TechSpace Journal
မြန်မာ ဂိမ်မာတစ်ဦး ဖွင့်ဟ ဝန်ခံချက်
-----------------------------------------
အိုင်တီပစ္စည်းတွေ ပိုမိုများပြားလာမှုအပေါ် လူသားတို့ Rely လုပ်တဲ့ အချိန် ပိုများ လာတာကြောင့် အနာဂတ်မှာ ရင်လေးဖွယ်ရှိကြောင်း ဆောင်းပါး ရေး တုန်းက ဂိမ်မာ တစ်ဦး ပေးထားတဲ့ ကွန်းမင့် ဖြစ်ပါတယ်။ Nyi Nyi Zaw Naing ရဲ့  ဖွင့်ဟပြောဆိုချက် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
"ကျွန်တော်ကတော့ ဒီနေ့ Gamer များ အကြောင်းကို စဉ်းစားမိပြီး ရင်လေးလာမိတယ်..

အခုနောက်ပိုင်း Game များကလည်း ကြေးစား ဆန်လာပါတယ်..
ကျွန်တော် ဆော့တဲ့ iPhone ထဲက Ninja game ဆိုရင်... အလကား ဒေါင်းလို့ရပေမဲ့.. အတွင်းထဲမှာ Level အလိုက် ဆော့သွားရပါတယ်.. Level တစ်ခု တစ်ခု မြင့်သွားတာနဲ့ အမျှ.. Power တွေ လက်နက်တွေ upgrade လိုက်လုပ်ရပါတယ်... game ထဲက ငွေ အမောင့် မလောက် တော့ရင် ဒေါ်လာနဲ့ ပေးဝယ်ရတော့မှာပါ...
အကောင် တစ်ကောင်ဝယ်မယ် ဆိုရင် မြန်မာ ငွေနဲ့ ၄ သောင်း ၅ သောင်းလောက်ရှိပါတယ်... ပါဝါတိုးချင်လို့ လိုတဲ့ ပမာဏာကို ဖြည့်ချင်ရင် ဒေါ်လာ ၁၀၀ အထိတောင် ၀ယ်ယူမြှင့်တင်လို့ ရတယ်... နောက်ပြီး အွန်လိုင်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ဆော့လို့ရပါတယ်..
ကျွန်တော်တို့ မြန်မာ နိုင်ငံက Visa တို့ Master တို့ ဆိုတာ မရောက်သေးဘူး.. ဒါပေမဲ့.. Shwe Visa တော့ လုပ်လို့ရတယ်.. ကျွန်တော်လုပ်ပြီး ဒေါ်လာ တစ်ရာ ထည့်ထားတယ်...
အဲ့ဒါ ဘယ်နေရာမှာမှ မသုံးလိုက်ရဘူး... Game ထဲပါသွားတယ်...
ကျွန်တော်တို့ အခု Facebook ထဲကနေ ဆော့ရတဲ့ Game တွေက Social ကျတဲ့ အတွက်ကြောင့်မို့လို့.. စီးပွားရေး ဆန်ဆန် ဆော့ကစားရတာ ကြီးပဲ မှတ်တာပါပဲ.. Game တိုင်းက Endless ပါ.. အဆုံးမရှိဘူး.. အွန်လိုင်းပေါ်မှာ ရှိတဲ့လူနဲ့ level ယှဉ်ထိုးပြီး မသာရင် ပိုက်ဆံပေးပြီး ကျော်တက်သွားလို့ ရတယ် ဆိုတဲ့ ထွက်ပေါက်တစ်ခု ပေးလိုက်ပါတယ်...
Game Programmer တွေကလည်း လူတွေရဲ့ စိတ်ကို သိပါတယ်.. အဲ့ဒါဘာလည်း ဆိုတော့ "လူတိုင်းဟာ ကိုယ့်ထက်သာ မနာလို" မလိုလားကြတဲ့ စိတ်ရှိတယ်ဆိုတာ ကို သိနေလို့ပါပဲ..
မြန်မာ ပြည်မှာ ဆော့ကစားနေတဲ့ Vakok WOW ဆိုရင် ပိုက်ဆံ ပေးဆော့ ရတယ်ဆိုတာ တော်တော် များများ သိကြပါတယ်.. သူကလည်း Game ဈေးကွက်ဖြစ်နေပါတယ်... ဒါကလည်း လူငယ်တွေ ကြားထဲမှာပါ..
torn city ဆိုရင်လည်း လိုအပ်ရင် ကိုယ့်အိတ်ထဲက ပိုက်ဆံ နဲ့ ဆော့ကစားရပါတယ်..
ပြောချင်တာကတော့ ... အဲ့ဒါရဲ့ ရလာဒ်က ဘာလဲ????????????
-
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/07/blog-post_10.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။