Heaven Jade added 7 new photos.
မနေ့ ကမနက် ၈နာရီခန့် (မြန်မာအချိန်-နေ့ လည် ၁နာရီခွဲ) တွင် ဘယ်ဂျီယံနိုင်ငံဘရပ်ဆဲလ်မြို့ လေဆိပ် ပြည်ပထွက်ခွါခန်းမဆောင်နှင့်လေကြောင်းလိုင်းကောင်တာတို့ တွင် ပေါက်ကွဲမှု ကြီး ၂ကြိမ်ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး အသေခံဗုံးဖေါက်ခွဲခဲ့သည်ဟုယူဆရသည့် အကြမ်းဖက်သမား (၃)ဦး ရုပ်ပုံအား သက်ဆိုင်ရာမှထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက် လေဆိပ်တွင်းကင်မရာမှရိုက်ကူးခဲ့သောပုံရိပ်များက အဖန်တလဲစစ်ဆေးခဲ့ရာတွင် အကြမ်းဖက်သမားဟုယူဆရသူ(၃)ဦးအနက် (၂)ဦးဟာ လက်ဝဲလက်တွင်သာလက်အိပ်စွပ်ထားခဲ့ပြီး အဆိုပါလက်အိပ်သည် ပေါက်ကွဲခဲ့သောဗုံးထည့်သွင်းထားနိုင်ဖွယ်ရှိသည်ဟု ဘယ်ဂျီယံလုံခြုံရေးဌါနများမှသုံးသပ်ကြပါတယ်။
လေဆိပ်ပေါက်ကွဲပြီးတနာရီကျော်အကြာ (မနက် ၉း၁၁)ခန့့်တွင်င်ဖြစ်ပွါးခဲ့သောMaelbeek MRT မြေအောက်ရထားဘူတာရုံပေါက်ကွဲမှု ဟာ လေဆိပ်ပေါက်ကွဲမှုထက်ပိုမိုပြင်းထန်ခဲ့ပြီး ရထားတွဲများပင်လျှင်အပိုင်းအစများအထိဖြစ်ခဲ့ရခါအသေအပျောက်လည်းပိုမိုများပြားခဲ့ရပါတယ်။ အပြစ်မဲ့ဒဏ်ရာရသူအချို့ မှာ ခြေပြတ်လက်ပြတ်ထိခိုက်သည့်အပြင်အချို့ မှာ ပူးတွဲပါပုံအတိုင်း သံချောင်းတချောင်းလုံး အဆုတ်တွင်းသို့ ထိုးဖေါက်ဝင်ရောက်ခဲ့သည်အထိပြင်းထန်ခဲ့ပါတယ်။သေဆုံးသူများမှာလည်း ပေါက်ကွဲမှု ကြောင့် လေထဲသို့ မြောက်တက်သွားပြီး ဦးခေါင်းသို့ မဟုတ်ခန္ဓာကိုယ်အစိတ်အပိုင်းများ တခြားစီပြတ်ထွက်လွင့်စင်ခဲ့ရသည်အထိအဖြစ်ဆိုးခဲ့ရပါတယ်။
ပြည်ပထောက်လှမ်းရေးသတင်းများအရ အသေခံဗုံးဖေါက်ခွဲမည့်အကြမ်းဖက်သမား (၃)ဦးထပ်မံရှိနေသေးပြီး အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗြူ ရို(F.B.I)မှလည်းပံ့ပိုးကူညီမယ်လို့ ဆိုထားပါတယ်။ Dr.Myo Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။