Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 22, 2016

သင် အမှန်တကယ် ဆန္ဒရှိတဲ့အတိုင်း အောင်မြင်ဖို့

သင် အမှန်တကယ် ဆန္ဒရှိတဲ့အတိုင်း အောင်မြင်ဖို့
~~~~~~~~~~~~~~~~~~~~~~~~~~

သင် ဘာပဲကြိုးစားကြိုးစား ဘ၀ဟာ ရှေ့ကို ခက်ခက်ခဲခဲ ခြေတစ်လှမ်းလှမ်းပြီး နောက်ကို နှစ်လှမ်းပြန်ဆုတ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုလိုမျိုး နေ့ရက်တွေကို ကြုံဖူးသလား။ ဒီကနေ့ဟာ သင့်ဘ၀ရဲ့ ခေါင်းဆောင်နေရာကို ယူပြီး အောင်မြင်မှုအတွက် နည်းဗျူဟာတွေကို ချမှတ်ဖို့ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်။ သင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်လိမ့်မယ်၊ ပြီးတော့ သင့်ရဲ့ အောင်မြင်မှု အစီအစဉ်ထဲမှာ သင့်ကိုယ်သင် နှစ်မြှုပ်ထားဖို့လည်း လိုအပ်လိမ့်မယ်။ ဒါပေမယ့် သင် စလုပ်လိုက်ပြီဆိုတာနဲ့ အောင်မြင်မှု သေးသေးလေးတွေဟာ သင့်ကို ပိုပြီး အရှိန်ရလာစေတာ၊ ခြေလှမ်းတစ်လှမ်းချင်းဟာ အောင်မြင်မှုတွေကို ပိုပြီး ဆွဲယူနေတာကို သင် တွေ့ရလိမ့်မယ်။

၁။ သင့်ရဲ့ အောင်မြင်မှုအတွက် တစ်ယောက်တည်းသော တာဝန်ရှိတဲ့သူကို ကြည့်လိုက်ပါ၊ အဲဒါ သင် ပါပဲ။ အောင်မြင်ဖို့အတွက်ဆိုရင် သင်ဟာ သင့်ရဲ့ ဆောင်ရွက်မှုတွေအတွက် အပြည့်အ၀ တာဝန်ယူရပါလိမ့်မယ်။ သင့်ရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် သင့်ရဲ့ ချို့ယွင်းမှုတွေကို တခြားသူတွေထံ ပုံချလို့ မရပါဘူး။
 
၂။ အောင်မြင်သူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို ပျိုးထောင်ပါ။ ပိုပြီးတော့ ပြုံးပါ။ အခြေအနေတိုင်းမှာ ကောင်းတဲ့ဘက်ကို ကြည့်ပါ။ တစ်ခုခုဟာ ဘာကြောင့်ခက်ခဲသလဲ၊ သင် ဘာကြောင့်မလုပ်နိုင်ဘူးလဲ ဆိုတာတွေကို စာရင်းမပြုစုပါနဲ့။ သင် ဘာကြောင့်လုပ်နိုင်တယ် ဆိုတာကို ရှာဖွေပါ။ တစ်ခုတည်းပဲ ရှိတယ်ဆိုရင်တောင် အဲဒီအရာနဲ့ စလုပ်ပါ။ သင်ဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့အတွက်ဆိုရင် အောင်မြင်သူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို သင့်မှာ ရှိလာအောင် လုပ်ရပါမယ်။
 
၃။ ဒီနေ့ ဆုံးဖြတ်ချက်ချပါ။ သင် အောင်မြင်ရမယ်လို့ ဒီနေ့ ဆုံးဖြတ်ချက်ချပါ။ အတိတ်က သင် လုပ်ဆောင်နိုင်ခဲ့မှုတွေအတွက် သင့်ကိုယ်သင် ချီးကျူးပါ။ သင့်ရဲ့ စွမ်းရည်တွေကို သိပါ၊ အဲဒါတွေကို တိုးတက်အောင် လုပ်ပါ။ သင့်မှာ ရည်ရွက်ချက်တစ်ခု ရှိတယ်၊ အခြား အနုတ်လက္ခဏာဆောင်တဲ့ အရာတွေကို ဘေးဖယ်လိုက်ပါ။ အဲဒီရည်မှန်းချက်ကို သတ်မှတ်ပါ၊ သင့်ကိုယ်သင် အပြည့်အ၀ ကျေနပ်မှုရရှိစေဖို့ ဒီနေ့ပဲ စတင်ပါ။
 
၎။ မနက်ခင်း သင် နိုးထတဲ့အခါတိုင်း၊ အခြားသူတွေနဲ့ စကားပြောတဲ့အခါတိုင်း ကောင်းတဲ့အရာတွေနဲ့ စပါ။ အကောင်းမြင်တတ်သူများနှင့် ပေါင်းသင်းပါ။ သူတို့ကိုယ်တိုင်လည်း အောင်မြင်ဖို့ ဆုံးဖြတ်ထားသူတွေနဲ့ ဆက်ဆံပါ။ အဆိုးမြင်သမားတွေကို လုံးဝ ရှောင်ကျဉ်ပါ။ သူတို့က သင့်ကို စိတ်ဓာတ်ကျအောင် လုပ်ရုံတင်မက၊ သူတို့ရဲ့ အဆိုးမြင်အတွေးတွေ၊ ငြီးတွားမှုတွေ၊ ဆင်ခြေပေးမှုတွေက သင့်အတွက် အဆိပ်အတောက် ဖြစ်ပါတယ်။
 
၅။ သင် ဘယ်လို အောင်မြင်စွာ နေထိုင်ဖို့ ဆန္ဒရှိသလဲဆိုတာ မြင်ယောင်ပါ၊ ချရေးပါ။ သင့်အတွက် အဓိပ္ပါယ်ရှိတဲ့ အရာတွေ၊ သင့်ကို ပျော်ရွှင်မှုပေးတဲ့၊ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ဖြစ်စေတဲ့ အရာတွေကို စဉ်းစားကြည့်ပါ။ ပြီးတော့ သင်ဘယ်လို နေထိုင်ချင်သလဲဆိုတာကို တတ်နိုင်သမျှ တိတိကျကျဖြစ်အောင် ချရေးပါ။ အာရုံစူးစိုက်ပါ၊ အနုတ်လက္ခဏာအတွေးတွေကို နားမထောင်ပါနဲ့။ အချက်အလက်တိုင်းကို ချရေးပါ။ သင် ဘယ်မှာ နေထိုင်ချင်သလဲ၊ သင့်ရဲ့ အိမ်က ဘယ်လိုပုံစံမျိုးလဲ၊ သင်နဲ့ သင့်မိတ်ဆွေတွေက ဘာကို စိတ်ဝင်စားကြသလဲ၊ သင့်ရဲ့ အချိန်နဲ့ ငွေကြေးကို ဘယ်လို လူမှုလုပ်ငန်းတွေမှာ သုံးချင်သလဲ။ အဲဒါတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးပါ။ ရက်သတ္တတစ်ပတ်မှာ ကြိမ်ဖန်များစွာ ဖတ်ပါ။ နေ့စဉ်နေ့တိုင်း သင်ဆန္ဒရှိတဲ့ အဲဒီဘ၀ကို နေထိုင်နေပုံကို မြင်ယောင်ကြည့်ပါ။ အဲဒီ အောင်မြင်တဲ့ဘ၀နဲ့ ပိုပြီး နီးလာစေမယ့် အရာတွေကိုသာ လုပ်ဆောင်ပါ။
 
၆။ အောင်မြင်မှုက သင့်အတွက် ဘယ်လိုအဓိပ္ပါယ် သက်ရောက်မှု ရှိသလဲဆိုတာကို သတ်မှတ်ပါ။ သင် အကောင်းဆုံးလုပ်နိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပါ။ သင့်ရဲ့ ဘ၀ကို ဘယ်လိုနေထိုင်ချင်တယ်ဆိုတာကို သင့်ကိုယ်သင် ပြောပါ။ အသံထွက်ပြီး ပြောပါ။ မဟုတ်ရင် သင် အဲဒါကို အောင်မြင်သွားတဲ့အခါ သင် သိလိုက်မှာ မဟုတ်ပါဘူး။
 
၇။ သင့်အမြင်မှာ အောင်မြင်တယ်လို့ သင် ထင်တဲ့သူတွေအကြောင်း၊ ပြီးတော့ ပိုပြီးအောင်မြင်စေမယ့် နည်းလမ်းတွေအကြောင်း စာအုပ်တွေမှာ၊ အင်တာနက်မှာ ဖတ်ရှုပါ။ သင့်ရည်မှန်းချက်ကို နေ့စဉ်နေ့တိုင်း စနစ်တကျ ချဉ်းကပ်ပါ။ နေ့စဉ်နေ့တိုင်း သင့်ရဲ့ အောင်မြင်မှုသို့ ခြေလှမ်းတစ်လှမ်း လှမ်းပါ။
သင့်ရဲ့ စိတ်ကို လက်ရှိအချိန်မှာ ထားပါ။ အနုလက္ခာ လမ်းကြောင်းထဲမှာ လျှောက်သွားနေဖို့ ခွင့်မပြုပါနဲ့။ သင့်အာရုံမှာ သင့်ရဲ့ အောင်မြင်မှုကိုသာ မြင်ယောင်ပါ။ ဆုံးဖြတ်ချက် ခိုင်မာတဲ့ စိတ်ထားနဲ့ သင်ဟာ သင့်ရဲ့လမ်းတစ်လျှောက်မှာ ကျေနပ်ပျော်ရွှင်ပါလိမ့်မယ်။

Ref: 7 Things You Can Do To Reach The Success You Truly Desire by author BZ Riger-Hull
Free E-mail Newsletters!
Source-Soe Myat Noe

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။