Amara Learning Center
Get on နဲ့  Get in နဲ့ မှား တတ်ကြတယ်နော် သူငယ်ချင်းတို့ 
ကားနဲ့ သွား ရင် Get in လား Get on လား ? ရထား ဆို ရင် ဘယ်လိုလဲ ?
Get away ကရော ဘယ်လို အဓိပ္ပာယ် သက်ရောက်လဲ ?
ဒါတွေကို သိဖို့  ဒီနေ့  ပြောမယ်နော်
Get on ကို
လေယာဉ် ပျံ
လှေ
ရထား
လူစီး ဘတ်စ် ကား
မော်တော် ဆိုင်ကယ်
စက်ဘီး
တို့  မှာ သုံးရပါတယ်
Get In ကိုတော့
အိမ်စီးကား
တက်စီ
Van
Truck တို့  မှာ သုံးပါတယ်။
ကဲ ကား ချင်းတူတာတောင် အမျိုး အစားမတူရင် ကွာသွားတာ သတိထားရတော့ မယ်နော်။
Get တော့ Get ပဲ ၊ မတူတဲ့ Get တွေကတော့
Get away- အပန်းဖြေခရီးထွက်သည်
We are getting away on holiday next week.
နောက်တပတ်တော့ ငါတို့  အပန်းသွားဖြေကြမယ်ကွာ။
Stop over - လေယာဉ်ပြောင်းဖို့ ခန ရပ်သည်
When I went to Manila we stopped over in Qatar.
မနီလာ သွားဖို့ ကာတာ မှာ လေယာဉ် ပြောင်းခဲ့ ရတယ်။
Back up - နောက် သို့  ဆုတ်သည်။
She backed up the car so she could park by the supermarket.
ကားကို နောက်ကို ဆုတ်ပြီးတော့ စူပါမားကတ် နောက်မှာ ကားထိုးခဲ့တယ်။
Crash into ကားတိုက် မိသည်။
A truck crashed into the back of a bus.
ထရက် ကား က ဘတ်စ်ကားကို နောက် က ၀င်တိုက် တာဟေ့။
Pull out- ကားကို ဘေးသို့  အရမ်းမောင်းသည်
The police stopped the man who pulled out dangerously.
Pull over- လမ်းဘေးသို့  ကပ်ခိုင်းသည်။
He saw a van coming up behind him and pulled over.
နောက်က လာတဲ့ ဗင်ကားပေါ်ကလူ ဘေးသို့  ကပ်သွားတာ သူ တွေ့ ခဲ့သည်။
Veer off- ကားကို ကျွမ်းကျင်စွာ ရှောင်လိုက်သည်။
The biker veered off when a cat appeared from nowhere.
ဘယ်နားကနေ ထွက်လာမှန်း မသိတဲ့ ကြောင်ကို ဆိုင်ကယ်သမားက ကျွမ်းကျင်စွာရှောင်လိုက်တယ်။
ကဲ ဒီလောက်ဆို ရင် တော့ Get သင်ခန်းစာလေ့လာ တာကို ခန နားတာပေါ့။
ဖတ်ရတာ ပင်ပန်းနေပြီလား သူငယ်ချင်းတို့ 
ချစ်သော သူငယ်ချင်းတို့ ရဲ့ 
အမရာနဲ့ မှား တတ်ကြတယ်နော် သူငယ်ချင်းတို့ 

အမရာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။