောထွေးတတ်တဲ့အင်္ဂလိပ်စကားလုံးတွေကို ထပ်ပြီး ဖြော်ပပါဦးမယ်။
ဒီပို့စ်က ကိုယ့်အတွက် အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပေးကြပါ။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
#adminSPS
Mar 12th. 2016 (sat)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။