အမှိုက်ကောက်သမား ထီပေါက်တဲ့အခါ
News update 1-3-2016
၂၀၀၂ ခုနှစ် အင်္ဂလန်နိုင်ငံရဲ့  အမြင့်ဆုံး ဒေါ်လာ(၁၅)သန်း ထီပေါက်ခဲ့တဲ့ Michael Carroll မစ်ချဲလ် ကာရို ဟာ အသက်(၁၉)နှစ်မှာ သန်းကြွယ် သူဌေးလေးဖြစ်ခဲ့ပါတယ်။ထီပေါက်တဲ့အချိန်မှာ မစ်ချယ် က သန့် ရှင်းလုပ်သား
တယောက်ပါ။
ထီပေါက်ပြီး မကြာခင် အိမ်ခန်းသုံးခန်းပါတဲ့ ရေကန်နဘေးက အိမ်ကြီး တအိမ်ကိုဝယ်လိုက်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ဒေါ်လာတစ်သိန်းလောက်တန်တဲ့ BMW ကားအသစ်ကို နံပါတ်ပြားမတတ်- အာမခံ မဆောင်လို့  ကားမောင်းလိုင်စင် (၆)လ ပိတ်ခံရ ပါတယ်။
၂၀၀၅ မှာ အပျော်တမ်းလက်ဝှေ့ လောကကို ကိုယ်တိုင်ဝင် ထိုးခဲ့ပြီး စင်အောက်ကလောင်းကြေးတွေနဲ့ ထပ် ကစားခဲ့ပါတယ်။
၂၀၀၆ မှာ အရက်မူးပြီးရမ်းကားတဲ့ အမှု (၄၂) မှု(ကားမှန်ခွဲ ဆိုင်ခန်းများဖျက်ဆီး) စွဲချက်တွေနဲ့  တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ထောင်ကိုးလ ကျခံဘို့  တရားရုံးက အမိန့် ချခဲ့ပါတယ်။
၂၀၀၈ မှာ ဖက်ရှင်မယ်တွေနဲ့  တယောက်ပြီးတယောက် တွဲပြီးအရက်နဲ့  မူးယစ်ဆေးအလွန်သုံးစွဲနေတဲ့ ကာလမှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေ အရူံးပေါ်ခဲ့တဲ့နောက် အိမ်ကြီးကိုရောင်းပြီး တိုက်ခန်းလေးတခု မှာပြောင်းေ နခဲ့ရပါပြီ။
၂၀၁၀ ခုနှစ်မှာ သူရဲ့  အလုပ်ဟောင်း (သန့် ရှင်းရေး) ဌာနကို မစ်ချဲလ်အလုပ်လာလျှေက်ခဲ့ပြီး သူထီပေါက်တဲ့ ငွေအားလုံး ကုန်သွားပါပြီလို့  ၀န်ခံခဲ့ပါတယ်။
၂၀၁၂ မှာ မစ်ချဲလ် က ငွေတွေကို အမှိုက်တွေလို ပြစ်သလို ပြစ်မိခဲ့ကြောင်း
UK သတင်းဌာနကို ပြောခဲ့လို့ 
၊ ဒေါ်လာ ၁၅ သန်း ကျပ်ငွေ သန်းပေါင်း တစ်သောင်း ကိုးထောင့် ငါးရာကို ရှစ်နှစ် ရက်ပေါင်း (၂၉၂၀ )အတွင်း အကုန်ဖြုန်းခဲ့သူအဖြစ် သမိုင်းတွင် ခဲ့ပါတယ်။
Michael Carroll (lottery winner)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။