Thit Htoo Lwin blog
အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည့် ကွန်ပျူတာမောက်စ် တီထွင်ခဲ့သူ ထူးချွန် နည်းပညာရှင်
အသက် (၈၈)နှစ် အရွယ်ရှိ ကွန်ပျူတာ မောက်စ် တီထွင်ခဲ့သူ Douglas Engelbart သည် California ပြည်နယ်တွင် ယမန်နေ့က ကွယ်လွန် ခဲ့ကြောင်း သိရှိရသည်။
Oregon တွင် မွေးဖွားခဲ့သူ Engelbart သည် Stanford Research Institute သို့ မတက်ရောက်မီ ကာလ ၁၉၅၀ ပြည့်နှစ်များက ဦးစွာ ပထမ အီလက်ထရွန်းနစ်နှင့် ကွန်ပျူတာ အင်ဂျင်နီယာ အတတ်ပညာကို လေ့လာ ဆည်းပူးခဲ့သည်။
၎င်းဦးဆောင်သည့် အဖွဲ့အနေဖြင့် Internet နည်းပညာ ရှေ့ပြေးဖြစ်သည့် ARPAnet နှင့် တခြားဆက်စပ် Hypertext Links ၊ ရုပ်မြင် စကားဝိုင်း (Video Conferencing) ၊ အီးမေးလ် အစရှိသည့် ကွန်ပျူတာ နည်းပညာ ခေတ်ရေ စီးကြောင်းသို့ စတင် ...ချဉ်းနင်း ၀င်ရောက်နိုင်မည့် အတွေးအခေါ် အယူအဆ သဘောထားများအား စတင် စမ်းသပ် ဖန်တီးနိုင်ရန်အတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသည်။

ကွန်ပျူတာမောက်စ် မူလပုံစံအဖြစ် သတ္တုဘီးနှစ်ဘီး တပ်ဆင် အသုံးပြုထား သည့် သစ်သား သေတ္တာငယ် သဏ္ဍာန်အား စတင် တီထွင်နိုင်ခဲ့သည့် Engelbart သည် ၁၉၇၀ ပြည့်နှစ်က ယင်းတီထွင်မှု အတွက် မှတ်ပုံတင် မူပိုင်ခွင့် ရရှိခဲ့သည်။
The Mother of all demos အဖြစ် လူသိများခဲ့သည့် ရုပ်မြင် စကားဝိုင်းတွင် Engelbart တီထွင်ခဲ့သည့် မောက်စ်အား လူသိရှင်ကြား စတင် အသုံးပြုခဲ့ကြပြီး ၄င်းအနေဖြင့် တီထွင် ဖန်တီးခဲ့မှုများ အတွက် မှတ်ပုံတင် မူပိုင်ခွင့် စုစုပေါင်း (၂၁) ခု ရရှိ ပိုင်ဆိုင်ခဲ့သည်။ Engelbart အား နည်းပညာ ကဏ္ဍအတွက် အမြင့်မားဆုံး တီထွင် ဖန်တီးနိုင်သူ အဖြစ် သတ်မှတ်ခဲ့ပြီး National Medal of Technology ဆုအား ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
Source: AFP
MRTV4

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။