Min Yar added 4 new photos.
'စာဖတ်ခြင်း၊ နှုတ်၏ ချိုသာခြင်း၊ အသံတိတ် ယဉ်ကျေးမှု'
'စာဖတ်ခြင်း နဲ့ နှုတ်ချိုသာခြင်း ' ကတော့ ရေးပြီးသားမို့ မရေးတော့ပဲ link ပဲတင်လိုက်ပါတယ် ဗျာ...
https://www.facebook.com/min.yar.351756/posts/1703891869892672
https://www.facebook.com/min.yar.351756/posts/1711712595777266
' အသံတိတ် ယဉ်ကျေးမှု'
ကျွန်တော် တိုကျိုကို စ ရောက်ပါပြီ ဆိုကတည်းက ဖုန်း Ringtone သံ သိပ်မကြား ဖူး ဆိုလျှင် အံ့သြကြမယ် ထင်ပါတယ် ...တကယ်ပါ မကြားဘူးသလောက် ကို ပါ...
ရထားထဲမှာ ဖုန်းပြောခွင့်မရှိ၊ ringtone သံမရှိ၊ ကိုယ့် အိမ်မှာ ကိုယ် နေရင်တောင် ဆူညံခြင်း မရှိ၊ မြို့ထဲမှာ ကားဟွန်းသံ မရှိ( ဟွန်းမတီးရ ဇုံ သက်မှတ်ဖို့ မလိုပါ ကိုယ့်ကြောင့် တဖတ်သား အနှောက်ယှက် မဖြစ်စေရ စိတ်ကလေး တွေ အားလုံး သက်မှတ်လိုက်ရင် အဆင်ပြေပါပြီ)
အတုယူဖို့ ကောင်းတာက အများပြည်သူ စီးနင်းနေတဲ့ ကားထဲမှာ၊ ရထားထဲမှာ ဖုန်းလုံးဝ မပြောကြပါဘူး...အရေးကြီးလို့ ပြောချင်ရင်တောင် အပြင်ထွက်ပြီး ပြောကြတယ်....အထဲမှာ ...ပြောခဲ့ ရင်လည်း မျက်လုံးစိမ်းများနဲ့ ဝိုင်းကြည့်ခံရမှာ မလွဲပါပဲ...ကားဟွန်း အသားကုန်တီး ...ကျော်တက်တာ...ကြားထဲက ဖြတ်ဝင်လို့ ဟွန်း အသံရှည်တီးတာ....အချင်းချင်းတွေ့လို့ ဟွန်းတီးတာ...မရှိပါဘူး ဗျာ...
စည်းကမ်းဆိုတဲ့ တစ်ချက်ကို အားလုံးလိုက်နာတာနဲ့
အလိုလိုနေရင်း အကုသိုလ်ပါ ကင်းပါတယ်...
'အများပြည်သူ ဆိုင်တဲ့ နေရာတိုင်းမှာ ကိုယ့်အသံကြောင့် အနှောက်ယှက် မဖြစ်စေရ ဆိုတဲ့ ယဉ်ကျေးမှု' ဒီယဉ်ကျေးမှုကိုရော ကျွန်တော်တို့ မလုပ်နိုင်ကြဘူးလား...
ကျွန်တော်တို့ အမျိုးမှာတော့ ကထိန်၊အလှူ၊ မင်္ဂလာဆောင် တွေမှာ အသံ စူးမှ မြူးတယ်ထင်တယ်၊ အသံ ကျယ်မှ စည်တယ်ထင်ကြတယ်...အပြိုင်အဆိုင်ကလည်း များကြတာကိုး...
ရပ်ကွက်ထဲတွေမေးကြည့်ပါ...ပွဲပြီးလို့ မင့်တို့အလှု မြူးတာကွာ ပြောတဲ့သူနဲ့ အလှူသံကြောင့် အိပ်မရဘူး ညဉ်းတဲ့သူ ဘယ်က များပါသလဲ....
သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပေမယ့် ပြင်သင့်တာတော့ ပြင်ဖို့ လိုပြီ ထင်ပါတယ် ဗျာ...။
မင်းယျာ


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။