အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး ... (၁)
၂၀၁၄ နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလ်လင်းပါဝဲလ်နဲ့အတူ စီအိုင်အေအကြီးအကဲဟောင်းတို့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့သိရပါတယ်..
အမေရိကန်_မြန်မာဆက်ဆံရေးသမိုင်းသစ်အတွက် မျိုးစေ့ချ လမ်းဖောက်ခဲ့သူဟာ မစ္စတာကောလ်လင်းပါဝဲလ်ပါ..
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး.. ညူကလီးယားအရေးနဲ့ အနာဂတ်မြန်မာ့ အမြင်တို့ကို ဆွေးနွေးမယ်လို့ သိရပေမဲ့ ဒေသတွင်းမှာ အချက်အခြာကျပြီး မဟာဗျူဟာမြောက် ဖြစ်လာနေတဲ့ ရှည်လျှားလှတဲ့ မြန်မာ့ရေပြင်ပိုင်နက် လုံခြုံရေးကိစ္စတွေကိုလဲ အဓိကထား ဆွေးနွေးလာလိမ့်မယ်လို့ ယူဆရပါတယ်..
ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်နဲ့ မရှေးမနှောင်းမှာပဲ စင်္ကာပူမှာ အခြေစိုက်တဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ အရာရှိများရဲ့ ပဏာမခရီးစဉ် ရှိနေလို့ပါ..
ဖေဖော်ဝါရီလထဲမှာတော့ အမေရိကန်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ နည်းပညာ အကြံပေး.. ဆွေးနွေးဖလှယ်မဲ့ မြန်မာနိုင်ငံခရီးစဉ်လဲရှိနေပါတယ်..
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်မတော်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခြင်းနဲ့အတူ မြန်မာ့ရေပိုင်နက် လုံခြုံရေးအတွက် အကြံပြုဆွေးနွေးခြင်းများလဲ ရှိခဲ့လို့ ဒီအကြောင်းအရာတွေ အားလုံးဟာ အဆက်အစပ် ရှိနေနိုင်တယ်လို့ ဆိုနိုင်ပါတယ်..
ဒါတွေအားလုံးဟာ ဘာကိုဦးတည်နေသလဲဆိုရင် အနာဂတ်မှာ စစ်ရေးအရ အရေးပါလာနေတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေဒေသမှာ တပ်စခန်းမြို့ကြီးတစ်မြို့ တည်ဆောက်မယ်.. ဆိုတဲ့သတင်းများနဲ့ တိုက်ရိုက် သက်ဆိုင်နေမယ်ထင်ပါတယ်..
...ဆက်လက်ရေးပါမည်...
( သတင်းအချက်အလက်များကို CSIS.organization/ Think_tank မှ ရယူပါသည်.. ပို့စ်မှာ ကျွန်တော့ အမြင်မျှသာ ဖြစ်ပါသည်.. )

အနာဂတ်မြန်မာ့ပင်လယ်ပြင် လုံခြုံရေး (၂)
ညဆိုရင် ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ ရခိုင်ကမ်းလွန်ပြင် ပင်လယ်ပြင်ကြီးကိုကြည့်ကာ ရခိုင်လူမျိုးတို့စိတ်ထဲ မလုံမခြုံနဲ့ ခံစားခဲ့ရတာ ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပါပြီ..
အမှန်တကယ်တော့ ရခိုင်ပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၀၀၀ ခန့်ရှိပြီး ရှည်လျှားလှတဲ့ ပင်လယ်ကမ်းခြေ မိုင်ပေါင်းများစွာ ရှိပေမဲ့ နတ်မြစ်ဝမှ စတင်ကာ ပင်လယ်ပြင် ရေလုပ်ငန်းများကို ဘင်္ဂလီလူမျိုးတွေ တဖြည်းဖြည်းချင်း ထိမ်းချုပ်လုပ်ကိုင်လာတာ ၁၉၈၀ ပြည့်လွန် နှစ်များက စတင်ခဲ့တယ်လို့ ဆိုရပါမယ်..
ယခုအခါမှာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေတလျှောက် ထွက်ပေါက်တွေမှာ ဘင်္ဂလီကျေးရွာတွေ တဖြေးဖြေးနဲ့ နေရာယူလာခဲ့တာ အရေအတွက်တော်တော်များနေပါပြီ.. ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ ရခိုင်လူမျိုးအရေအတွက်ဟာလဲ တော်တော်နည်းပါးလာပါပြီ.. ဒါဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှု့ တွေကြောင့် မဟုတ်ပဲ လူ့ပယောဂခြိမ်းခြောက်မှု့ တွေကြောင့်ဆိုတာ ကာယကံရှင် ရခိုင်လူမျိုးတို့ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး..
ပင်လယ်ပြင် ကမ်းနီး..ကမ်းဝေး.. ငါးဖမ်းလုပ်ငန်းများနဲ့ ကုန်စည်စီးဆင်းမှု့  မှောင်ခိုစက်လှေလုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးစီးပွားရေး လုပ်ငန်းရှင်များကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြကာ သူတို့ရဲ့ လည်ပတ်ငွေတွေဟာ ကျပ်ငွေဘီလျံနဲ့ချီပြီး ရှိလာပါတယ်.. တံခါးမရှိ ဓားမရှိ ဖြစ်လာနေတဲ့ ဒီပင်လယ်ပြင် ဂယ်ပေါက်ကြီးဟာ စီးပွားရေး.. လူမှု့ ရေး.. ဆုံးရှုံးများသာမက နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးစ ပြုလာနေပြီ ဖြစ်ပါတယ်..
ဒီအားသာချက်များကို ရယူကာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ပင်လယ်ပြင်ရေပိုင်နက်အငြင်းပွားမှု့  ဖြစ်တယ်.. စစ်ရေးတင်းမာမှု့ အခြေအနေထိ ရောက်ခဲ့ရပြီး နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူရတဲ့ အဖြစ်ထိရောက်ရှိခဲ့တယ်.. ဒါဟာကမ္ဘာပေါ်မှာ ပထမဆုံး ဖြေရှင်းပေးရတဲ့ အမှု့ အခင်းဖြစ်ပါတယ်.. ဘင်္ဂလားဒေရှ့် နိုင်ငံဟာ ကျဉ်းမြှောင်းတဲ့ သူ့ နိုင်ငံပထဝီဝင် အနေအထားအရ ပင်လယ်ပြင်ရေပိုင်နက် ပိုမိုရလိုကြောင်းကို အိန္ဒိယနိုင်ငံထံမှလည်း တောင်းယူခဲ့ပေမဲ့ မြန်မာနိုင်ငံလို ညှိနှိုင်းခွင့် မပေးခဲ့ပဲ ခပ်တင်းတင်းတုန့်ပြန်ခဲ့တာကို သတိပြုသင့် ပါတယ်..
ဒီမိုကရေစီနည်းလမ်းများအရ ပျော့ပျောင်းတာ.. ညှိနှိုင်းဆွေးနွေးတာ.. မျိုးဟာ နိုင်ငံရေးအနေနဲ့ မျက်နှာပန်းလှပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား အကျိုးစီးပွားအရေးတို့မှာ နိုင်ငံကြီးများအနေနဲ့ ပြတ်သားစွာ ရပ်တည်ကြပါတယ်.. ဒါကို လူ့အခွင့်အရေးစံတွေနဲ့ တိုင်းတာလို့မရပါဘူး..
....ဆက်လက်ရေးပါမည်....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။