Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 27, 2013

နိုင်မြန်မာ (သို့မဟုတ်) ကမ္ဘာမကြေဘူး ဟစ်ကြွေးသူ

 
တို့ဗမာ Dobama
နိုင်မြန်မာ (သို့မဟုတ်) ကမ္ဘာမကြေဘူး ဟစ်ကြွေးသူ
==========================
ထို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သူ၏ နံရိုးသုံးချောင်းကို စတေး၍ သီဆိုဟစ်ကြွေး ခဲ့ရရှာသည်။ ဒါသည် ပုံပြင်မဟုတ်၊ ဒဏ္ဍာရီမဟုတ်၊ တကယ့်ရာဇ၀င် ဖြစ်သည်။
------------------------------------
ပန်းချီ .. စစ်ငြိမ်းအေး

ကမ္ဘာမကြေဘူးသီချင်းကို ဗမာပြည်စစ်အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များ လှုပ်ရှားဟစ်ကြွေးသူများနှင့် လူငယ်ကျောင်းသား အတော်များများသိရှိနားလည်ဖူးကြမည် ဖြစ်သည်။ ထိုသီချင်း၏ စာသားနှင့် တေးသွားသည်။ ကြေကွဲစရာလိုလို၊ လွမ်းမောစရာလိုလို၊ ပြီးတော့ ဟစ်ကြွေးစရာလိုလို၊ ရဲ့ရင့်စရာလိုလို။

မည်သို့ပင်ဖြစ်စေ ထို ကမ္ဘာမကြေဘူးသီချင်းသည်၊ ကျနော်တို့ အားလုံး၏ ဗမာပြည် (ဗိုလ်နေ၀င်း မဆလတပါတီ အာဏာရှင်အစိုးရနှင့် စစ်အစိုးရ ဆန့်ကျင်ရေး) စစ်အာဏာရှင်၊ စစ်ဗြူရိုကရက် ဆန့်ကျင်ရေးဖြစ်သော၊ ၁၃၅၀ ပြည့် အရေး တော် (သို့မဟုတ်) ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း သမိုင်းရေး လိုအပ်ချက်အရ ပေါ်ထွက် ဟစ်ကြွေးခဲ့ရသော တော်လှန်ရေး တေးချင်းတစ်ပုဒ်ပဲ ဖြစ်သည်။

ယနေ့ချိန်ထိ ခံစားထိရှနေရသော ဖြစ်မည်။ သူ့ကို ရင်နှီးသူ ရွယ်တူ သူငယ်ချင်းများက၊ “ငနိုင်” ဟုခေါ်သည်။ ငယ်ရွယ်သူ ကျနော်တို့က ကိုနိုင်ကြီး ဟု ခေါ်သည်။ ဘယ်လိုခေါ်ခေါ်၊ သူ့ အမည်မှာ “နိုင်ဦးမြင့်” ဖြစ်သလို၊ သူ့ကိုယ်သူ ကဗျာဆရာတစ်ဦးအဖြစ်၊ ဆယ်ကျော်သက်ရွယ်ဘ၀များလို ခံစားဖြတ်သန်း အိပ်မက်နေခဲ့သည်။ ကံဆိုးသည်မှာ ကမ္ဘာကျော်ဖို့ မပြောနှင့် နိုင်ငံကျော် ကဗျာဆရာအဆင့်သာမရှိ၊ သူလိုကိုယ်လို သာမန် ကဗျာဆရာ တစ်ဦး ဖြစ်ခဲ့သည်။

နောက်ဆုံးပြောရလျှင် ကဗျာဆရာတစ်ဦးအဖြစ် ပါရမီမပါ၊ ကဗျာဆရာဖြစ်မည်သူတစ်ဦး မဟုတ်၊ သူကိုယ်တိုင်လည်း အတော် ကြေကွဲသွားခဲ့ရမည်။ ထားတော့ သေချာသည်မှာ သူသည် (တနည်း) နိုင်မြန်မာသည် ကဗျာဆရာဖြစ်သူမဟုတ်၊ တေးရေးဆရာတစ်ဦး ဖြစ်မည်သူ၊ ပါရမီရှင်တစ်ဦးသာ ဖြစ် သည်။ သက်သေပြချက်၊ တကယ့်သက်သေပြချက်၊ သူက တတ်နိုင်သူတို့၏ လေဒီယို၊ ကက်ဆက်ခေါ်၊ တေးသီချင်းများကို မခံစားနိုင်၊ ၀ယ်ယူ နားမထောင်နိုင်။

မြန်မာအသံ၊ အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ထုတ်လွှင့်သော တေးဂီတ (နိုင်ငံခြားသီချင်းများကို ခံစားနားဆင်ရင်း သူ၏ နိုင်ငံကျော် (၀ါ) ဆယ်ကျော်သက် လူငယ်များလို သက်ဝင်နိုင်မည့် ကိုယ်ပိုင်သံစဉ် သီချင်းများ၊ သူ့ ကိုယ်ပိုင် (ပုဂ္ဂလိ က) တေးသံစဉ် စာသားများကို၊ သူ့ခေတ် သူ့ကာလအရ ဖန်တီးဖေါ် ထုတ်ခဲ့သူ၊ တေးရေးဆရာတဦး (တနည်း) ကိုယ် ပိုင်သံစဉ်တေးရေးဆရာတစ်ဦးသာ ဖြစ်သည်။ ထားပါတော့ ကဗျာဆရာ မဖြစ်ခဲ့သည့် တေးရေးဆရာ လူထူးလူဆန်း တစ်ဦး။

ရှစ်လေးလုံးအရေးတော်ပုံ မဖြစ်ခင်၊ သူ၏ ဒဿနနှင့်တော်လှန်ရေးဆန်သော ယောနသန်ဇင်ယော် သီချင်းကို ပြန်လည် လေ့လာ ခံစားကြည့်ပါ။ နားစွင့်ကြည့်ပါ။ ဥပမာ ကျနော် စာသားတချို့ ရွတ်ပြပါမည်။ “သူတကာထဲမှာတော့၊ ဘယ်သူနဲ့မှလဲ မတူပါဘူး။ ဒီလူတယောက်ရဲ့ ဖြစ်စဉ်၊ သမိုင်းကြောင်းကို ပြန်လည်ကာ သုံးသပ်ကြည့်တော့လေ” ဟူသောစာသားက ထိုစဉ်က သူသည်တော်လှန်ရေး လမ်းကြောင်းပေါ်ရောက်နေပြီ ဖြစ် သည်။ သို့သော် သို့သော် ချစ် ခြင်းနှင့် အိပ်ထောင်ရေးသည် သူ့ဘ၀ သူ့ ဒဿနနှင့် သူ့အတွေးအခေါ်၊ ရဲရင့်ပြတ်သားမှုများထဲ ရောက်ရှိလာပြီ ဖြစ် သည်။ ချန်ကေရှိတ် က “ကွန်မြူနစ်မှန်လျှင် မိန်းမပေးစားလိုက်၊ ဒါဆို ok” ဟု လျော့ရဲကျဆင်းမှု ဖြစ်စဉ်ကိုပြောဆို လုပ်ကိုင်ခဲ့သည်။

သူ့ ဖြစ်စဉ် ထိုသို့မဟုတ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း၊ နိုင်ငံကျော် ကမ္ဘာမကြေဘူး “တေးချင်းကို ရေးစပ်သီဆိုရင်း (သူတတ်နိုင်သမျှ) ရန်ကုန် ၀န်းကျင်တခွင်၊ သူ့ ချာတိတ်၊ ချာတိတ်မများဖြင့် လှည့်လည်သီဆိုဟစ်ကြွေး၊ သမိုင်းတာဝန် ကျေပြွန်ဆောင်ရွက်ခဲ့ရှာ၏၊ ထို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သူ၏ နံရိုးသုံးချောင်းကို စတေး၍ သီဆိုဟစ်ကြွေး ခဲ့ရရှာသည်။ ဒါသည် ပုံပြင်မဟုတ်၊ ဒဏ္ဍာရီမဟုတ်၊ တကယ့်ရာဇ၀င် ဖြစ်သည်။ သေချာ သည်မှာ သူသည် နိုင်ငံရေးနားမလည်၊ နိုင်ငံရေးသမားမဟုတ်၊ အနုပညာသမား၊ ဂီတသမား သာမန် တေးရေးဆရာတဦးသာ ဖြစ်သည်။

သူတတ်နိုင်သမျှ သူကျွမ်းကျင်သမျှ တေးဂီတ၊ သီချင်းများမှတဆင့်၊ ဗမာပြည်သူလူထုကြီးတစ်ရပ်လုံး ဗိုလ်နေ၀င်း (မဆလတပါတီအာ ဏာရှင်စနစ်) စစ်အာဏာရှင်စနစ် စစ်အစိုးရတို့ကို အခွင့်အခါသင့်ခိုက် ဆန့်ကျင်အံတု တိုက်ပွဲဝင်ခဲ့သူ၊ နောင်တော် ခွပ်ဒေါင်း ဂီတဆရာတစ်ဦးပဲ ဖြစ်သည်။ နိုင်မြန်မာ လို ဂီတဆရာများ ဗမာပြည်တွင် များများပေါ်ထွက် လာစေချင်သည်။ အဆက်မပြန်ပေါ်ထွက် အဆက်မပြတ် ပေါ်ထွက်လာစေချင်၏ သူ့ကို န၀တ – နအဖ စစ်အစိုးရ အဆက်ဆက်က နိုင်မြန်မာ နာမည်သုံးခွင့်နှင့် တေးရေးခွင့်များ တချက်လွှတ် ပိတ်ပင်ခဲ့ကြသည်။ ထိုဒဏ်ကို သူ့ ရင်စီးခံခဲ့ရသည်။

ဒါတွေကို မည်သူမျှမသိ၊ သိနိုင်ဖို့လည်း မလွယ်။ သေချာသည်မှာ ကမ္ဘာမကြေဘူးသီချင်းကို နိုင်မြန်မာ (ခေါ်) နိုင်ဦးမြင့် သည်၊ သူ့ ဘ၀ မိသား စုနှင့်ချီ၍ ရင်းနှီး ပေးဆပ်ခဲ့ရသူ၊ တေးရေးဆရာ ဂီတရူးသွတ်သူ ကျနော်တို့ အကို တဦးပဲ ဖြစ် ပါသည်။

“သမိုင်းဟူသည် ကာလတခု၌ အမှောင်ထုအောက် နစ်မြုပ်နေတတ်သော်လည်း တကယ့် အစစ်အမှန် သမိုင်းဟူသည်။”

ကိုဆက်
http://arrmhanthit8888.blogspot.com/2011/07/blog-post_4941.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။