အင်္ဂလိပ်ဘာသာ လေ့လာစရာ
“ဝေါဟာရတစ်လုံးအား..ချဉ်းကပ်ခြင်း (၃)”
=======================
(How to Approach a Word- part -3)
=======================
(How to Approach a Word- part -3)
စကားလုံးတစ်လုံးကို လေ့လာရာမှာ Spelling , Pronunciation , Meaning ,Word Class နဲ့ နမူနာဝါကျ လေ့လာ/ရေးသားပုံတွေကို တင်ပြခဲ့ပြီးပါပြီ။ဒီနေ့တော့..Word family အကြောင်း..လေ့လာကြပါစို့။
ကျွန်တော်တို့တစ်တွေမှာ အဖေ၊အမေ၊ညီအစ်ကို ၊မောင်နှမ..စတဲ့ မိသားစုတွေရှိသလို စကားလုံးတွေမှာလဲ..စကားလုံးမိသားစု အသိုင်းအ၀ိုင်းလေးရှိပါတယ်။ဒါ့ကြောင့်..ဝေါဟာရတစ်လုံးကို လေ့လာရာမှာ စကားလုံးတစ်လုံးတည်း သိရုံနဲ့ မလုံလောက်သေးပါဘူး။သူ့နဲ့ ပတ်သက်တဲ့ ဆွေမျိုး ပေါက်ဖော် စကားလုံးလေးတွေကိုလည်း သိဖို့ လိုအပ်ပါတယ်။

ဥပမာ..explode ကို..လေ့လာမယ်...ဆိုပါတော့။
Explode..(v) ပေါက်ကွဲသည်။
Explosion ..(n) ပေါက်ကွဲမှု
Explosive..(adj) ပေါက်ကွဲစေတတ်သော။ (n).ပေါက်ကွဲစေသောအရာ
unexploded..(adj) မပေါက်ကွဲသေးသော
ဆိုတဲ့..ဝေါဟာရအုပ်စုလေးကိုပါ....တွဲပြီးလေ့လာလိုက်ရင် တစ်ချက်ခုတ် လေးချက်ပြတ်ဆိုသလို..(၁)လုံးတည်းလေ့လာပြီး (၄)မျိုးတတ်မြောက်သွားမှာ ဖြစ်ပါတယ်။
ဒီလိုစကားလုံးအုပ်စု(Word Family) ကို..စကားလုံးပုံစံ(word form)တွေလို့လည်း ခေါ်ကြပါသေးတယ်။မူရင်းစကားလုံးကနေ..ပုံစံအမျိုးမျိုးပြောင်းလဲတဲ့ နေရာမှာ..ပထမဆုံးအနေဲ့ ၀ါစင်္ဂ အပြောင်းအလဲကို လေ့လာရပါမယ်။ဥပမာ..Able ဟာ “စွမ်းဆောင်နိုင်သော” လို့ အဓိပွါယ်ရတဲ့ နာမ၀ိသေသနပါ။ဒါကို..-ilty ဆက်လိုက်တော့...Ability ဆိုတဲ့ နာမ်တစ်လုံးကိုရပါတယ်။ အဓိပွါယ်ကတော့..“စွမ်းဆောင်မှု၊စွမ်းရည်”..ဖြစ်ပါတယ်။ဒီလို...နာမ၀ိသေသနကို နာမ်အဖြစ် ပြောင်းလဲလိုက်တာကို ၀ါစင်္ဂ အပြောင်းအလဲလို့ ခေါ်ပါတယ်။။ဒီပုံစံအတိုင်းပါဘဲ...Play (ကစားသည်) ကြိယာကို....ful နဲ့ er ဆက်ကြည့်ပါ။Playful =ကစားသလိုပြုသော၊ကျီစားသော..ဆိုတဲ့ နာမ၀ိသေသန တစ်ခုရယ်၊Player=ကစားသမားဆိုတဲ့ နာမ်တစ်လုံးရယ် ထပ်မံရရှိပါမယ်။နောက်ပြီး..နာမ၀ိသေသနအများစုဟာ -ly ဆက်လိုက်ရင် ကြိယာဝိသေသန ဖြစ်သွားတာ တွေ့ရပါတယ်။ ဥပမာ...Strong (သန်မာသော)ဆိုတဲ့ နာမ၀ိသေသန ကို -ly ဆက်ရင် Strongly (သန်မာစွာ)ဆိုတဲ့ ကြိယာဝိသေသနကို ရရှိပါတယ်။
စကားလုံးပုံစံအမျိုးမျိုး ပြောင်းလဲရခြင်းဟာ..အဓိကအားဖြင့် ရှေ့ဆက် စကားလုံး(Prefix) နဲ့ နောက်ဆက်စကားလုံး (suffix) တို့ကြောင့် ပြောင်းသွားတာ များပါတယ်။ ဥပမာ.. book (စာအုပ်)ကို နောက်မှာ... .“s”ထည့်ကြည့်လိုက်ပါ။ books(စာအုပ်များ)ဆိုပြီး အများကိန်း ပြောင်းလဲသွားပါမယ်။Argue (ငြင်းခုံသည်)ဆိုတဲ့ ကြိယာကို နောက်က ment ဆက်ကြည့်ရင် argument (ငြင်းခုံမှု)ဆိုတဲ့ နာမ်စကားလုံးတစ်ခု အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
တကယ်တော့..စကားလုံးပုံစံတွေကို လေ့လာရတာဟာ ပျော်စရာ ကောင်းပါတယ်။ဝေါဟာရတစ်လုံးတည်းကနေ...တန်ဖိုးမဖြတ်နိုင်တဲ့ မိတ္တူပွားစကားလုံးလေးတွေကိုပါ သိခွင့်ရမှာဖြစ်လို့ ဗဟုသုတ တိုးစေမှာကတော့ အမှန်ပါပဲ..။အရေးကြီးတာက...ထပ်သိရတဲ့ဝေါဟာရ ပုံစံလေးတွေရဲ့ အသုံးနမူနာဝါကျလေးတွေကိုပါ.. ချရေးပြီး လေ့လာသင့်ပါတယ်။အင်္ဂလိပ်စာမှာ..ဝေါဟာရအားလုံးနီပါးဟာ တစ်လုံးတည်း..မနေတတ်ကြပါဘူး။စကားလုံးမိသားစု အသိုင်းအ၀ိုင်းလေးနဲ့ သိုက်သိုက်ဝန်းဝန်း နေလေ့ရှိကြပါတယ်။ ဒါ့ကြောင့်... .... အင်္ဂလိပ်ဝေါဟာရတွေကို လေ့လာတဲ့အခါမှာ....တစ်လုံးတည်းကွက်ပြီး ခွဲခြားဆက်ဆံ လေ့လာတဲ့အကျင့်ကို ဖျောက်ပြီးတော့... သူနဲ့ ပတ်သက်တဲ့ စကားလုံးအုပ်စု(Word Family ) ကိုပါ .လေ့လာကြရမှာဖြစ်ပါကြောင်း.. တင်ပြလိုက်ရပါတယ်။ ။
-----------၀--၀----၀--၀---၀-၀--၀--၀-၀--၀-၀--၀-၀--------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။