၂ဝ၁၁ခုနှစ်နောက်ပိုင်း ပြက္ခဒိန်တွေ၊ ပိုစတာတွေမှာ နေရာယူလာသူ တစ်ဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ပါတယ်။ အရင်နှစ်များအတွင်း လွတ်လပ်စွာမြင်တွေ့ ခွင့်ရရှိလာခဲ့ တာကလည်း တိုင်းပြည်ပွင့်လင်းလွတ်လပ်မှုပြယုဂ်တွေထဲက တစ်ခုပဲဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံများ ကို ပြက္ခဒိန်အဖြစ် ရိုက်နှိပ်ဖော်ပြခြင်းဟာ ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုကို ညွှန်းဆိုဂုဏ်ပြုခြင်းလို့ပဲ ဆိုရမှာပါ။ အခု လို ပြက္ခဒိန်များမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ပွင့်လင်းလွတ်လပ်စွာ ထည့်သွင်းဖော်ပြနိုင်မှုအပေါ် အနုပညာရှင်များရဲ့ အမြင်များကိုလည်း မေးမြန်း စုစည်းဖော်ပြလိုက်ပါတယ်။
ဇာဂနာ
” ပြက္ခဒိန်က လူတိုင်းအတွက်၊ နိုင်ငံတိုင်းအတွက် အရေးပါအရာရောက်တယ်။ တချို့က မင်းသား၊ မင်းသမီး ပုံကို မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ချိတ်ထားတယ်။ တို့မြန်မာ နိုင်ငံမှာကအိမ်တိုင်းလိုလို ချိတ်ထားတာကတော့ နိုင်ငံတော်ရဲ့အားထားရာ ဒေါ်အောင်ဆန်းစုကြည် ပုံပဲ။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ အကျယ်ချုပ်လွတ် လာပြီးကတည်းက အခုအချိန်ထိ သူ့ပုံအမျိုးမျိုးနဲ့ ပြက္ခဒိန်တွေ လုပ်ပြီးချိတ်ထားကြတယ်။ ဒေါ်စုကမင်းသမီးလည်း မဟုတ်ဘူး။ အလှပြင်ပြီး ပြက္ခဒိန်ရိုက်တာ လည်း မရှိဘူး။ သူ့ရဲ့မိန့် ခွန်းပုံ၊ သူ့ရဲ့ သဘာဝလှုပ်ရှား မှုပုံတွေ ကို မြတ်နိုးကြလို့ အိမ်တိုင်းမှာ ချိတ်တယ်။ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှတော့မီမှာမဟုတ်ဘူး”
ဆောင်းဦးလှိုင်
အမေ့ပုံကို ချိတ်ချင်တဲ့ ဆန္ဒ၊ အမေစုတို့၊ ဗိုလ်ချုပ် အောင်ဆန်းတို့ ပုံတွေ၊ ပြက္ခဒိန် တွေကို အိမ်တိုင်း မှာရဲရဲဝံ့ဝံ့ချိတ် ဆွဲခွင့်ရတာ ကောင်းတာပေါ့ ဗျာ။ ပြည်သူလူထုက အမေ့ကို ချစ်ခင်မြတ်နိုးတာတင်မကဘူး။ ယုံကြည်လေးစားမြတ်နိုးတာ လည်းပါတယ်။အဲဒီတော့ အမေ့ ရဲ့ ဓာတ်ပုံလေးရရင်လည်း ဖုန်းထဲမှာထည့် ထားတဲ့သူတွေ အများကြီးတွေ့ဖူးတယ်။ အိမ် မှာလည်း ပြက္ခဒိန်တွေ ချိတ်ဆွဲ ကြတယ်။ ဒါကတော့ ပြည်သူ လူထုရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့ ယုံ ကြည် လေးစားမှုကို ပြနေတာ ပဲ။ ယုံကြည်လေးစားမှုကို ဘာ လို့ ထည့်ပြောရလဲဆိုတော့ ဥပမာကျော်ကြားတဲ့အနုပညာ ရှင်တွေရဲ့ ပုံတွေ၊ ပြက္ခဒိန်တွေ ကိုလည်း အိမ်မှာ ချိတ်ဆွဲကြ တာပဲလေ။ တချို့ဆို ကမ္ဘာက မင်းသား၊ မင်းသမီးတွေ၊ ကိုရီး ယားပုံတွေကိုလည်း ချိတ်ဆွဲကြ တာပဲ။ သူတို့ကျတော့ ချစ်ခင် မြတ်နိုးမှုပဲဗျ။ လေးစားတန်ဖိုး ထားမှုတော့ ပါချင်မှပါမှာ။ အမေတို့ ကျတော့ လူထုခေါင်း ဆောင်ဖြစ်တဲ့အတွက် ယုံကြည် လေးစားအားကိုးမှုက ပါတယ် ဗျ။ အမေကလည်း သူ့ရဲ့ ပုံတွေ ကို ထုတ်လုပ်ဖြန့်ချိတာကို တား မြစ်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုက နှစ်သက်တယ်။ ဝယ်ယူအားပေးချိတ်ဆွဲကြ တာကို ဝမ်းသာဦးမှာ။ ဒါလေး တွေကို ကျွန်တော်တို့က နှစ် ပေါင်းများစွာ ဆက်ပြီးတော့ ရှိစေချင်တယ်ဗျာ”
ထွန်းအိန္ဒြာဗို
အမေစုကို တအားချစ်ခင်မြတ်နိုးလေးစားစိတ်နဲ့ အရင်ကတည်းက လူတိုင်းချိတ်ချင်တယ်။ ချိတ်ခွင့်မရလို့ မချိတ်ခဲ့ကြဘူး။ချိတ်ခွင့်ရတော့ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ချိတ်ကြတာပေါ့။ မင်းသား၊ မင်း သမီးတွေကတော့ အခုကြိုက် ပေမယ့် နောင်နှစ်ကြိုက်ချင်မှ ကြိုက်မှာပေါ့။ သူကပေါ်ပင် သဘောဖြစ်တာပေါ့။ အမေစု ကျတော့ပေါ်ပင်သဘောမဆောင် ဘူး။ နောင်နှစ်ပေါင်းတစ်ရာ အမေစုမရှိတော့တဲ့အထိ နောက် မျိုးဆက်ပေါင်းများစွာ က လေးစားပြီးတော့ တသသ ပြန်ပြောနေရမယ့် ပုဂ္ဂိုလ်မျိုး။ ဒါကသီးခြားပုဂ္ဂိုလ်ဖြစ် သွားပြီ။ အခုလို ပွင့်ပွင့်လင်းလင်းနဲ့ အမေစုပြက္ခဒိန်တွေ ချိတ်ဆွဲ လာတဲ့ အပေါ် ဝမ်းသာပါတယ်။ ဝမ်းသာတာနဲ့အညီ မပွင့်လင်းခဲ့ တဲ့ခေတ်ကို ပြန်တွေးမိတိုင်း စိတ်ညစ်တယ်။ ပရိသတ်တွေက ကျတော့ အမေစုက ချောလို့လှ လို့ချိတ်တာမျိုး မဟုတ်ဘူး။ အမေစုကို လေးစား မြတ်နိုးလို့ ချိတ်တာ ဆိုတော့ ကောင်း စရာ၊ မကောင်းစရာ မလိုဘူး အမေစု ဖြစ်ဖို့ပဲလိုတာပါ။”
ကြည်ဖြူသျှင်
” အစ်မတို့ဆိုရင် အမေစု ပုံပါတဲ့ ပြက္ခဒိန်မှန်သမျှ အကုန်ဝယ်တာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမျိုး အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်က လွတ်လပ်စွာနဲ့ ပြက္ခဒိန်ထုတ်ခွင့် ရမယ်လို့ အစ်မတို့ မမျှော်လင့် ခဲ့ဘူး။အမေစုကလည်း အကျယ် ချုပ်ကာလကနေ လွတ်လာ တယ်။ တိုင်းပြည်ကလည်း အတိုင်းတာတစ်ခုအထိ ပွင့်လင်းလာတယ်။နောက် အမေစုရဲ့ပုံတွေ နဲ့ပြက္ခဒိန်တွေ ထုတ်ခွင့်ရတယ်။ မမျှော်လင့် ထားဘဲ ရတဲ့အရာတစ်ခုကို တော့ တအားလည်း ဝမ်းသာ တယ်။ နောက်အဲဒီကာလ မှာလည်း ပြက္ခဒိန်တွေက အပြိုင်အဆိုင်တွေ အများကြီး ထွက်ကြတယ်။ ပြည်သူတွေက လည်း အမေစုရဲ့ ပုံပါတဲ့ ပြက္ခ ဒိန်ကို အိမ်မှာ ချိတ်ချင်ကြတဲ့ အတွက်ဝယ်ကြတယ်။ အစ်မဆို လည်း အနုပညာရှင်တစ်ယောက် ပဲ။ ဒါပေမဲ့ အနုပညာရှင်တွေပုံပါ တဲ့ ပြက္ခဒိန်ထက် အမေစု ပုံပါတဲ့ ပြက္ခဒိန်ကို ချိတ်ရတာ ကိုယ့်အတွက် ပိုပြီး ပီတိဖြစ်ရ တယ်။ ပြည်သူတွေ အားလုံး ကလည်း အမေစုရဲ့ ပုံပါတဲ့ ပြက္ခဒိန်တွေကို ဝယ်ပြီး အိမ်မှာ ချိတ်ကြတယ်ဆို တာကလည်း ပြည် သူတွေ အပေါ်ထား တဲ့ အမေစုရဲ့ စေတနာ၊ မေတ္တာကြောင့်ပါ။ အစ်မ အနေနဲ့ကတော့ ဒီနှစ်ကုန်လို့ နောက် နှစ်မှာလည်း အမေစု ရဲ့ပုံနဲ့ ပြက္ခဒိန်ထွက်ရင်ဝယ်မှာပါပဲ”
သျှီ
” အခု ပွင့်ပွင့်လင်းလင်းဖြစ်လာတဲ့အခြေအနေမှာ အခုလိုပုံတွေကို လွတ်လွတ်လပ်လပ် မြင်ရပြီး ရှေ့လျှောက်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခွင့်ရတဲ့ အခြေအနေလေး အမြဲဖြစ်စေချင်ပါတယ်။ ကိုယ် ယုံကြည်ရာလေးကို အနည်း ဆုံးကြည့်လိုက်ရတယ်။ အခု အဲဒီလိုပွင့်လင်းလာတဲ့အတွက် ဝမ်းသာစွာကြိုဆိုပါတယ်။ အန်တီ့ပုံတွေနဲ့ ပြက္ခဒိန် တွေပြုလုပ်တယ်ဆိုတာလည်း ဘာမှမဟုတ်တဲ့ သူတစ် ယောက် ဆိုရင်တော့ ဘယ် သူမှ ဒါကို တခုတ်တရလုပ် နေမှာ မဟုတ်ဘူးလေ။ တကယ် ကို တန်ဖိုးရှိတဲ့လူတစ်ယောက်၊ ယုံကြည်ထိုက်လို့၊ လေးစားထိုက် လို့ အဲဒီလိုလူမျိုး မို့လို့ တလေး တစား တန်ဖိုးထားပြီး ဖော်ပြတယ်လို့မြင်ပါတယ်”
ဖြူဖြူကျော်သိန်း
” အရင်တုန်းကတော့ အန်တီစုပုံတွေ သိပ်မတွေ့ရဘူး။ ငယ်ငယ်က ပုံလေးတွေ ကိုတောင် သိမ်းထားရတာ။ အခုကျတော့ အများကြီးမြင် တွေ့ရတော့ စိတ်ချမ်းသာတာ ပေါ့။ အန်တီစုပုံနဲ့ပြက္ခဒိန်တွေ လည်း ရှိတယ်။ အနုပညာနယ် ပယ်နဲ့တော့ မတူဘူးပေါ့။ အနု ပညာနယ်ပယ်မှာတော့ ပြက္ခ ဒိန်နှစ်တစ်နှစ်မှာ မော်ဒယ် သရုပ်ဆောင်စသဖြင့် ရှိတယ် ပေါ့။ အန်တီစုကိုကျတော့ အနု ပညာ နယ်ပယ်နဲ့ ခွဲခြမ်းစိတ် ဖြာပြီးပြောလို့ မရဘူး။ ကန့် သတ်ရမယ့် လူသားမျိုးလည်း မဟုတ်ဘူး။ ဒီလိုလူမျိုးလည်း နောက်တစ်ယောက် မရှိနိုင် ဘူးလေ။ တိုင်းပြည်က ပွင့် လင်းလာလို့ ထင်ထင်ပေါ်ပေါ် ပြခွင့်ရလာတယ်။ မဟုတ်ရင် လည်း အမြဲတမ်းရှိနေမယ့် အရာပါ။အရင်ကတော့ တအား ဝမ်းနည်းဖို့ကောင်းတာပေါ့။ ခေါင်းဆောင်တွေရဲ့ပုံကို ပွင့် ပွင့်လင်းလင်းမြင်တွေ့ခွင့် မရခဲ့ ဘူးဆိုတာ ဘယ်လောက် စိတ် မကောင်းစရာကောင်းလိုက် လဲ။ ခုလိုအခြေအနေဖြစ်လာ တာကိုကျေနပ်အားရမိပါတယ်”
ပေါ်ပြူလာအဖွဲ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။