Popular Journal
"မီဒီယာကကြောက်စရာမဟုတ်ဘူး နိုင်ဇော် (Lazy Club) "
မီဒီယာနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးလေ့ရှိတဲ့ နိုင်ဇော် (Lazy Club)ကိုမီဒီယာနဲ့ PR ကဏ္ဍအတွက် အင်တာဗျူးဖြစ်ခဲ့ပါတယ်။ နိုင်ဇော်(Lazy Club)ကလည်းသူ တွေ့ကြုံခဲ့ရတဲ့မီဒီယာအလွဲတွေ၊ မီဒီယာနဲ့တွေပတ်သက်ပြီးသူ့ရဲ့ သဘောထားကိုပြောပြခဲ့ပါတယ်။
မီဒီယာနဲ့အလွဲ
မီဒီယာအလွဲဆိုတာက သူတို့ကလည်း သူတို့ပြဿနာနဲ့သူတို့လေ။ သူတို့ကလည်း အချိန်နဲ့လုပ်ရတာဆိုတော့ တစ်ဖက်ကကျွန်တော်တို့ရဲ့ အခြေအနေကိုမသိဘူး။ တစ် ခါကဆို ကျွန်တော်က သင်္ကြန်ကို အလုပ်မရသေးဘူး။ အဲဒီအချိန်မှာကျွန်တော့်ကိုလှမ်းမေးတယ်။ကိုနိုင်ဇော် ဘယ်တော့အလုပ်ရမှာလဲတဲ့။ ကျွန်တော် တို့က ဖောင် ပိတ်တော့မှာတဲ့။အဲဒီတော့သူတို့တွေရဲ့အလုပ်ကို နားလည်တယ်။ ဒါပေမဲ့က...ိုယ်တို့ဘက်မှာကြတော့လည်း အလုပ်မှမရသေးတာကို သူ့ဂျာနယ်မှာ သတင်းပါဖို့အတွက် ဘယ်လိုအလုပ်ရှာပေးလို့ ရမှာလဲ။ အဲဒီလိုအလွဲလေးတွေပေါ့။ ကျွန်တော်ကလည်း စာတွေရေး ဖြစ်နေတယ်။ မီဒီယာတွေနဲ့လည်း အမြဲထိ တွေ့နေဖြစ်တယ် ဆို တော့ကျွန်တော်က အပြင်စည်းက နေမဟုတ်ဘဲ အတွင်းစည်းကနေပဲရေး တဲ့သဘောမျိုးပါပဲ။မီဒီယာတွေရဲ့ အခက်အခဲ ကိုလည်းသိတယ်။ ကျွန်တော်တို့ ဘက်ကအခက်အခဲကိုလည်း ကျွန်တော့်တို့ကသိတယ်။ အဲဒီ နှစ်ခုကြားမှာ ထောက်စရာလေး တွေ၊ရယ်စရာလေးတွေ ရေးတဲ့ သဘောပါ။

နိုင်ငံ့အတွက်မီဒီယာ
ကျွန်တော့်အနေနဲ့ မီဒီယာတွေကိုအမြဲတမ်းသတင်းပေး လေ့ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေအတွက်လည်း ဗဟုသုတရတယ်လေ။ တစ်ကမ္ဘာလုံးမှာ စစ်ဖြစ်နေတယ်ဆိုရင်စစ်ပွဲကို တားနိုင်လိုက်ပြီဆိုတဲ့သတင်းကမင်္ဂလာ သတင်းပဲပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့လုပ်ငန်းက advertisting လုပ်ပေးရမယ့် လုပ်ငန်းလေ။ အဲဒီတော့ မီဒီယာမှ မကူညီရင်ဘယ်သူမှ ကူညီနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ မှာကမီဒီယာမရှိလို့ မဖြစ်ဘူး။ အင်တာနက်လိုင်းလည်း သိပ်မ ကျယ်ပြန့်သေးဘူး။ ပြီးတော့ လူတွေအားလုံးက မနက်မိုးလင်းတာနဲ့ သတင်းစာတွေကိုင်ပြီး ဘာသတင်းထူးလည်းဆိုပြီး ကြည့်ကြတဲ့နိုင်ငံလေ။ဒါကြောင့် မီဒီယာက ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်။
အနုပညာရှင်နဲ့ မီဒီယာ
ကျွန်တော်အနေနဲ့ အနုပညာရှင်တွေကိုယ်စားပြောချင် တာကမီဒီယာက ကြောက်စရာမဟုတ်ပါဘူး။ မီဒီယာမှာက တာဝန်မယူတတ်သူတချို့ရဲ့ ရမ်းကားတဲ့ ပြဿနာက သာကြောက်စရာပါ။ တချို့က ဝါးလုံးရှည်နဲ့ရမ်းပြီးတော့ ဂျာနယ်အင်တာဗျူးလုပ်တော့မယ်ဆိုရင်ကြောက်နေတဲ့သူတွေကိုလည်း အရင်ခေတ်က တွေ့ဖူးတယ်။ အခုခေတ် မှာကျတော့ ပွင့်လင်းသွားပြီ။ ဂျာနယ်သမားတွေနဲ့အနုပညာရှင်တွေက သူငယ်ချင်းလို ပေါင်းကြတယ်။ ဒါပေမဲ့အနုပညာရှင်တွေဘက် ကတစ်ခုသတိ ထားရမှာက ကိုယ့်ကိစ္စရှိမှပေါင်းတာ မဟုတ်ဘဲနဲ့ကိုယ်လည်း အသုံးတည့် တစ်ဖက်သားလည်း အကျိုးရှိစေမယ့်ကိစ္စမျိုးဖြစ်ခဲ့ရင် ကူညီ ပေးစေချင်တယ်။ တချို့ကျ တော့သူ့ပွဲရှိမှ မီဒီယာတွေကို ဖိတ်ပြီးကျေးဇူးတင်ကြောင်းပြော၊ ပြီးရင် တစ်နှစ်လုံးပြန် ပြီးပုန်းနေကြတာ။ အဲဒါမျိုးတွေလည်း ကျွန်တော်တို့လောက မှာရှိတယ်။ အဲဒီတော့ ကြာလာတော့ အနုပညာရှင်တွေနဲ့ မီ ဒီယာတွေကြားအထင်လွဲစရာတွေဖြစ်ကုန်တာပေါ့။
လင်းအက္ခရာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။