"Break" Date : 11.11.2015
" Break " ကြိယာသည် အခြေအနေကို လိုက်၍ ကွဲသည်၊ ခွဲသည်၊ ကျိုးသည် ၊ ချိုးသည် ၊ပြတ်သည်၊ ဖြတ်သည်၊ စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုး ထွက်ပါသည်။
Glass breaks easily.
မှန်သည် ကွဲလွယ်သည်။

The waves broke against the rocks.
လှိုင်းလုံးများသည် ကျောက်ဆောင်ကို ရိုက်ခတ်ကြသည်။
I'm sorry , but I've broken one of your plates.
ကျွန်တော့်ကြောင့် ခင်ဗျားရဲ့ ပန်းကန်ပြားတစ်ချပ်ကွဲသွားတာ စိတ်မကောင်းပါဘူး။
I broke the chocolate in half and gave a piece to my brother.
ချောကလက်ကို နှစ်ပိုင်းဖြတ်ပြီး ညီလေးကို တစ်ဝက်ပေးလိုက်တယ်..။
"Can I use your camera , Dad"
ဖေဖေ့ရဲ့ ကင်မရာကို ပေးသုံးပါလား ဖေဖေ..။
" OK, but be careful you don't break it"
သုံးပါ ..ဒါပေမယ့် မကွဲစေနဲ့ သတိထား..။
Take care not to break it.
မကွဲစေနဲ့ ..သတိထား..။
He broke his appointment at the last minute.
သူသည် ချိန်းဆိုထားသည်ကို အချိန်ကပ်ပြီး ပယ်ဖျက်လိုက်သည်။
He broke his journey (to Mandalay ) in Nay Pyi Taw.
သူသည် မန္တလေးသို့အသွား နေပြည်တော်တွင် တစ်ထောက်နားသည်။
He broke the silence.
အားလုံးတိတ်ဆိတ်နေရာမှ သူစကားစပြောလိုက်သည်။
Let's break for lunch.
နေ့လည်စာ စားဖို့ ခဏနားကြစို့....။
They gently broken the news of his death to his wife.
သူသေဆုံးကြောင်းကို သူ့ဇနီးသည်အား သူတို့က ညင်ညင်သာသာ ဖွင့်ပြောပြလိုက်တယ်..။
Do not break the LAW.
ဥပဒေကို မဖောက်ဖျက်နဲ့။
He fell off a ladder and broke his arm.
လှေကားပေါ်ကလိမ့်ကျပြီး သူ့လက်ကျိုးသွားတယ်...။
He dropped the plate and it broke into piece / in two.
သူ့လက်က ပန်းကန်ပြားလွတ်ကျပြီး အစိတ်စိတ်ကွဲသွားတယ်...၊နှစ်ပိုင်းကွဲသွားတယ်..။
The death of his wife broke him completely.
ဇနီးသည် ကွယ်လွန်သဖြင့် သူ အလွန်ပူဆွေးသောက ရောက်ရတယ်..။
He broke the world 100 metres record.
မီတာ ၁၀၀ ကမ္ဘာ့စံချိန်ကို သူချိုးလိုက်တယ်..။
အောက်ပါအသုံးအနှုန်းများကိုလည်း ရင်းနှီးထားရပါမယ်...။
A fire broke out near the market yesterday.
ဈေးနားမှာ မနေ့က မီးလောင်တယ်ဗျ...။
World War I broke out in 1914.
ပထမ ကမ္ဘာစစ်သည် ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားတယ်...။
Burglars had broken in while we were away.
ကျွန်တော်တို့ အိမ်မှာ မရှိခိုက် ဖောက်ထွင်းခံရတယ်..။
(A) broke off diplomatic relations with (B).
A နိုင်ငံသည် B နိုင်ငံနှင့် သံအဆက်အသွယ် ဖြတ်တောက်လိုက်သည်..။
The car broke down on the way.
လမ်းခရီးမှာ ကားပျက်သွားတယ်...။
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ........"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။