Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 8, 2016

အပင်သန်ချင်ရင် အကိုင်းကို ခုတ်ပေးဆိုတဲ့ စတိဘ်ဂျော့ဘ်ရဲ့ ခေါင်းဆောင်မှုသင်ခန်းစာ

အပင်သန်ချင်ရင် အကိုင်းကို ခုတ်ပေးဆိုတဲ့
စတိဘ်ဂျော့ဘ်ရဲ့ ခေါင်းဆောင်မှုသင်ခန်းစာ
.
.
TN(NC)
.
Apple အရှင်ဖြစ်လာပြီး ၂၀၀၃ခုနှစ်မှာ စတိဘ်ဟာ သူ့ရဲ့မိသားစုဆရာဝန်ဆီ သွားပြီး ကျောက်ကပ်ကို စစ်တယ်။ CT Scan စစ်ပြီးနောက်မှာတော့ ဆရာဝန်တွေ ဟာ သူ့မှာ ရှားပါးတဲ့ကင်ဆာရောဂါတစ်မျိုး ရှိနေတာ တွေ့လိုက်ရတော့တယ်။
.
ကင်ဆာရှိပေမယ့် ဂျော့ဘ်အတွက် သတင်းကောင်းက
ရောဂါဖြစ်ဖြစ်ချင်း ခွဲစိတ် လိုက်ရင်ပျောက်တယ်။
.
ဒါကြောင့် စတိဘ်ဟာ ရောဂါစဖြစ်စမှာ သိတာမို့ ကံကောင်းခဲ့တယ်။
.
ကံဆိုးတာကတော့ စတိဘ်ဟာ ခွဲစိတ်ဖို့ ငြင်းဆန် ခဲ့တယ်။


.
ခွဲစိတ်ရမယ့်အစား သူဟာ အသီးအနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုပဲ
အမြောက် အများစားသုံးခဲ့တယ်။ စတိဘ်ရဲ့ မိန်းမနဲ့မိတ်ဆွေတွေ ဟာ ခွဲစိတ်မှုလုပ်ဖို့ မရပ်မနားတောင်းပန်နေတာတောင် စတိဘ်ဟာ ငြင်းဆန်ခဲ့တယ်။
.
စတိဘ်ရဲ့ အမြင်က `ကျွန်တော့်ခန္ဓာကိုယ်ကို ဟင်းလင်းမဖွင့် လိုက်ချင်ဘူး။ ဒါသဘာဝမကျဘူး။ ကျွန်တော်သဘာဝတရားကို မချိုးဖောက်ချင် ဘူး´ဆိုပြီး
ငြင်းဆန်ခဲ့တယ်။
.
စတိဘ်ဟာ အစားအသောက်နဲ့ပတ်သက်ပြီး တစ်ခုခုချို့ယွင်းနေတာလို့ စတိဘ်အကြောင်းကိုရေးခဲ့တဲ့ စာရေးဆရာဝေါလ်တာက ဝေ ဖန်တယ်။
.
စတိဘ်ဟာ ဆယ်ကျော်သက်ကတည်းက သက်သက်လွတ်စားခဲ့တာပါ။ အဲဒီတုန်းက တစ်ပတ်မှာ အသီးအနှံတစ်မျိုး သို့မဟုတ် နှစ် မျိုးကိုပဲ စားသုံးခဲ့တယ်။ ပန်းသီးရယ် မုန်လာဥနီရယ်ပဲ တစ်ပတ်လုံးလုံး စားနေတာမျိုးတွေ ရှိတယ်။
.
ဘာဖြစ်လို့ အဲဒီလိုစားရတာလဲဆိုတော့ အသီးအနှံကို ရွေးပြီး စားသောက်တာဟာ သူ့အတွက် ဆေးစွဲသလို ခံစားရတဲ့ ခံစားမှု ဖြစ်စေလို့ပါပဲ။ ဒါပေမဲ့ ဒီလို အသီးအနှံချည်းရွေးစားသုံး တာ ကြာလာတော့ စတိဘ်ဟာ ခန္ဓာကိုယ်က
လိုအပ်တဲ့ တခြားဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ ချို့တဲ့လာတော့တယ်။
.
ကင်ဆာဖြစ်လာတဲ့အချိန်မှာ ဒီအစားအသောက် ရောဂါဟာ ပိုဆိုးလာတယ်။ အသီးဝလံကလွဲရင် ဘာမှကို မစားတော့ဘူး။
.
အသီးအနှံတွေမှာ သကြားဓာတ်တစ်မျိုး Fructose ပါတယ်။ ဒီသကြားဓာတ်ဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုစေသလို သွေးကြောတွေ ထုံးစေတဲ့ triglycerides တွေလည်း ထုတ်လုပ်ပေးတယ်။
.
တော်သင့်ရုံစားသောက်ရင် ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့်
အများအပြား အလွန်အကျွံစားသုံးလာရင်တော့ ဒီ Fructose တွေဟာ
ကျန်းမာရေးအတွက် ဘေးဥပါဒ်တွေ ဖြစ်လာစေတယ်။
.
ဆီးချိုနဲ့တခြားကင်ဆာရောဂါတွေ ဖြစ်လာစေတယ်။ စတိဘ်မှာ ကင်ဆာဖြစ်
ရတဲ့အကြောင်း ရင်းကတော့ အဲဒါပါပဲ။
.
ဒီလိုအနေအထားမှာ ကင်ဆာဖြစ်တဲ့အချိန် အသီးဝလံတွေပဲ ဆက်စားတော့ ပိုဆိုးလာတယ်။ ကင်ဆာဆဲလ်တွေကို ပိုပြန့်နှံလာအောင် လုပ်ပေးသလို ဖြစ်သွားတယ်။
.
ဝေါလ်ဒစ္စေနေးဟာ စီးကရက်နဲ့ သေရသလို စတိဘ်ဟာလည်း အချိုဓာတ်နဲ့ သေခဲ့ရတယ်။
.
စတိဘ်ရဲ့ အထ္တုပတ္တိကိုရေးတဲ့ ဝေါလ်တာက စတိဘ်ဟာ ခွဲစိတ်ရမှာကို
ကြောက်လို့ မဟုတ်ဘဲ သူ့ဘ၀တစ်သက်တာလုံးထိန်းသိမ်းကျင့်ကြံခဲ့တဲ့
အကျင့်အကြံကို မချိုးဖောက်ချင်လို့ ယူဆတယ်။
.
စတိဘ်ဟာ အရှေ့တိုင်းဘာသာရေးတွေကို လေ့လာခဲ့တာမို့ ဝေဒနာဟာ
စိတ်ထဲမှာ ဖြစ်နေတဲ့အရာ၊ တကယ်မရှိတဲ့အရာလို့ ခံယူပြီး စိတ်ထဲကနေ
ဖျောက်လိုက်ရင် မျက်လှည့်ပြသလို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ်လို့ ယုံ ကြည်ထားခဲ့တယ်။
.
ဒါပေမဲ့ ကင်ဆာကတော့ ဒီလိုပျောက်ကွယ်သွားအောင်လုပ်ဖို့ ငြင်းဆန်ခဲ့
တယ်။ ငြင်းဆန်ရုံမက ပိုတောင် ပြန့်နှံလာခဲ့တယ်။ ရောဂါ ဖြစ်ပြီး ကိုးလ
အကြာမှာ စတိဘ်ဟာ ခွဲစိတ်ဖို့ သဘောတူခဲ့တယ်။
.
သူရဲ့ နောက်ဆုံးအင်တာဗျူးကို ဗျူးခွင့်ရခဲ့တဲ့ ဝေါလ်တာက အဲဒီတုန်းက အဖြစ်အပျက်ကို ပြောပြခဲ့တယ်။ စတိဘ်ဟာ လက်လျှော့ထားပုံရပြီး နောက်ဘဝ
အကြောင်းကို ပြောနေခဲ့တယ်။ စတိဘ်က `ခင်ဗျား သေသွားတဲ့ အခါမှာ အရာအားလုံး ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ ခင်ဗျားလေ့လာခဲ့တဲ့ အသိညဏ်၊ပညာတွေဟာ တစ်နည်းတစ်ဖုံနဲ့ အသက်ရှင်နေတယ်။ တစ်ခါတရံမှာ
ကျွန်တော်တွေးမိတယ်။ ဘ၀ဆိုတာ မီးခလုတ်နှိပ်သလိုပါပဲ။ ဖွင့်တဲ့ခလုတ်
လည်း ဒါပဲ။ ပိတ်တဲ့ခလုတ်လည်း ဒါပဲ။ ပိတ်လိုက်တာနဲ့ တင် ဘ၀က သွားပြီ။ ဒါကြောင့် ကျွန်တော် Apple ပစ္စည်းတွေမှာ ခလုတ်တွေ မထည့်ထားခဲ့တာ။
မုန်းလို့´ တဲ့။
.
.
၂၀၀၉ခုနှစ်မှာ စတိဘ်ရဲ့ အခြေအနေဟာ ပိုဆိုးလာတယ်။ မမ်ဖစ်စ်ကို သွားပြီး အသည်းအစားထိုးကုသဖို့ လုပ်ခဲ့တယ်။ ဆွစ်ဇာလန် ကို သွားပြီးတော့လည်း ကုသဖို့ ကြိုးစားခဲ့တယ်။ တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ စတိဘ်တစ်ယောက် မရဏလမ်းကို မြန်းဖို့ သေချာနေပြီ။
.
အဲဒီအချိန်မှာ Apple ရဲ့ အလုပ်အမှုဆောင်ချုပ် တင်ကွတ်ခ်ဟာ နေ့တိုင်း
ဂျော့ဘ်ကို သွားတွေ့တယ်။ ၂၀၀၃ခုနှစ်တည်းက နာမကျန်း ဖြစ်နေတဲ့ ဂျော့ဘ်ဟာ ၂၀၀၉ခုနှစ်လောက်မှာ အသည်းအစားထိုးကုသဖို့ လိုလာပြီ။ တစ်နေ့ကုန် အိပ်ရာထဲ လှဲနေရတယ်။
.
ဒီအတွက် တင်မ်ဟာ ဆေးရုံကို သွားပြီး သူ့သူငယ်ချင်းဂျော့ဘ်အတွက် အသည်းအစားထိုးကုသဖို့အတွက် လှူဒါန်းလို့ရ၊မရ ဆေးစစ်တယ်။ ဆေးစစ်ချက်အရ လှူဒါန်း လို့ရတယ်လည်း သိရော မနက်ဖြန်မနက် ဂျော့ဘ်အိမ်ကို သွားပြီး ၀မ်းသာအားရ ပြောပြတယ်။ ဂျော့ဘ်ဟာ ချက်ချင်းကို ဒေါသတကြီးငြင်းဆန်
ပစ်ခဲ့တယ်။
.
၂၀၁၁ခုနှစ်မှာတော့ စီအီးအို အဖြစ်ကနေ နားပြီး ဆေးခွင့်ယူခဲ့တယ်။ ၂၀၁၁ခုနှစ် အောက်တိုဘာလ ငါးရက် နေ့လည်နှစ်နာရီ ထိုးခါနီးအချိန်မှာ စတိဘ်ဟာ အိပ်ယာထဲမှာ လှဲနေခဲ့တယ်။
.
ဘေးနားမှာတော့ သူရဲ့ မိသားစုဝင်တွေနဲ့မိတ်ဆွေတွေဟာ ၀ိုင်းရံနေတယ်။ သူ့ဇနီးနဲ့ကလေးတွေကို ကြည့်နေရင်း ရုတ်တရက် ပျော်ရွှင်စရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရသလို `အို..၀ိုး´ ဆိုတဲ့ ၀မ်းသာအံအားသင့်တဲ့
အာမေ ဋိတ်လေး သုံးချက် လုပ်ရင်း မိနစ်အနည်းငယ်အကြာမှာ ထာဝရအိပ်
စက်သွားခဲ့ပါတော့တယ်။
.
.
‪#‎ခေါင်းဆောင်မှုသင်ခန်းစာ‬(၄)ချက်
.
စတိဘ်ဟာ ကျွန်တော်တို့ ဘာကိုလိုချင်နေမှန်းမသိတဲ့အနေအထားမှာ ကျွန်တော်တို့ လိုချင်တဲ့ ပြောင်းလဲခြင်းတွေကို တီထွင်ခဲ့တယ်။ လူသားတွေအတွက် အဆင်ပြေစေနိုင်မယ့်အရာတွေကို သူဟာ ကြိုပြီး စိတ်ကူးပုံဖော်တီထွင်နိုင်ခဲ့တယ်။ ဒါဟာ စိတ်ကူးပုံဖော်မှုအားကောင်းတဲ့ ခေါင်းဆောင်မှုအရည်အသွေးပါပဲ။ ငယ်စဉ်ကာလမှာ ဘာရည်မှန်းချက်၊ ဘာစိတ်ကူးမှ မရှိခဲ့တဲ့ စတိဘ်ဟာ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း၊ အင် ဂျင်နီယာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း စတဲ့ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေ ပညာရပ်တွေကို တစ်ခုမှ မတတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ၂၁ရာစုရဲ့ ကြီးမြတ်တဲ့ စိတ်ကူးပုံဖော်မှုအားကောင်းတဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။ သူ့ဆီက သင်ယူစရာ အတုယူစရာလေးတွေ ကို အကျဉ်းချုပ်သင်ယူလေ့လာကြရအောင် ...။
.
.
#၁။ကျရှုံးမှုကနေ သင်ယူ
.
စိတ်ကူးတစ်ခုကို ထက်မြက်လာစေဖို့အတွက် စဉ်ဆက်မပြတ်ကြိုးစားနေရင်း ကျရှုံးမှုကနေလည်း သင်ယူတတ်ရပါမယ်။ Apple ကုမ္ပ ဏီကို မပြန်လာနိုင်
သေးတဲ့ နှစ်တွေမှာ စတိဘ်ဟာ ကျရှုံးမှုတွေကနေ ဆက်လက်သင်ယူပြီး ကြိုးစားနေခဲ့တယ်။ စတိဘ်က `ကျွန်တော် အလုပ် ထုတ်ခံရမယ်လို့ မတွေးထားခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် Apple ကနေ အလုပ်ထုတ်ခံခဲ့ရတယ်။
.
ဒါဟာ
ကျွန်တော့်ကို တီထွင်ဖန်တီးနိုင်မှုအကောင်း ဆုံးလုပ်အောင် တွန်းအားပေးလိုက်တဲ့အရာပါပဲ။ ကျွန်တော့်ဘ၀မှာ Apple ကနေ အထုတ်ခံလိုက်ရတဲ့အချိန်
တွေဟာ တီထွင်ဖန်တီးမှုအကောင်း ဆုံးဖြစ်ခဲ့တဲ့အချိန်တွေပါ}တဲ့။
.
ဝေါလ်ဒစ္စေနေးဟာလည်း ဒေ၀ါလီခံလိုက်ရတဲ့အချိန် လွတ်လပ်ပြီးပေါ့ပါးပျော်ရွှင်သွားတယ်လို့ ခံစားခဲ့ရတယ်၊ ငယ်ရွယ်စဉ်မှာ အရှုံးကောင်းကောင်းတွေ ပိုင်ဆိုင်ထားဖို့ဆိုတာ အရေးကြီးတဲ့အရာတစ်ခုပဲလို့ ဝေါလ်ဒေစ္စနေးက ပြောခဲ့တယ်။ ဒီအချက်မှာ သူတို့နှစ်ယောက်ဟာ တူညီနေပါတယ်။
.
.
#၂။အားနည်းချက်ကိုပြင်
.
စတိဘ်ဂျော့်ဆီက သင်ရမယ့်အရာတွေ ရှိသလို ရှောင်ရမယ့်အရာတွေလည်း ရှိပါတယ်။ စတိဘ်ဟာ စိတ်ကူးပုံဖော်မှုအားကောင်းတဲ့ အရည်အသွေးရှိပေမယ့် ပါးစပ်ကြမ်းတယ်၊ လက်အောက်ငယ်သားတွေကို သတ်မှတ်ချက်မရမချင်း အပီ မောင်းလေ့ရှိတယ်။ ဆဲဆိုတယ်။ ကျိန် ဆဲတယ်။ ဒါကြောင့် ပက်စ်ကုမ္ပဏီကနေပြောင်းလာတဲ့စီအီးအိုနဲ့ ရန်ဖြစ်ပြီး အလုပ်ပြုတ်ခဲ့ရတယ်။
.
ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့ နောက်လိုက်တွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ဂျော့ဂ်ျဝါရှင်တန်၊ နယ်လ်ဆင်မန်ဒဲလား၊ ရောနယ်ရေဂန်တို့ဟာ ယဉ်ကျေးဖွယ်အမူအယာနဲ့ ဦးဆောင်သွားခဲ့ကြတယ်။ ဒါတွေဟာ
ဆင်ခြင်ရမယ့် အားနည်းချက်တွေ ဖြစ်ပါတယ်။
.
#၃။ စူးစိုက်ဖို့ သင်ယူ
.
ပန်းသီးပင် သန်မာလာအောင် ပိုကြီးထွားပြီး ပိုသီးလာအောင် အကိုင်းတွေကို ခုတ်ပေး တိပေးသလိုပဲ ကုမ္ပဏီအတွက် ပေးတဲ့အကြံညဏ်တွေမှာ မလိုအပ်တဲ့ဟာတွေကို ခုတ်သင်ပြီး ဦးဆောင်တာဟာ ခေါင်းဆောင်မှုအရည်အသွေးတစ်ရပ်လို့ စတိဘ်က Fortune နဲ့မဂ္ဒဇင်းနဲ့ အင်တာဗျူးခိုက် ပြောကြားခဲ့တယ်။
.
.
#၄။ ဘေးကိုမကြည့်နဲ့၊အတွင်းကိုကြည့်
.
စိတ်ကူးပုံဖော်မှုအားကောင်းတဲ့ တကယ့်ခေါင်းဆောင်တွေဟာ
ခေတ်ရေစီးကြောင်းကို မလိုက်ဘူး။ သူတို့ဟာ ခေတ်ရေစီးကြောင်းကို ထွင်တဲ့သူတွေ ဖြစ်တယ်။ စတိဘ်ဟာ စာမဖတ်ဘူး။ ရေစီးကြောင်းအတိုင်း မလိုက်ဘူး။ သူဟာ သူ့ကိုယ်သူ စဉ်းစားတယ်။ `တကယ်လို့ ငါဟာ ပိုကောင်းတဲ့
ကွန်ပျူတာတစ်လုံးကို ထွင်မယ်ဆိုရင် ဘာတွေ ရှိသင့်သလဲ၊ ပိုကောင်းတဲ့ ဖုန်းတစ်လုံးကို ထွင်မယ်ဆိုရင် ဘာတွေ ပါသင့်သလဲလို့ တွေးတယ်´။ ဒီလိုတွေးပြီးရင် သူဟာ အင်ဂျင်နီယာတွေကို ခေါ်ပြီး ဒီဇိုင်းလုပ်ခိုင်း တည်ဆောက်ခိုင်း
လိုက်တော့တယ်။ သူတို့ဟာ လူတွေ ဘာတွေ လိုချင်နေသလဲဆိုတာထက်
လူတွေ ဘာတွေလိုအပ်နေသလဲဆိုတာကို ကြိုတွေးပြီး ဖြည့်ဆည်း
တည်ဆောက်ကြတယ်။
.
.
စတိဘ်မှာ အားနည်းချက်တွေ ဘယ်လိုရှိရှိ သူဟာ အနာဂတ်ကို တီထွင်ခဲ့တဲ့သူတစ်ယောက်ပါပဲ။ သူ့ရဲ့ ပါးစပ်ကြမ်းမှုကြောင့် လူတချို့ ရှောင်သွားကြပေမယ့် အများစုကတော့ နေခဲ့တယ်။ သူတို့ဘာလို့နေခဲ့တာလည်းဆိုတော့ စတိဘ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အမြင်ကို စိတ်ဝင်စား ပြီး လက်တွဲအကောင်
အထည်ဖော်ချင်လို့ပါပဲ။ အောင်မြင်မှုဆိုတာ ကန့်သတ်ထားတဲ့အရာတစ်ခု
မဟုတ်စေဖို့ သင့်စိတ်ကူးတွေကို အရင်ဆုံး တောင်ပံဖွင့်ပေးဖို့ တင်ပြရင်း
နောက်နေ့မှာ ခေါင်းဆောင်မှုဒုတိယအရည်အသွေးနဲ့
ဝင်စတန်ချာချီပုဂ္ဂိုလ်အကြောင်းတို့ကို ဆက်လက်လေ့လာ ကြပါစို့။






No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။