Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 2, 2016

ကလေးတွေနဲ့ ကစားရာဝယ်...

ကလေးတွေနဲ့ ကစားရာဝယ်...
*************************
ဖေဖေ မေမေတို့ သားသားမီးမီးတို့ နဲ့ "အတူတူ ကစားပေးပါ။ အချိန်ပေးပါ ။ အတူတူ တနေရာရာသွားပေးပါ" စတဲ့ စကားတွေအမြဲ ကြားနေ၊ ဖတ်နေရမှာပါ။

-ကလေးနဲ့ အတူတူ ကစားရာမှာ ဘယ်လို ကစားတာလဲ?
-အချိန်ဘယ်လောက်ပေးသလဲ?
- ကလေးနဲ့ ကိုယ် ဘယ်လောက်ထိ interactive ဖြစ်ပြီး အချိန်ကို သုံးသလဲ။?
- ကလေးနဲ့ တနေကုန် အတူနေပေမယ့် ကလေးက သူ့ဖာသာသူ ဆော့ချင်ရာဆော့ပြီး လူကြီးက အန္တရာယ် မဖြစ်အောင်စောင့်ပေးရုံပေးပြီး ဖုန်းကြည့်နေတာ/ ကိုယ်စိတ်ဝင်စားတာ ကိုယ့်ဘာသာကိုယ် လုပ်နေပါသလား?
- အလုပ်က ပြန်လာရင် ပင်ပန်းနေပြီမို့ ကလေးနဲ့ အချိန်ပေးကစားဖို့ စိတ်မရှည်တော့ဘူးလား။?
- ကလေးနဲ့ ကလေးတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင် ကစားတာကို အပိုအလုပ်လို့( မသိစိတ်ကပဲဖြစ်ဖြစ်) တွေးမိနေပါသလား?
- အထူးသဖြင့် အလုပ်အရမ်းများသော ဖေဖေတို့
" ငါ ကလေးနဲ့ ကစားတာထက် အရေးကြီးတဲ့ အလုပ်လုပ်နေရတယ်။ ငါမကစားပေးလဲ ဘာမှ မဖြစ်ပါဘူး။ သူတို့ကို ငါ လိုလေသေးမရှိ အားလုံးပြည့်စုံအောင် ဝယ်ပေးထားတာပဲ"

"နက်ဖြန်စည်းဝေးတွက် ပြင်ဆင်စရာရှိတယ်။ အချိန် နာရီဝက်တောင်မရဘူး။ဒါက မိသားစု ရှေ့ရေးအတွက် အရေးကြီးတယ်"
အဲလို အတွေးတွေနဲ့များ ကလေးတွေနဲ့ စကားပြောချိန်၊ ကစားချိန်တွေ မပေးမိပဲ ဖြစ်နေမိပါသလား?
- ကလေးနဲ့ ကလေးတစ်ယာက်လို ပေါ့ပေါ့ပါးပါး ကစားတဲ့ အတွက် ရလဒ်က စာရွက်မှာ စာချရေးသလို ချက်ချင်း မမြင်နိုင်လို့ ဘာမှမထူးဘူးလို့ တွေးထင်မိနေပါသလား။?

တကယ်တော့ ကလေးတစ်ယောက် အတွက် ဖွံဖြိုးမှုမှာ ပျော်ရွှင်တဲ့ အမှတ်ရစရာ memories လေးတွေက စုစုပြီး ကလေးကို ဘက်စုံကအထောက်အပံ့ပေးပါတယ်။ ကလေးနဲ့ ကစားရာမှာ ဒီအတိုင်း အကြာကြီး ပင်ပန်းအချိန်ကုန်လောက်တဲ့ထိ ကစားတာထက်စာရင် မိနစ်အနည်းငယ်မှာ တကယ် interactive ဖြစ်ပြီး သင်ယူစရာကစားနည်းလေးတွေ ဖန်တီးကစားရင် ဖေဖေ မေမေ တို့လဲ အချိန်သက်သာ ၊ ကလေးတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းကိုလဲ အကျိုးပြုလို့ ပျော်ရွှင်ထက်မြက်တဲ့ ကလေးတွေ ဖြစ်လာမှာပါ။

ဥပမာ။ ရေဇလုံထဲမှာ ဘဲမိသားစု တစ်အုပ်ထည့်ထားပေးတယ်။ ရေခွက်တွေ ထည့် ထားပေးတယ်။ မေမေ က ဒီအတိုင်း ပဲ" သားလေးဆော့ ဗွမ်းဗွမ်း... ရေတွေလောင်းတာ ... ဟုတ်တယ်..." ပြောပြီး ကလေးကလဲ ဘဲကို ဆွဲလိုက်၊ ရေနှစ်လိုက်၊ ခွက်က ရေကို လောင်းလိုက် ၊ ဇလုံအောက်ပစ်ချလိုက် ၊ပြန်ကောက်လိုက် ဆော့နေတာပေါ့။ သူပျော်ပါတယ်။ နာရီဝက် အချိန်ကုန်ပါတယ်။ ပျော်ရတယ်။ ဘဲ ဆိုတဲ့ စကားလုံးသိရတယ်။ ရေခွက်နဲ့ လောင်းတဲ့အတွက် လက်ချောင်းလေးတွေ သန်လာနိုင်ပါတယ်။

အဲဒီအစား...

မေမေ က ဘဲအုပ်ထဲ ဘဲမေမေ ကို ကိုင်ပြီး ဘဲသားလေးတွေကို ကြည့်တဲ့ပုံလုပ်ပြီး " သားတို့ ရေ လာ ... ကွက်... ကွက် မေမေတို့ ရှေ့မှာ သွားပြီး ရေကူးကြမယ်"
ပြီတော့ ဘဲသေးလေးတစ်ကောင်ကို ကိုင်ပြီး.. " ညီတို့ရေ... လာကြဟေ့... မေမေခေါ်နေတယ်" ဆိုပြီး အသံ သေးသေးလေးလုပ်ပြီးပြော....
ပြီးတော့ နောက် တစ်ကောင် ကို ကိုင်ပြီး
" ရေး.... သွားမယ်ဟေ့" ဆိုပြီး နောက်အသံလေးလုပ်ပြော...
ဘဲမေကြီးကို ကိုင်ပြီး ရေကူးဟန်လုပ်ပြီး...
" ဖြေးဖြေး လာသားတို့ရေ... ဟာ ဒီမှာ ငါးတွေ များကြီးပဲ...." စသဖြင့် ကလေးစိတ်ဝင်စားအောင် ပုံပြော သလိုပြောပြီး ကစားနိုင်ပါတယ်။ ဒီနေရာမှာ ကလေးက စကားမပြောသေးရင် သူစိတ်ဝင်စားအောင် အသံကို အနိမ့်အမြင့် ဖြေးဖြေး ပြောရင် ပြောနေတဲ့ စကားလုံးတွေကို ကလေးသင်ယူနိုင်ပါတယ်။ ကလေးက စကားပြောပြီ ဆိုရင်လဲ သူ့ကိုပါ တလှည့် ဝင်ပြောခိုင်းပြီး အများကြီးချဲ့ပြောနိုင်ပါတယ်။
ဒီလို သရုပ်ဆောင် ( pretend) ကစားတဲ့ အတွက် စကားလုံးတွေ ပိုပြီး သင်ယူနိုင်ပါတယ်။ ရေကူးတယ်၊ရှေ့မှာ၊ လာ၊သွား၊ ငါး၊ စတဲ့ စကားလုံးတွေ၊ မောင်နှမ၊ သားအမိ ဆက်ဆံပုံတွေ ထည့်သင်ပြီးသားဖြစ်ပါတယ်။ ချဲ့ထွင်စဉ်းစားပြီး ပြောလို့ရတဲ့ အတွက် စိတ်ကူးစိတ်သန်း ( imagination) ကိုလဲ အားပေးပါတယ်။ အချိန် ၁၀ မိနစ်လောက်နဲ့ ပိုထိရောက်တဲ့ ကစားနည်းအဖြစ် ပြောင်းလဲ သွားပါတယ်။

သဘောင်္၊လှေ စတဲ့ အရုပ်ဆိုရင်လဲ ဒီလိုပါဘဲ။ သဘောင်္ကြီးက "ဘော်....ဘူ..." ဆိုတာလောက်နဲ့ မရပ်ပဲ....
ဘဲရုပ်ကလေးကို သဘောင်္ပေါ်တင်ပြီး
"ဘဲကလေးက သဘောင်္ကြီးစီးပြီး ခရီးတွေသွားတာ....ဟော မန္တလေးရောက်သွားပြီ။.... ဆင်းလိုက်ဦးမယ်ကွာ .. ပြီးတော့ ခဏနား.. မုန့်တွေ လျှောက်စား.... ဘာမုန့်စားရင်ကောင်းမလဲ" ကလေးကို မေးပါ။ ကလေးဖြေချင်အောင် မျက်နှာပေးနဲ့ စက္ကန့် အနည်းငယ်စောင့် " ဪ ... ပေါင်မုန့်လား... အင်း...အင်း(ဝါးတဲ့ပုံစံလုပ်ပြီး)... စားပြီးသွားပြီ.. ခရီးဆက်ဦးမယ်..." သဘောင်္ပေါ် တက်ပြီး " ဘယ်သွားရင်ကောင်းမလဲ?" " စစ်ကိုင်း..? အိုကေ... ဘော်ဘူ... ဆက်သွားမယ်"
စသဖြင့် ကလေးနဲ့ engaged ဖြစ်ပြီးသူ့ကို စကားလုံးတွေ တိုးအောင် ၊ ဖေဖေ မေမေ နဲ့ အပြန်အလှန်ပြောဆိုတတ်အောင် ကစားရင်း သင်လို့ရပါတယ်။ အချိန် ၅ မိနစ် ၁၀ မိနစ် နဲ့ ပျော်စရာကောင်းပါတယ်။ ဈေးရောင်းတမ်း၊ဈေးဝယ်တမ်း၊ ဟင်းချက်တမ်း၊ မုန့်လုပ်တမ်း၊ ဘုရင်ကြီး ဘုရင်မကြီးလုပ်တမ်း၊ ကားမောင်းပြီး လျှောက်သွားတမ်း စသဖြင့် ဟန်ဆောင် ကစားနည်းအများကြီးတီထွင် ကစားလို့ရပါတယ်။ ကလေးတွေလဲ ဉာဏ်ရည်တိုး၊ ဖေဖေ မေမေနဲ့လဲ သံယောဇဉ်တိုးလို့ ပျော်စရာ မိသားစု အချိန်လေးတွေ ဖန်တီးနိုင်ပါတယ်။

မေတ္တာဖြင့်
နီတိုးလေးမေမေ။

#နီတိုးလေးမေမေ #မိခင်ဘဝ

photo; Internet.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။