စိတ်ဖိစီးနေသလား R ခြောက်လုံးကိုစား
=====================
Relax, Review, Refuse, Resource,Reframe, Renew
ဘယ်ကုမ္ပဏီက ဘာတံဆိပ်နဲ့ တင်သွင်းလာတဲ့ ဘာဆေးလဲဆိုတာကို တလွဲ မစဉ်းစားကြဖို့ ဦးစွာပြောထားပါရစေ။ ဒီဆရာတော့ စီးပွားရေး သောင်းကျန်းပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံက ဟိုဆေးဒီဆေးတွေကို ဘာရောဂါ၊ ညာရောဂါတွေအတွက် သိပ်ကောင်းတာပဲလို့ ညွှန်းပြီး ဒေသကိုယ်စားလှယ်လုပ်လို့ ဆေးရောင်းနေပြီလို့လည်း မထင်စေချင်ဘူး။ အမှန်တော့ Dr.M Vandenburg ရဲ့ Positive Under Pressure ဆိုတဲ့ စာအုပ်ကို ဖတ်မိလို့ ဆရာကြီးလုပ်ပြီး လမ်းညွှန်ရတာပဲ ဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာ သူတို့ဘဝတွေကို အကောင်းဆုံး ရင်ဆိုင် ဖြတ်သန်းချင်ကြပါတယ်။ အောင်မြင်မှု ပန်းတိုင်တွေဆီ အရောက်လည်း နှင်ချင်ကြတယ်။ ဒီအတွက် ကာယအား၊ ဉာဏအားတွေသုံးပြီးတော့ ရင်ဆိုင်လေ့ ရှိကြတယ်။ ဒါပေမဲ့ ဆန္ဒတွေဟာ ပြီးပြည့်စုံ ခဲလှတယ်။ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေရဲ့ ရာခိုင်နှုန်း အနည်းငယ်လောက်ကိုပဲ ရယူနိုင်ကြတာလည်း အမှန်ပဲ။ ဒီတော့ မလွဲမရှောင်သာ ဖိစီးမှုတွေ၊ တစ်နည်းအားဖြင့် ဖိအားတွေနဲ့ ကြုံတွေ့ရတော့တယ်။ Pressure တွေကတစ်ဆင့် Stress ကို ရောက်ရှိသွားတဲ့အခါ ဘဝမှာ မွန်းကျပ်မှုတွေနဲ့ ကြုံတွေ့ရလေ့ ရှိတယ်။
အထူးသဖြင့် Stress ဆိုတဲ့ ဖိစီးမှုဟာ ဥက္ကဋ္ဌကြီးတွေမှ၊ CEO ကြီးတွေမှ၊ ဒါရိုက်တာကြီးတွေမှ၊ မန်နေဂျာကြီးတွေမှ ကြုံတွေ့ရတာမျိုး မဟုတ်ဘူး။ ဘဝမှာ လူတွေဟာ မိမိတို့ဘဝကို မိမိတို့စိတ်ကြိုက် မောင်းနှင်ကြရင်းနဲ့ အမျိုးမျိုးအဖုံဖုံသော အခက်အခဲတွေ၊ အကြိုက်မတွေ့မှုတွေ၊ အလိုမပြည့်မှုတွေကို ကြုံတွေ့ရလေ့ ရှိတယ်။ အဲဒါတွေဟာ တစ်ခါတလေ ကိုယ်က ဖြတ်သန်းကျော်နင်း သွားနိုင်ပေမဲ့ တစ်ခါတစ်ခါမှာတော့ ကိုယ့်ကို တုပ်နှောင်နှိပ်စက် နေတတ်တယ်။ ဒီအခါမှာ အဆင်မပြေတဲ့ အပြောအဆို၊ အလုပ်အကိုင်လေးတွေကတစ်ဆင့် ကြီးမားတဲ့ စိတ်အနှောင့်အယှက် ဖြစ်ရမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်လာစေပါတယ်။
အထူးသဖြင့် အများကို စီမံအုပ်ချုပ်နေရတဲ့သူတွေ၊ လုပ်ငန်းကြီးတွေကို တာဝန်ခံနေရသူတွေ အနည်းနဲ့အများ စိတ်ဖိစီးမှုကို ခံရလေ့ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီအလုပ်ကြီးတွေကို လုပ်ကိုင်နိုင်တယ်၊ စီမံဆောင်ရွက် နိုင်တယ်လို့ ထင်ထားခဲ့ပေမဲ့ တကယ့် တကယ်မှာ အတွေးနဲ့လက်တွေ့က မစပ်အပ်တဲ့အခါ၊ ကိုယ့်လုပ်နိုင်စွမ်းရည်နဲ့
ဒီလိုစိတ်ဖိစီးမှု များလာတာမျိုးဟာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကာယကံရှင်ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သူ့နေထိုင်မှု ဘဝကိုပါ ထိပါးလာတတ်တာ အမှန်ပါ။ ဒါကြောင့် Stress များလာရင် လျှော့ချနိုင်ဖို့အတွက် Dr.M.Vandenburg အကြံပေးထားတဲ့ ကိစ္စလေးတွေကို တစ်ဆင့် ဖောက်သည်ချလိုပါတယ်။ သူက Stress ဖြစ်နေတဲ့လူတွေဟာ အောက်ပါ အချက်အလက်တွေကို သတိထားပြုပြင်ရင်း ကိုယ့်ရဲ့ခံစားမှု၊ အပြုအမူနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ကြဖို့ အကြံပြုထားပါတယ်။
သူက ပထမဆုံးအနေနဲ့ စိတ်ဖြေလျှော့တဲ့ နည်းနာကို ညွှန်းဆိုထားပါတယ်။ Relax လို့ခေါ်တဲ့ စိတ်ကို ဖြေလျှော့ထားနိုင်မှုဟာ လူတိုင်းအတွက် အင်မတန် အရေးကြီးပါတယ်။ အဆင်မပြေမှုတွေကတစ်ဆင့် စိတ်တိုတာ၊ ဒေါသထွက်တာ ဒီကတစ်ဆင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတာတွေကို ဖြေလျှော့နိုင်ရေးအတွက် မိမိစိတ်ကို ဖြေလျှော့ပြီး သက်သောင့်သက်သာ နေထိုင်ဖို့ ညွှန်းဆိုထားပါတယ်။ စိတ်ဆတ်တာ၊ စိတ်မာတင်းတာတွေဟာ မိမိကိုယ်မိမိ ပြန်လည် နှိပ်စက်တတ်ပါတယ်။ စိတ်ဖိစီးမှုကို အလွယ်တကူ ဖြစ်ပွားစေပါတယ်။
ဒုတိယနည်းကတော့ ဘာကိုမဆို ပြန်လည်သုံးသပ်တဲ့နည်း ဖြစ်ပါတယ်။ Review ပေါ့။ လူတိုင်းပဲ ဘဝမှာ အလုပ်တွေနဲ့ လုံးထွေးနေရပါတယ်။ အောင်မြင် စိတ်တိုင်းကျတာလည်း ရှိ၊ စိတ်အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် တက်ရာကနေ စိတ်ဖိစီးမှုတွေက အစပျိုးလာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာ၊ အလုပ်ရဲ့ ဦးတည်ချက်က ဘာ၊ ရည်မှန်းချက်က ဘာ၊ အခုအခါ ကိုယ်ရောက်ရှိနေတဲ့ အဆင့်နေရာကို မှန်ကန်စွာ ရှာဖွေသိရှိဖို့ လိုပါတယ်။ ဒီအခါမှာ ဆန္ဒတွေ လွန်ကဲနေတာ ဒါမှမဟုတ် ဒရွတ်တိုက် လိုက်နေတာတွေကို သိရှိ နားလည်နိုင်ပါလိမ့်မယ်။ ပုံမှန်အလုပ်၊ ပုံမှန်ဘဝကို တွေ့ရှိပြီး သွားနိုင်ပါလိမ့်မယ်။
Refuse ဆိုတဲ့ ငြင်းဆိုမှုကလည်း Stress လျော့သ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။