Aung Ko U
ကျေးဇူးတင်ကြောင်း ပြောကြမယ် …
ကျေးဇူတင်ထိုက်သူကို ကျေးဇူးတင်တယ် ဆိုတာ မင်္ဂလာ တစ်ပါးပါပဲ၊ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို နေ့စဉ်နဲ့ အမျှ အကြိမ်ပေါင်းများစွာ ပြောဆိုနေကြတာပါ။ အဲဒီကျေးဇူးတင်တယ်ဆိုတဲ့ စကားဟ အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတိုင်းလည်း အမြဲတမ်း ပြောနေရတဲ့ စကားလေးပါ၊ ဒါပေမဲ့ အဲဒီအလွယ်ဆုံး စကားကို မှားယွင်းသုံးတတ်ကြတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောစကားပုံစံများကို ရေးသားလိုက်ပါတယ်။
Thank (v) - ကျေးဇူးတင်သည်။
- There is no need to thank me – I was only doing my job.
- ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒါကျွန်တော့်အလုပ်ပါ။
- We thanked them for all their help.
- အကူအညီ အားလုံးအတွက် သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။
- On behalf of the entire company, I would like to thank you all.
- ကုမ္ပဏီတစ်ခုလုံး ရဲ့ ကိုယ်စား အားလုံးကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။
- In accepting this award, I would like to thank the producer, the director, the script writer and, the film crew.
- အခုလို ဒီဆုကို ရရှိတဲ့ အချိန်မှာ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ နှင့်တကွ ရုပ်ရှင် အဖွဲ့သားများ အားလုံးကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။
- He thanks me for I do his duty on behalf of him.
- သူတာဝန်တွေ သူကိုယ့်စား လုပ်ပေးတဲ့အတွက် ကျွန်တော့်ကို သူက ကျေးဇူးတင်တယ်။
• Thank သည် verb ဖြစ်ပြီး Subject နှင့် Tense အပေါ်တွင် မူတည်ကာ thank – thanks/ thanked/ thanked/ thanking စသည့်ဖြင့် လိုအပ်သလို ပြောင်းလဲ သုံးနိုင်ပါတယ်။ တစ်ခါတရံ “Thanks” တစ်လုံးတည်းကို noun အဖြစ်အသုံးပြုနိုင်ပါတယ်၊ Thank ကို noun အဖြစ်သုံးလျှင် ‘s’ ပါသည်ကို သတိထားရပါမယ်။ thanks a lot, thanks a million စသည်ဖြင့်လည်း သုံးနိုင်ပါတယ်။ Thanks for your help. Thanks a lot for your sharing. စသည့် ပုံစံများတွင် Thanks က noun ဖြစ်ပါတယ်။
Thank you (n) - ကျေးဇူးစကား
- Thank you very much.
ကျေးဇူးအများကြီးတင်ပါတယ်။
- “How are you?” “I’m fine, thank you”
“နေကောင်းရဲလား”၊ “ကောင်းပါတယ် … ကျေးဇူးပဲ”
- “You are very nice in that dress.” “Thank you very much”
“ခင်ဗျား ဒီဝတ်စုံနဲ့ သိပ်အဆင်ပြေတယ်” “ကျေးဇူးပါ”
- I’d like to say a big thank you to everyone for all their help.
သူ့တို့အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါကြောင်း ပြောလိုပါတယ်။
- He wrote a thank-you letter to his aunty to thank her for the birthday present she sent him.
သူ့အဒေါ်က မွေးနေ့လက်ဆောင်ပို့ခဲ့တဲ့ အတွက် အဒေါ့်ကို ကျေးဇူးတင်ကြောင်း ပြောဖို့ ကျေးဇူးတင်စာ တစ်စောင်ကို သူရေးခဲ့တယ်။ (thank-you letter ကို ကျေးဇူးတင်လွှာ လို့လည်း သုံးနိုင်ပါတယ်။)
• တစ်စုံ တစ်ယောက်က တစ်ခုခု ကမ်းလှမ်းမှုကို လက်မခံကြောင်း ငြင်းလိုတဲ့ အခါ “No, thanks” “No, thank you” တစ်ခုခုကို သုံးနိုင်ပါတယ်။ thanks နှင့် thank you တို့ကို noun အဖြစ်သုံးကာ ပြောခြင်း ဖြစ်ပါတယ်။ ဥပမာ -
- “Have a tea.” “No, thanks” (or) “No, thank you”
“လက်ဘက်ရည်သောက်ပါဦး” ၊ “ရပါတယ်၊ မသောက်တော့ဘူး၊ ကျေးဇူးပဲ”
- “Have a coffee.” “Yes, please.”
“ကော်ဖီ သောက်ပါဦး” ၊ “ဟုတ်ကဲ့၊ သောက်မယ်”
• တစ်စုံ တစ်ယောက်က တစ်ခုခု ကမ်းလှမ်းမှုကို လက်ခံကြောင်းပြောလိုလျှင် “Yes, please.” ကိုသုံးနိုင်ပါတယ်။
ကျေးဇူးတင်ကြောင်း အခြားသော ပြောစကား ပုံစံများ
- I’m much obliged to you.
ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်။ (obliged /adj/ - ကျေးဇူးတင်သော)
- I’m very grateful to you.
ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်။ (greatful /adj/ - ကျေးဇူးတင်သော၊ ကျေးဇူးသိသော)
- The word fail me to say thank you
ကျေးဇူးတင်လွန်းလို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။