MM Social Sky
ကိုကာကိုလာ
**********
ကမ္ဘာ့အကျော်ကြားဆုံး ဖြစ်တဲ့ Coca-cola soft drink အချိုရည်ကို
နေ့စဉ်နေ့တိုင်း ကမ္ဘာတလွှားမှာ ဘူးပေါင်း ၁သန်းကျော်ခန့်
ဖြန့်ဖြူးရောင်းချနေရပါတယ်။
မူလအစက ကိုလာကို ခေါင်းကိုက်ပျောက်ဆေးရည်အဖြစ်
ဂျော်ဂျီယာနိုင်ငံသား၊ John Pemberton ဆိုသူက ထုတ်လုပ်ရောင်းချခဲ့
ပါတယ်။

“Coca-Cola” လို့ အမည်ပညတ်ရခြင်းက ဒီလိုရှိပါတယ်..
ဆေးဝါးထုတ်လုပ်ရာမှာ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ “Coca” အရွက်နဲ့ “Kola” စေ့ကို အစွဲပြုထားတယ်လို့ ဆိုပါတယ်။
ကိုလာအချိုရည်ကိုတော့ ကိုကိန်းဓါတ်နုတ်ယူထားတဲ့ coca ရွက်နဲ့ (ကဖိန်းဓါတ်ပါဝင်တဲ့) ခါးသက်တဲ့ အရသာရှိတဲ့ kola စေ့၊ သကြားစတာတို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
ကိုလာက ယနေ့သောက်သုံးနေကြတဲ့ “၀ိုင်” နဲ့လဲ ဓါတ်သတ္တိ တူညီပါသတဲ့။
Code ဗူးတွေကို သောက်တဲ့အခါ ရှိန်းမြမြအရသာ ရရှိတာကတော့ Mentos လို့ခေါ်တဲ့ ပူရှိန်းစေတဲ့ဓာတ်၊
ဂက်စ် (CO2) ပါဝင်တာကြောင့် ဗူးဖောက်တဲ့အခါ ဆူဝေမှုဖြစ်စေပါတယ်။ ကုတ် (1liter) ၁ဗူးမှာ (CO2) ၅ဂရမ် ပါရှိပါတယ်။
Diet coke ကတော့ သကြားဓါတ်လုံးဝမပါတဲ့အတွက် အချိုရှောင်သူတွေ
သောက်သုံးဖို့ ပိုသင့်တော်ပါတယ်။
နောက်ပြီး ကိုလာက ကြယ်ငါးအဆိပ်စူး ထိခိုက်မှုကိုလဲ ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေ မှာတော့ ပင်လယ်ကမ်းစပ်အပန်းဖြေခရီးသွားတဲ့အခါ
ကုတ်ဘူးတွေကို ဆောင်သွားလေ့ရှိတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ရေကူးရင် ကြယ်ငါးကိုက်တဲ့ဒဏ်ကို ခံရတဲ့အခါ
အချိုရည်ကို ဒဏ်ရာပေါ် လောင်းချပေးရုံနဲ့ နာကျင်မှုဝေဒနာကို သက်သာစေတယ်လို့ ဆိုပါသတဲ့။
ကိုလာအချိုရည်တွေကို သောက်စရာအပြင် အခြားအသုံးပြုစရာအဖြစ်
အမျိုးမျိုးလုပ်နိုင်ပါသေးတယ်။ ဒါကတော့ အစားအသောက် ချက်ပြုတ်တဲ့အခါ၊ အညစ်အကြေးတွေ သန့်စင်တဲ့အခါ ၊မကောင်းတဲ့
အနံအသက်တွေကို ဖယ်ရှားတဲ့အခါ၊ သံကြေးချွတ်ရာဖြစ်ဖြစ် အသုံးတည့်တဲ့အတွက်ကြောင့် သိရပါတယ်။
အကယ်၍များ မတော်တဆ သင့်ဆံပင်မှာ ပီကေကပ်သွားပါကလဲ
ကိုလာအချိုရည်နဲ့ အလွယ်တကူ ချွတ်ယူလို့ ရတယ်လို့ ဆိုပါတယ်။
သတိပေးချက်တခုကတော့ ကိုလာအချိုရည်ကို တပြိုင်နက်တည်း အလွန်အကျွံ မသောက်သုံးသင့်ပါဘူးတဲ့။
အချိုရည် (၈) ပုလင်းခန့် ဆက်တိုက်သောက်သုံးပါက ချက်ချင်းလက်ငင်းကို
သေဆုံးနိုင်ပါတယ်သတဲ့။
ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပမာဏများပြားလာသည်နှင့်အမျှ သွေးထဲရှိ အောက်ဆီဂျင်ပမာဏက လျော့နဲသွားခြင်းက သေဆုံးမှု ဖြစ်စေတဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် တယောက်ယောက်က ကိုလာသောက်ပြိုင်ဖို့ ဖိတ်ခေါ်လာပြီဆို ဒီအချက်ကို သတိရပေးပါ။
အားလုံးသိတဲ့ ကိုလာရဲ့ မူလအရောင်ကတော့ အစိမ်းရောင် ဖြစ်ပါတယ်။
AkaRy (MM Social Sky)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။