Essential Moe
2015 ဂုံးဆင်း ထောင်ချောက်
မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက် တခုသဖွယ် ဖြစ်လာသည်။
လူ့အခွင့်အရေးဟု ပြသနာရပ်များအပေါ် ခြုံငုံဖြေရှင်းပေးသူ နိုင်ငံရေးသမားများသည် မွတ်စလင်များဘက်မှဟုဆိုကာ ပြောမိသူ နိုင်ငံရေးသမားသည်ရွေးကောက်ပွဲတွင်
မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်။
အားလုံးတကယ်တော့ မြှားဦးလှည့် သပ်ရှိုခံနေကြရတာပါ ။
... အမှန်တကယ် အာရုံစိုက်ရမှာ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ မမေ့ကြပါနဲ့ ။

တိုင်းပြည် နဲ့ လူမျိုးအတွက် အနစ်နာခံရဲသော ...
မဟုတ်တာ မမှန်တာကို တွေ့လျှင် ရဲရဲရင့်ရင့် အတိုက်အခံပြုရဲသော ...
ပါတီ နှင့် အမှန်တကယ် ခေါင်းဆောင်မှု့ အရည်အချင်းရှိသော နိုင်ငံရေး အဖွဲ့ အစည်းဆိုတာ မြန်မာပြည်တွင်လက်ချိုးရေလို့ရနိုင်ပါသည် ။
အရေးကြီးဆုံ အဆုံးအဖြတ်ပေးမှာ ပြည်သူလူထု ပင် ဖြစ်ပါသည်။
မြန်မာပြည်သူများသည် ခေတ်အဆက်ဆက်တွင် ဖြားယောင်းမှုအမျိုးမျိုး၏ ဒဏ်ကိုခံခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်
2015 တွင်ပြည်သူကအမှန်တကယ်လိုလားတောင့်တနေသော
ပြည်သူလူထု၏ လုံခြုံမှုကို အမှန်တကယ် အာမခံမှု့ ပေးနိုင်သည့် အစိုးရ ဖြစ်ဖို့လိုသည်။
လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု့သည် ထောင်ချောက်ဆိုတာကို မြင်လို့လားမသိ
အမေ ကတော့ မည်သည့် သွေးဆူစကားမှ ဆိုတော့မည်မထင် ။တိုင်းပြည် နှင့် လူမျိုးအတွက် ....
ဦးသိန်းစိန်ဖြစ်စေ ဒေါ်စုဖြစ်စေ သူရဦးရွှေမန်းဖြစ်စေ ဘယ်သူက အကောင်းဆုံးလုပ်ပေးနိုင်မလည်း ဆိုတာ အဖြေကတော့ ပေါ်ပြီးသားပါ ။
ကျွန်ုပ်တဦးထဲရင်ထဲက လိုလားချက်ကတော့ တိုင်းရင်းသား ပါတီတွေတကွဲတပြား ဖြစ်မနေကြဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ ပေးကြမည်ဆိုပါက သမ္မတသက်တမ်း (၂) ခုလောက်ဆိုလျှင်
မြန်မာ ဟာ အာရှရဲ့ကျားတကောင်ဖြစ်လာမှာပါ မလွဲမသွေ လို့ ဆိုချင်မိပါသည် ။
မိမိတို့တိုင်းပြည် မိမိတို့လူမျိုး မိမိတို့ဘာသာ သာသနာ ကို
စောင့်ရှောက်ကြပြီး သမ္မတဖြစ်ချင်သူများအားလုံး အနက်
ကျွန်ုပ်ရဲ့ ရင်ထဲက မဲတပြား က NLD အတွက်
" အဆင်သင့်ပါ "
( မည်သူ့ ကိုမှမထိခိုက် မနှောင့်ယှက်ပါ ၊ မိမိတဦးထဲရင်ထဲက အမြင်သာဖြစ်သည် )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။