"Google ရဲ့  Street View အတွက် လုပ်သားများ လိုအပ်နေ"
ကမ္ဘာကြီးရဲ့  ပုန်းကွယ်နေတဲ့ ထောင့်ကွယ်များကို အင်တာနက်ကနေ မြင်တွေ့ နိုင်ဖို့  Google က ဖန်တီးထားတဲ့ Street View Program အတွက် စေတနာ့လုပ်သားများ လိုအပ်နေတယ်လို့  ဆိုပါတယ်။
ယခင်က ကား၊ ဆိုင်ကယ်၊ နှင်းလျော ၊ စက်ဘီး စတာတွေ သုံးပြီး အချက်အလက် ဓာတ်ပုံများ ၊ ဒေတာများ ရိုက်ကူးခဲ့ပါတယ်။
ဒါပေမဲ့ ယခုကတော့ တောင်တန်းများ ၊ လျှိုမြောင်းများ နဲ့ လူသူ အရောက်နည်းတဲ့ ပင်လယ်ကမ်းခြေ ၊ တောတောင်များအတွက်
မိမိကိုယ်တိုင် သွားနေရသလို မြင်နိုင်ဖို့  ရည်ရွယ်ထားပြီး ထိုသို့  အခက်အခဲများကို သွားရောက်ပြီး မှတ်တမ်းတင် ပေးဖို့ လုပ်သားများ လိုအပ်နေတယ်လို့  သိရပါတယ်။
...

ထိုသူများဟာ လမ်းလျှောက်ရင်း ခရီးသွား မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
လမ်းလျှောက်မှတ်တမ်း တင်ရမဲ့ သူအတွက် Google Trekker ကျောလွယ် တစ်ခုကို တင်ဆောင်ပြီး လှည့်လည်သွားလာရမှာပါ။
ကျောမှာ လွယ်ရမဲ့ စက်တွေကတော့ Android Device တပ်ဆင်ထားတဲ့ မတူညီတဲ့ ထောင့်၁၅ခုကို ရိုက်ကူးနိုင်တဲ့ Landscape မှန်ဘီလူးများ ပါဝင်ပါတယ်။
ထိုမှန်ဘီလူးများဟာ ၃၆၀ ဒီဂရီ အနေနဲ့  နေရာပေါင်းစုံတည်ရှိနေပြီး မိမိသွားလာတဲ့ လမ်းတစ်လျှောက်လုံး လူကိုယ်တိုင် ထောင့်စေ့ကြည့်နိုင်မည့် မြင်ကွင်ကို ရိုက်ကူးမှာ ဖြစ်ပါတယ်။
လျပ်တစ်ပြတ် မှတ်တမ်းပုံများကို ထိုစက်ကနေ 2.5 စက္ကန့် မှာ တစ်ပုံနှုန်း ရိုက်ကူးသွားပါလိမ့်မယ်။ ထိုကျောလွယ် စက်နဲ့ လူသူမရောက်နိုင်တဲ့ နေရာ ပေါင်းစုံကိုသွားလာရမှာ ဖြစ်ပါတယ်။
လမ်းလျှောက်လုပ်သားများရဲ့ စွမ်းဆောင်ချက်ကြောင့် ကား၊ ဆိုင်ကယ်၊ နှင်းလျော ၊ စက်ဘီး စတာတွေ နဲ့  သွားလို့ မရတဲ့ လူသူ မရောက်နိုင်တဲ့
ကမ္ဘာကြီးမှ ရှုခင်း များကို လေ့လာနိုင်တော့ မှာ ဖြစ်ပါတယ်။
----
Ref:Google News
Freddy ( Stuff Myanmar )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။