အဆင့်မြင့် နိုင်ငံတစ်ခုကို ပညာရေးဖြင့် တည်ဆောက်စို့
|| ဒေါက်တာခင်မောင်ညို ||
( ၁ )
မောင်ဘသစ်တို့ ငယ်စဉ်က ကျောင်းသွားတော့ ဆရာတွေက စာသင်ပေးသည်။ စာသင်ပေးတာ ဘာလုပ်ဖို့လဲ။ စာတတ်လျှင် ကာတွန်းတွေဖတ်လို့ရသည်။ ဇာတ်လမ်းတွေ ဖတ်လို့ရသည်။ ဟိုခေတ်က အသံတိတ်ရုပ်ရှင်တွေမှာ စာတွေကို ဖတ်နိုင်သည်။ မောင်ဘသစ်တို့ ငယ်ငယ်က အသံထွက်ရုပ်ရှင်တွေ မပေါ်သေးပါဘူး။
မင်းသား မောင်တင်မောင်က မေရှင့်ကို ဖက်လိုက်သည်။ မေရှင်က တွန်းပစ်သည်။
မေရှင်က “လူကြီးတွေ မြင်သွားမယ်။ ရှင် ဘာလုပ်တာလဲ” ဟု စာတန်းထိုးသည်။
တစ်ရုံလုံးက တညီတညာတည်း အသံထွက်ကာ ဖတ်သည်။ ပြီးတော့ ရုပ်ရှင်ကို ပြန်ပြသည်။
မောင်တင်မောင်က မေရှင့်ကို အတင်းပွေ့ကာ ပြန်ပြောသည်။
“ချစ်လို့ပါ မေရယ်” တဲ့။
စာမတတ်တဲ့ အဘွားကြီးတွေက စာတတ်တဲ့ ကလေးတွေကို ရုပ်ရှင်ရုံထဲ ခေါ်သွားကြသည်။ အသံတိတ် ကားတွေထဲက စာတွေကို ဖတ်ခိုင်းသည်။ မောင်ဘသစ်တို့လို စာတတ်သည့် ကလေးများသည် ရုပ်ရှင်လည်း ကြည့်ရသည်။ မုန့်လည်း စားရသည်။ စာတတ်သည့်အကျိုး ထိုနေရာကစသည်။
( ၂ )
အတန်းထဲတွင် စာတော်သူသည် မျက်နှာရှိသည်။ ဆရာမကလည်း ဦးစားပေးသည်။ ကလေးအချို့ စာကြိုးစားသည်။ အချို့က အပေါင်းအသင်း မက်သည်။ အချို့မှာ ကစားမက်သည်။ အချို့မှာ မိဘ လုပ်ငန်းကူဖို့ ကျောင်းက ထွက်သွားကြရသည်။ ဒီလို ကျောင်းသား လူငယ်တွေထဲမှာ ရှားရှားပါးပါး စာပေ၀ါသနာ ပါသွားသူတွေလည်း ရှိသည်။ အထူးသဖြင့် မိဘတွေက စာအုပ်ဖတ်သူများ ဖြစ်ပါက သားသမီးများသည်လည်း စာပေ၀ါသနာ ပါသွားကြသည်။ သူတို့သည် စာပေဖြင့် ကမ္ဘာ့တစ်နေရာကို သွား၍ရကြောင်း သိလာသည်။ စာပေဖြင့် အမြော်အမြင်တွေ ရလာသည်။ လူတွေအကြောင်းကို သိလာသည်။ ရှာမှ ရှားသော ထိုလူများထဲတွင် ကိုဘသစ်လည်း ပါသည်။ တကယ်တော့ မောင်ဘသစ်သည် အဖော်ခင်သည်။ ကစားမက်သည်။ သို့သော် စာပေကိုတော့ ချစ်မြတ်နိုးသည်။ မောင်ဘသစ် စာပေချစ်ရသည့်အကြောင်းမှာ စိတ်ထားမြင့်မြတ်သောကြောင့်
မဟုတ်ပါ။ အိမ်၏ လက်လှမ်းမီရာတွင် စာအုပ်တွေ ရှိသည်။ အဖေလည်း စာဖတ်၊ အမေလည်း
စာဖတ်၊ အဘိုးလည်း စာဖတ်သည်။ မောင်ဘသစ်က တစ်ယောက်တည်း ခွကျသည်။
မသိတာကိုမေးဖို့ ဘယ်သူမှမရှိ။ တစ်ခါတစ်ခါ အစ်မကိုတော့ ကပ်မေးရသည်။ အစ်မက
ဗဟုသုတ ကြွယ်ပါသည်။
“နင် ဘယ်လိုသိလဲ”
မောင်ဘသစ်သည် သူ့ထက် နှစ်နှစ်ကြီးသော အစ်မကို နင်နဲ့ငါ ပြောမှ အားရသည်။
“စာအုပ်ထဲမှာ ပါတယ်။ နင်စာဖတ်ပေါ့”
မောင်ဘသစ် စာဖတ်သည်။ သို့သော် ဒီလိုစာဖတ်ဖို့ ဆရာ (Mentor) တော့ လိုသည်။ မောင်ဘသစ်က ပုံပြင်တွေ၊ ကဗျာတွေ ရေးသော စာရေးဆရာကိုမင်းသုဝက်ဟု ဖတ်လျှင် အစ်မက “မင်းသုဝက် မဟုတ်ဘူး။ ဏကြီးနဲ့ သတ်ထားတာ။ အဲဒါ နငယ်သတ်တာနဲ့ အတူတူပဲ” ဟု ရှင်းပြသည်။
လူကြီးတွေ တော်တော်ရှုပ်သည်။
“ဒီလိုရှုပ်တာကို အသိဥာဏ်ရှိတဲ့လူတွေက ရှင်းအောင်ကြည့်ရတယ်”
အစ်မစကားကို မြေ၀ယ်မကျ မှတ်ထားပါသည်။ ကြီးလာတော့ ဆရာတော် ဦးဇောတိက၏ အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုသည့် စကားကို ထောက်ခံမိသည်။
( ၃ )
အရှုပ်ထဲမှာ ရှင်းအောင် ဘာနဲ့နေမလဲ။
ပညာနဲ့ နေရပါသည်။
ပညာကို ဘယ်ကရမလဲ။
ပညာရရတဲ့ ဌာနတွေကတော့ များသည်။
* ပတ်ဝန်းကျင်က ရသည်။
* ကျောင်းတွေ၊ ပညာဖြန့်ဖြူးရာ ဌာန Institution တွေကရသည်။
* စာအုပ်တွေက ရသည်။
* ဆွေးနွေးမှုက ရသည်။
ပညာရရာရကြောင်း အကောင်းဆုံး နည်းလမ်းတွေက စာဖတ်ခြင်းသည် ရိုးစင်းလွယ်ကူ၍ တိုက်ရိုက်ပညာရခြင်းဖြစ်သည် ။ သို့သော် ကျောင်း၊ ပတ်ဝန်းကျင်၊ Institution တွေ၊ ဆွေးနွေးပွဲများနှင့် ဆရာများကိုတော့ အထိုက်အလျောက် လိုအပ်ပါသည်။
ခုခေတ်မှာတော့ အများစုက ကျောင်းမှသာ ပညာရသည်ဟု ယူဆကြသည်။
* ဆရာ၊ ဆရာမ သင်သောစာ၊
* ကျောင်းစာအုပ်၊ အဖြေစုံစာအုပ်
* သင်ရိုး
* ကျူရှင်မှာ သင်သောစာ
ဒါတွေကို ကျက်မှတ်ပါမှ ပညာတတ်သည်ဟု ယူဆကြသည်။ ထိုပညာတတ်များသည် အမှတ်ကောင်းလေလေ အခွင့်ကောင်းပိုရကာ တက္ကသိုလ် ကောင်းကောင်းကို တက်နိုင်လေဖြစ်သည်။ ဒီလို တတ်မြောက်တာကို ပညာတတ်သည်ဟု ယူဆနေကြသည်။ ခေတ်စနစ်အရ မိဘများသည် မိမိသားသမီးကို ကောင်းစား စေလိုသောကြောင့် ကျောင်းကောင်းကောင်း ကျူရှင်ကောင်းကောင်းထားသည်။
ပညာသင်သည်မှာ လိုင်းကောင်းကောင်း၊ အလုပ်ကောင်းကောင်းရရန် အတွက် ဖြစ်သည်။
အရင်ခေတ်ကတော့ သားသမီးတွေကို ကျောင်းထားရခြင်းမှာ ပညာတတ်များ ဖြစ်လာစေဖို့
ဖြစ်သည်။ ယနေ့တွင် သားသမီးများ အမှတ်များရန် အချို့သော မိဘများကလည်း
ဘာကိုမဆို လုပ်တတ်ကြသည်။ ဒါဟာ သားသမီးများ ပညာတတ်များဖြစ်လာရန်
အားပေးခြင်းလား။ သားသမီးတွေ လူကောင်းသူကောင်း ဖြစ်ကာ တိုင်းပြည်အတွက်
တစ်တပ်တစ်အား ပါဝင်ရန် ဆန္ဒရှိဖို့လိုသည်။
( ၄ )
အမှန်တော့ ယနေ့သည် ပညာခေတ်ဖြစ်သည်။ ကွန်ပျူတာတက္ကနိုလိုဂျီသည် အင်မတန် ခေတ်စားပြီး လူ့လောက၏ နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ခဲ့သည်။ ပညာခေတ်မှာ ပညာရှာတာလည်း မှန်ကန်ပါသည်။ ကျောင်းတွေ တက်မည်။ ကျူရှင်ယူမည်။ စာတွေကျက်မည်။ ထိုအထိ မှန်ပါသည်။ သို့သော် လူငယ်များသည် ကမ္ဘာကြီးကို တည်ဆောက်ရမည်။ နိုင်ငံကို တည်ဆောက်ရပါမည်။ နိုင်ငံတော်ကို တည်ဆောက်ရန် ကျောင်းစာသက်သက်ဖြင့် မရပါ။ အပြင်စာတွေ ဖတ်ရမည်။ လေ့လာမှုတွေ ဆွေးနွေးမှုတွေ ပြုကြရသည်။ စာဖတ်ရင်း တွေးရသည်။ ကျောင်းတွေက အတွေးတွေကို မေးရသည်။ ကျောင်းသားတွေက အမေးတွေကို တွေးရသည်။
စာဖတ်ရင်းက Critical Thinking ဟု ခေါ်သော ဆင်ခြင်နိုင်မှုကို ရရှိသည်။ စာဖတ်ခြင်းမှ ရသော အကျိုးတရားကို အငြင်းပွားရန် မလိုပါ။ ၁၉၄၈ ခုနှစ်က မြန်မာပြည် လွတ်လပ်ရေးရသည်။ အနောက်တိုင်း သတင်းစာများက မြန်မာပြည်သည် အာရှတိုက်ရဲ့ ကျားကြီးတစ်ကောင် ဖြစ်လာမည်ဟု ရေးခဲ့သည်။ သို့သော် အားလုံးသိသည့်အတိုင်း မြန်မာသည် အာရှကျားမပြောနဲ့ အာရှကြောင်သော်မျှ ဖြစ်မလာပေ။ ၀မ်းနည်းဖွယ် ကောင်းလေစွ။ တကယ်တမ်း ဘာကြောင့် ဒီလိုရေးကြတာလဲ။ ဆန်းစစ် လိုက်သည့်အခါ မြန်မာတို့သည် စာတတ်ပေတတ်များ ဖြစ်သည်။ စာတတ်မြောက်နှုန်း အလွန်မြင့်သည်။ စာတတ်လျှင် တိုင်းပြည်မြင့်မည်။ ဒီအတွက် သူတို့ ခန့်မှန်းခဲ့ကြသည်။
သို့သော် အကြောင်းနှစ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲတွင်းထဲရောက်သွားသည်။
ပထမအချက်က စာတတ်သော မြန်မာတို့သည် စာမဖတ်ကြပေ။ ဒုတိယအချက်ကတော့ အစိုးရက
စာဖတ်ရန် မကူညီပါ။ ပြည်သူများ အင်မတန် အလုပ်များနေကြသည်။ သူတို့ရထားသော
ငွေများကို အစိုးရက ဖျက်သိမ်းလိုက်သည်။ သူတို့အတွက် ခွဲတမ်းစနစ်တွေနှင့်
နေ့ညမသေရုံအတွက် ကြိုးစားရုန်းကန်ခဲ့ရသည်။ နောက်ဆုံး မြန်မာပြည်သည်
အဆင်းရဲဆုံး နိုင်ငံအဖြစ် ခံလိုက်ရတော့သည်။
( ၅ )
ယနေ့ အမေရိကန်သမ္မတ အိုဘားမား၊ အာဖရိကအနွယ်ဝင် ဖြစ်သည်။ ဒီမတိုင်မီက ကွန်ဒိုရီဇာရိုက်ဟ်၊ နိုင်ငံခြားရေးဝန်ကြီး။ အာဖရိက အနွယ်ဖွား။ အဲဒီမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝယ်။ သူတို့အားလုံးသည် အသားမည်းကြသည်။ တစ်ချိန်က အာဖရိကနွယ်ဖွား အသားမည်းသူများကို အမေရိကန် လူဖြူက ကျွန်ပြုခဲ့သည်။ သူတို့ နှစ် ၂၀၀ ကျော် ခေါင်းမဖော်နိုင်ခဲ့ပါ။ အဓိကကတော့ သူတို့ စာမဖတ်လို့၊ စာဖတ်ခွင့်မရှိလို့၊ စာသင်ခွင့်မရှိလို့ပါပဲ။ ယနေ့ သူတို့စာဖတ်လာလို့ ထိပ်ပိုင်းနေရာတွေကို ရယူနိုင်ခြင်းဖြစ်သည်။ သေသေချာချာ စဉ်းစားကြည့်ရင် လူသားသည် တစ်မျိုးတည်းသော စကား၊ စာတို့ဖြင့် ဆက်သွယ်နိုင်သူများ ဖြစ်သည်။ ဘယ် တိရစ္ဆာန်တစ်ကောင်တစ်မြီးမှ စကားမပြောနိုင်ပါ။ စာမတတ်ကြပါ။ ကွန်ပျူတာ မရိုက်တတ်ကြပါ။ လူတို့၏ ဆက်သွယ်မှုသည် ယနေ့တွင် အံ့မခန်းပေ။ ထို့ကြောင့် သူတို့ ဆက်သွယ်မှု ကောင်းလေလေ တိုးတက်လေလေ ဖြစ်သည်ကို မငြင်းနိုင်ပေ။ ရှေ့ကို မြော်မြင်ကြည့်ကြပါ။
အချုပ်အားဖြင့် မြန်မာပြည်ကို အဆင့်မြင့်မြင့် တည်ဆောက်လိုရင်တော့ စာပေအတွက် တစ်စုံတစ်ခု ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ရမည်။ လူငယ်များအတွက် စာအုပ်တွေ အများကြီးလိုသည်။ ဘာသာပြန်စာပေတွေ လိုသည်။ ယနေ့ ပြည်သူ့အစိုးရ အုပ်ချုပ်ပါတော့မည်။ ပြည်သူများ၏ အစိုးရသည် ပြည်သူများအတွက် အသိရှိရှိဖြင့် ကြိုးပမ်းပေးပါ။ ပြည်သူများကလည်း အားလုံး ပူးပေါင်းဆောင်ရွက်ကြပါဟူ၍ ပြောလိုပါသည်။
ဒေါက်တာခင်မောင်ညို
The Ladies News
|| ဒေါက်တာခင်မောင်ညို ||
( ၁ )
မောင်ဘသစ်တို့ ငယ်စဉ်က ကျောင်းသွားတော့ ဆရာတွေက စာသင်ပေးသည်။ စာသင်ပေးတာ ဘာလုပ်ဖို့လဲ။ စာတတ်လျှင် ကာတွန်းတွေဖတ်လို့ရသည်။ ဇာတ်လမ်းတွေ ဖတ်လို့ရသည်။ ဟိုခေတ်က အသံတိတ်ရုပ်ရှင်တွေမှာ စာတွေကို ဖတ်နိုင်သည်။ မောင်ဘသစ်တို့ ငယ်ငယ်က အသံထွက်ရုပ်ရှင်တွေ မပေါ်သေးပါဘူး။
မင်းသား မောင်တင်မောင်က မေရှင့်ကို ဖက်လိုက်သည်။ မေရှင်က တွန်းပစ်သည်။
မေရှင်က “လူကြီးတွေ မြင်သွားမယ်။ ရှင် ဘာလုပ်တာလဲ” ဟု စာတန်းထိုးသည်။
တစ်ရုံလုံးက တညီတညာတည်း အသံထွက်ကာ ဖတ်သည်။ ပြီးတော့ ရုပ်ရှင်ကို ပြန်ပြသည်။
မောင်တင်မောင်က မေရှင့်ကို အတင်းပွေ့ကာ ပြန်ပြောသည်။
“ချစ်လို့ပါ မေရယ်” တဲ့။
စာမတတ်တဲ့ အဘွားကြီးတွေက စာတတ်တဲ့ ကလေးတွေကို ရုပ်ရှင်ရုံထဲ ခေါ်သွားကြသည်။ အသံတိတ် ကားတွေထဲက စာတွေကို ဖတ်ခိုင်းသည်။ မောင်ဘသစ်တို့လို စာတတ်သည့် ကလေးများသည် ရုပ်ရှင်လည်း ကြည့်ရသည်။ မုန့်လည်း စားရသည်။ စာတတ်သည့်အကျိုး ထိုနေရာကစသည်။
( ၂ )
အတန်းထဲတွင် စာတော်သူသည် မျက်နှာရှိသည်။ ဆရာမကလည်း ဦးစားပေးသည်။ ကလေးအချို့ စာကြိုးစားသည်။ အချို့က အပေါင်းအသင်း မက်သည်။ အချို့မှာ ကစားမက်သည်။ အချို့မှာ မိဘ လုပ်ငန်းကူဖို့ ကျောင်းက ထွက်သွားကြရသည်။ ဒီလို ကျောင်းသား လူငယ်တွေထဲမှာ ရှားရှားပါးပါး စာပေ၀ါသနာ ပါသွားသူတွေလည်း ရှိသည်။ အထူးသဖြင့် မိဘတွေက စာအုပ်ဖတ်သူများ ဖြစ်ပါက သားသမီးများသည်လည်း စာပေ၀ါသနာ ပါသွားကြသည်။ သူတို့သည် စာပေဖြင့် ကမ္ဘာ့တစ်နေရာကို သွား၍ရကြောင်း သိလာသည်။ စာပေဖြင့် အမြော်အမြင်တွေ ရလာသည်။ လူတွေအကြောင်းကို သိလာသည်။ ရှာမှ ရှားသော ထိုလူများထဲတွင် ကိုဘသစ်လည်း ပါသည်။ တကယ်တော့ မောင်ဘသစ်သည် အဖော်ခင်သည်။ ကစားမက်သည်။ သို့သော် စာပေကိုတော့ ချစ်မြတ်နိုးသည်။ မောင်ဘသစ် စာပေချစ်ရသည့်အကြောင်းမှာ စိတ်ထားမြင့်မြတ်သောကြောင့်
“နင် ဘယ်လိုသိလဲ”
မောင်ဘသစ်သည် သူ့ထက် နှစ်နှစ်ကြီးသော အစ်မကို နင်နဲ့ငါ ပြောမှ အားရသည်။
“စာအုပ်ထဲမှာ ပါတယ်။ နင်စာဖတ်ပေါ့”
မောင်ဘသစ် စာဖတ်သည်။ သို့သော် ဒီလိုစာဖတ်ဖို့ ဆရာ (Mentor) တော့ လိုသည်။ မောင်ဘသစ်က ပုံပြင်တွေ၊ ကဗျာတွေ ရေးသော စာရေးဆရာကိုမင်းသုဝက်ဟု ဖတ်လျှင် အစ်မက “မင်းသုဝက် မဟုတ်ဘူး။ ဏကြီးနဲ့ သတ်ထားတာ။ အဲဒါ နငယ်သတ်တာနဲ့ အတူတူပဲ” ဟု ရှင်းပြသည်။
လူကြီးတွေ တော်တော်ရှုပ်သည်။
“ဒီလိုရှုပ်တာကို အသိဥာဏ်ရှိတဲ့လူတွေက ရှင်းအောင်ကြည့်ရတယ်”
အစ်မစကားကို မြေ၀ယ်မကျ မှတ်ထားပါသည်။ ကြီးလာတော့ ဆရာတော် ဦးဇောတိက၏ အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုသည့် စကားကို ထောက်ခံမိသည်။
( ၃ )
အရှုပ်ထဲမှာ ရှင်းအောင် ဘာနဲ့နေမလဲ။
ပညာနဲ့ နေရပါသည်။
ပညာကို ဘယ်ကရမလဲ။
ပညာရရတဲ့ ဌာနတွေကတော့ များသည်။
* ပတ်ဝန်းကျင်က ရသည်။
* ကျောင်းတွေ၊ ပညာဖြန့်ဖြူးရာ ဌာန Institution တွေကရသည်။
* စာအုပ်တွေက ရသည်။
* ဆွေးနွေးမှုက ရသည်။
ပညာရရာရကြောင်း အကောင်းဆုံး နည်းလမ်းတွေက စာဖတ်ခြင်းသည် ရိုးစင်းလွယ်ကူ၍ တိုက်ရိုက်ပညာရခြင်းဖြစ်သည်
ခုခေတ်မှာတော့ အများစုက ကျောင်းမှသာ ပညာရသည်ဟု ယူဆကြသည်။
* ဆရာ၊ ဆရာမ သင်သောစာ၊
* ကျောင်းစာအုပ်၊ အဖြေစုံစာအုပ်
* သင်ရိုး
* ကျူရှင်မှာ သင်သောစာ
ဒါတွေကို ကျက်မှတ်ပါမှ ပညာတတ်သည်ဟု ယူဆကြသည်။ ထိုပညာတတ်များသည် အမှတ်ကောင်းလေလေ အခွင့်ကောင်းပိုရကာ တက္ကသိုလ် ကောင်းကောင်းကို တက်နိုင်လေဖြစ်သည်။ ဒီလို တတ်မြောက်တာကို ပညာတတ်သည်ဟု ယူဆနေကြသည်။ ခေတ်စနစ်အရ မိဘများသည် မိမိသားသမီးကို ကောင်းစား စေလိုသောကြောင့် ကျောင်းကောင်းကောင်း ကျူရှင်ကောင်းကောင်းထားသည်။
( ၄ )
အမှန်တော့ ယနေ့သည် ပညာခေတ်ဖြစ်သည်။ ကွန်ပျူတာတက္ကနိုလိုဂျီသည် အင်မတန် ခေတ်စားပြီး လူ့လောက၏ နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ခဲ့သည်။ ပညာခေတ်မှာ ပညာရှာတာလည်း မှန်ကန်ပါသည်။ ကျောင်းတွေ တက်မည်။ ကျူရှင်ယူမည်။ စာတွေကျက်မည်။ ထိုအထိ မှန်ပါသည်။ သို့သော် လူငယ်များသည် ကမ္ဘာကြီးကို တည်ဆောက်ရမည်။ နိုင်ငံကို တည်ဆောက်ရပါမည်။ နိုင်ငံတော်ကို တည်ဆောက်ရန် ကျောင်းစာသက်သက်ဖြင့် မရပါ။ အပြင်စာတွေ ဖတ်ရမည်။ လေ့လာမှုတွေ ဆွေးနွေးမှုတွေ ပြုကြရသည်။ စာဖတ်ရင်း တွေးရသည်။ ကျောင်းတွေက အတွေးတွေကို မေးရသည်။ ကျောင်းသားတွေက အမေးတွေကို တွေးရသည်။
စာဖတ်ရင်းက Critical Thinking ဟု ခေါ်သော ဆင်ခြင်နိုင်မှုကို ရရှိသည်။ စာဖတ်ခြင်းမှ ရသော အကျိုးတရားကို အငြင်းပွားရန် မလိုပါ။ ၁၉၄၈ ခုနှစ်က မြန်မာပြည် လွတ်လပ်ရေးရသည်။ အနောက်တိုင်း သတင်းစာများက မြန်မာပြည်သည် အာရှတိုက်ရဲ့ ကျားကြီးတစ်ကောင် ဖြစ်လာမည်ဟု ရေးခဲ့သည်။ သို့သော် အားလုံးသိသည့်အတိုင်း မြန်မာသည် အာရှကျားမပြောနဲ့ အာရှကြောင်သော်မျှ ဖြစ်မလာပေ။ ၀မ်းနည်းဖွယ် ကောင်းလေစွ။ တကယ်တမ်း ဘာကြောင့် ဒီလိုရေးကြတာလဲ။ ဆန်းစစ် လိုက်သည့်အခါ မြန်မာတို့သည် စာတတ်ပေတတ်များ ဖြစ်သည်။ စာတတ်မြောက်နှုန်း အလွန်မြင့်သည်။ စာတတ်လျှင် တိုင်းပြည်မြင့်မည်။ ဒီအတွက် သူတို့ ခန့်မှန်းခဲ့ကြသည်။
သို့သော် အကြောင်းနှစ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲတွင်းထဲရောက်သွားသည်။
( ၅ )
ယနေ့ အမေရိကန်သမ္မတ အိုဘားမား၊ အာဖရိကအနွယ်ဝင် ဖြစ်သည်။ ဒီမတိုင်မီက ကွန်ဒိုရီဇာရိုက်ဟ်၊ နိုင်ငံခြားရေးဝန်ကြီး။ အာဖရိက အနွယ်ဖွား။ အဲဒီမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝယ်။ သူတို့အားလုံးသည် အသားမည်းကြသည်။ တစ်ချိန်က အာဖရိကနွယ်ဖွား အသားမည်းသူများကို အမေရိကန် လူဖြူက ကျွန်ပြုခဲ့သည်။ သူတို့ နှစ် ၂၀၀ ကျော် ခေါင်းမဖော်နိုင်ခဲ့ပါ။ အဓိကကတော့ သူတို့ စာမဖတ်လို့၊ စာဖတ်ခွင့်မရှိလို့၊ စာသင်ခွင့်မရှိလို့ပါပဲ။ ယနေ့ သူတို့စာဖတ်လာလို့ ထိပ်ပိုင်းနေရာတွေကို ရယူနိုင်ခြင်းဖြစ်သည်။ သေသေချာချာ စဉ်းစားကြည့်ရင် လူသားသည် တစ်မျိုးတည်းသော စကား၊ စာတို့ဖြင့် ဆက်သွယ်နိုင်သူများ ဖြစ်သည်။ ဘယ် တိရစ္ဆာန်တစ်ကောင်တစ်မြီးမှ စကားမပြောနိုင်ပါ။ စာမတတ်ကြပါ။ ကွန်ပျူတာ မရိုက်တတ်ကြပါ။ လူတို့၏ ဆက်သွယ်မှုသည် ယနေ့တွင် အံ့မခန်းပေ။ ထို့ကြောင့် သူတို့ ဆက်သွယ်မှု ကောင်းလေလေ တိုးတက်လေလေ ဖြစ်သည်ကို မငြင်းနိုင်ပေ။ ရှေ့ကို မြော်မြင်ကြည့်ကြပါ။
အချုပ်အားဖြင့် မြန်မာပြည်ကို အဆင့်မြင့်မြင့် တည်ဆောက်လိုရင်တော့ စာပေအတွက် တစ်စုံတစ်ခု ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ရမည်။ လူငယ်များအတွက် စာအုပ်တွေ အများကြီးလိုသည်။ ဘာသာပြန်စာပေတွေ လိုသည်။ ယနေ့ ပြည်သူ့အစိုးရ အုပ်ချုပ်ပါတော့မည်။ ပြည်သူများ၏ အစိုးရသည် ပြည်သူများအတွက် အသိရှိရှိဖြင့် ကြိုးပမ်းပေးပါ။ ပြည်သူများကလည်း အားလုံး ပူးပေါင်းဆောင်ရွက်ကြပါဟူ၍ ပြောလိုပါသည်။
ဒေါက်တာခင်မောင်ညို
The Ladies News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။