`ကမ္ဘာ့သတင်း´
..
ထိုင်ဝမ်သမ္မတသစ်က စီးပွားရေးပညာရှင်ကို ၀န်ကြီးချုပ်ခန့်
++++++++++++++++++++++
ထိုင်ဝမ်၊ မတ် ၁၅။ ။
ထိုင်ဝမ်သမ္မတသစ်အဖြစ် ရွေးကောက်ခံရတဲ့ ဆိုင်အမ်းဝမ်က သူ့ရဲ့ပထမဆုံးရာထူးခန့်အပ်မှုအဖြစ် နိုင်ငံ့စီးပွားရေး တဟုန်ထိုးမြင့်တက်စေဖို့ ရည်၇ွယ်ပြီး စီးပွားရေးပညာရှင်ဟောင်းတစ် ယောက်ကို အင်္ဂါနေ့က ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
လင်ချန်းဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်ပြီး ဆိုင် တရားဝင် ရာထူးလက်ခံတဲ့ မေ ၂၀ ရက်နေ့မှာ ၀န်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ် ။
တရုတ်ကိုလက်သင့်မခံလိုတဲ့ ဆိုင်ရဲ့ ဒီပီပီပါတီ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေထဲမှာ လက်ရှိအာဏာရ ကူမင်တန်ပါတီ ရွေးကောက်ပွဲမှာအရေးနိမ့်ခဲ့ ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စီးပွားရေးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့စိန်ခေါ်မှုလည်း ပါဝင်ပါတယ်။
သာမာန်ထိုင်ဝမ်ပြည်သူတွေက ကူမင်တန် ရှစ်နှစ်အုပ်ချုပ်ချိန်အတွင်း ဘေဂျင်းနဲ့လက်မှတ်ထိုးခဲ့တဲ့  ကုန်သွယ်ရေးစာချုပ်တွေဟာ သူတို့အတွက် အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။
ထိုင်ဝမ်ဟာ ၂၀၁၆ အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၂.၃၂ ရာခိုင်နှုန်းကနေ ၁.၄၇ ရာခိုင်နှုန်းကို လျှော့ချခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဟာ ထင်တာထက်အခြေအနေဆိုးခဲ့ပြီး နှစ်ကုန်မှာ ထိုင်ဝမ်ဟာ စီးပွားဆုတ်ကပ်ထဲ သက်ဆင်းခဲ့ရပါတယ်။
လင်း (၆၄ နှစ်) ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တောက်ပတဲ့မှတ်တမ်းရှိတယ်လို့  ဆိုင်က ပြောပါတယ်။
“လင်းဟာ ဆက်သွယ်ရေးကောင်းမွန်သူဖြစ် ပြီး နိုင်ငံကိုဘယ်လိုအုပ်ချုပ်မ ယ်ဆိုတဲ့ ကျွန်မရဲ့စိတ်ကူးတွေနဲ့ ရင်းနှီးကျွမ်းဝင်ပါတယ်။ သူ့ရဲ့အရင်အစိုးရအတွေ့အကြုံ က
သတိပြုမိလောက်အောင် ထင်ရှားတယ်။ အဲဒါကြောင့် သူ့ကို ကျွန်မ
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ဆိုင်က ပြောပါတယ်။
အစိုးရအဖွဲ့အပြည့်အစုံခန့်အ ပ်မှုကို နောက်လမှာ ဆုံးဖြတ်မယ်လို့ ဆိုင်က ပြောပါတယ်။
“လင်းဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ စီးပွားရေးသက်သက်ကိုပဲ အဓိကထားမှာမဟုတ်ဘူးလို့ ကျွန်မက ကတိပြုချင်ပါတယ်” လို့ သူက ပြောပါတယ်။
“အစိုးရအဖွဲ့ဟာ နိုင်ငံရေးပါတီတွေအတွက် ရံပုံငွေကိစ္စကနေ ပင်စင်အထိ ကိစ္စအမျိုးမျိုးကို ကိုင်တွယ်တဲ့ ပြုပြင်ပြောင်းလဲရေးအစိုးရအ ဖွဲ့ ဖြစ်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AFP, Mar 15th
..
ထိုင်ဝမ်သမ္မတသစ်က စီးပွားရေးပညာရှင်ကို ၀န်ကြီးချုပ်ခန့်
++++++++++++++++++++++
ထိုင်ဝမ်၊ မတ် ၁၅။ ။
ထိုင်ဝမ်သမ္မတသစ်အဖြစ် ရွေးကောက်ခံရတဲ့ ဆိုင်အမ်းဝမ်က သူ့ရဲ့ပထမဆုံးရာထူးခန့်အပ်မ
လင်ချန်းဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်ပြီ
တရုတ်ကိုလက်သင့်မခံလိုတဲ့ ဆိုင်ရဲ့ ဒီပီပီပါတီ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေထဲမှာ လက်ရှိအာဏာရ ကူမင်တန်ပါတီ ရွေးကောက်ပွဲမှာအရေးနိမ့်ခဲ
သာမာန်ထိုင်ဝမ်ပြည်သူတွေက ကူမင်တန် ရှစ်နှစ်အုပ်ချုပ်ချိန်အတွင
ထိုင်ဝမ်ဟာ ၂၀၁၆ အတွက် စီးပွားရေးတိုးတက်မှုနှုန်းက
လင်း (၆၄ နှစ်) ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တောက်ပတဲ့မှတ်တမ်းရှိတယ်လို
“လင်းဟာ ဆက်သွယ်ရေးကောင်းမွန်သူဖြစ်
အစိုးရအဖွဲ့အပြည့်အစုံခန့်အ
“လင်းဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ စီးပွားရေးသက်သက်ကိုပဲ အဓိကထားမှာမဟုတ်ဘူးလို့ ကျွန်မက ကတိပြုချင်ပါတယ်” လို့ သူက ပြောပါတယ်။
“အစိုးရအဖွဲ့ဟာ နိုင်ငံရေးပါတီတွေအတွက် ရံပုံငွေကိစ္စကနေ ပင်စင်အထိ ကိစ္စအမျိုးမျိုးကို ကိုင်တွယ်တဲ့ ပြုပြင်ပြောင်းလဲရေးအစိုးရအ
ဘာသာပြန် - စုပြည့်စုံ
Ref: AFP, Mar 15th

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။