Yangon Life Myanmar added 6 new photos.
အခုလို ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ နေရောင်ဒဏ်ကို ထိတွေ့နေရတဲ့ Yangon Life ရဲ့ စာဖတ်မိတ်ဆွေတို့ ရေဓာတ်နဲ့ ဆားဓာတ်တွေ အလိုလို ဆုံးရှုံးတာကို ခံစားကြရပါတယ်။
အဲဒီအခါ ဖြစ်တတ်တဲ့ ကိုယ်ပူခြင်း၊ ခေါင်းမူးခြင်း ၊ ခေါင်းကိုက်ခြင်း၊ အစားအသောက် စားသောက်ချင်စိတ် မရှိခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးပူခြင်း၊ အစာအိမ်နာခြင်း၊ သွေးပေါင်ကျခြင်း၊ ရင်တုန်ခြင်းတို့ကို ကင်းဝေးသက်သာစေတဲ့ အကောင်းဆုံး အသီးဟာ ဖရဲသီးပါ။
ဒါ့အပြင် ဖရဲသီးဟာ ကိုယ်အလေးချိန် ကျစေခြင်း၊ ရင်သားကင်ဆာ အပါအဝင်
ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေခြင်း၊ မျက်စိအားကောင်းခြင်း၊
သွေးပေါင်းတက်ခြင်းကို လျော့နည်းစေခြင်းနဲ့ သွေးလည်ပတ်နှုန်းတို့ကိုလည်း
ပိုမို ကောင်းမွန်စေပါတယ်။
အကြောင်းက ဖရဲသီးမှာ အရေးပြားအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ Moisturizer ၊ အရေးပြား ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေတဲ့ အမိုင်နိုအက်စစ်ဓာတ်တမျိုးဖြစ်တဲ့ Citrulline၊ အသားအရေးပျက်စီးမှုကို ကာကွယ်ပေးတဲ့ ဗီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် ဖြစ်ပါတယ်။
နွေရာသီဟာ လူခန္ဓာကိုယ်တွင်း ရေဓာတ်တွေကို အလွယ်တကူ ခမ်းခြောက်စေပါတယ်။ ဒါကြောင့် စာဖတ်မိတ်ဆွေတို့အတွက် စဉ်းစားကြည့်တဲ့အခါ ဖရဲသီးဟာ ရေဓာတ်ကို ပြန်လည်ဖြည်းတင်းနိုင်တဲ့ အဓိက အစားအစာဖြစ်တာကို တွေ့ရပါတယ်။
အလွန်ပူပြင်းတာကြောင့် ရေချိုးချိန်ကို ဂရုစိုက်ကြပြီး ရေ များများသောက်ကြပါလို့ ထပ်မံ မေတ္တာရပ်ခံပါတယ်။
ကျန်းမာချမ်းသာကြပါစေ………
#Yangonlife #SocialInterest #HealthyandWealthy
#Google Search
Lily ( Yangon life )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။