Burma-Newselite
၂၀၁၃ ခုနှစ်အတွက် National Geographic မဂ္ဂဇင်းရဲ့ ခရီးသွားသူ ဓာတ်ပုံဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပုံတွေထဲက အယ်ဒီတာအကြိုက် ပုံတွေထဲက တပုံ ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်ပေါ်က ဥကပေါက်ပြီး ထွက်လာခါစ ဂန်တိုပင်ကွင်းငှက်ကလေး ၂ ကောင်သား ပုခုံးဖက်နေတဲ့ ပုံပါ။
"တနှစ်ထက်တနှစ်ပုံတွေရဲ့ အရည်အသွေးက တက်တက်လာတယ်။ ဓာတ်ပုံတွေက ကမ္ဘာကြီးအပေါ်မြင်ပုံတွေ၊ ခံစားတင်ပြပုံတွေက ပိုပြီး သိမ်မွေ့လာတယ်။ ဒါကြောင့်လည်း ဆုံးဖြတ်ရတာ ပိုပြီး ခက်လာတယ်" လို့ National Geographic ခရီးသွားမဂ္ဂဇင်းအယ်ဒီတာချုပ် ကိတ်ဘဲလိုက
ပြောပါတယ်။
ပြိုင်ပွဲမှာပထမဆုရသူဟာ Galapagos ကျွန်း ၁၀ ရက်ခရီးသွားခွင့်ရမှာ
ဖြစ်ပါတယ်။ ဒီနှစ်ကတော့ National Geographic ခရီးသွားမဂ္ဂဇင်း ဓာတ်ပုံပြိုင်ပွဲကျင်းပတဲ့... ငွေရတု ၂၅ နှစ် ပြည့်လည်း ဖြစ်ပါတယ်။
Z
(ရှယ်နိုင်ပါတယ်။ စာသားကူးယူပြန်တင်ခြင်း ခွင့်မပြုပါ။)
ဓာတ်ပုံ- Richard Sidey/National Geographic Traveler Photo Contest

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။