အမေ့အိမ်
လည်ပတ်နေသည့် အဆောက်အဦး
Wednesday, 10 July 2013
Wednesday, 10 July 2013
ဒူဘိုင်းနိုင်ငံမှာတည်ရှိတာပါ၊DAVINCI ROTATING TOWER လို့လည်းခေါ်
ပါတယ်၊ဒီဇိုင်းပညာရှင် David Fisher ရဲ့ ဖန်တီးပေးထားမှုပါ၊
တာဝါရဲ့ အမြင့်က ၄၂၀ မီတာ(ပေ ၁၃၇၈)ရှိပြီး အထပ်ပေါင်း ၈၀ အမြင့်ရှိတဲ့
အဆောက်အဦးလည်းဖြစ်ပါတယ်၊

United Arab Emirates ပိုင် အဆိုပါ အဆောက်အဦးရဲ့ ထူးခြားချက်က
ပုံမှာမြင်တွေ့ရတဲ့ အတိုင်း အသွင်ပြင် အမျိုးအမျိုးပြောင်းလည်းလို့ရတဲ့
နည်းပညာမြင့်ဖန်းတီးထားမှုပဲဖြစ်ပါတယ်၊
ဒူဘိုင်းနိုင်ငံ ဟာကမ္ဘာအချမ်းသာဆုံးစော်ဘွားတွေနေထိုင်တဲ့ နိုင်ငံတွေ
ဖြစ်သည့်အလျောက် ယခုလိုထူးဆန်းတဲ့ နာမည်ကြီးအဆောက်အဦးများ
လည်းရှိကြောင်းသိရပါတယ်၊ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့
လာရောက်အပန်းဖြေသူတွေ စည်ကားတဲ့ မြို့ဖြစ်ကြောင်းသိရပါတယ်။
နည်းပညာမြင့်ဖန်းတီးထားတဲ့ ထူးဆန်းစွာပြောင်းလည်းနေသော
အဆောက်အဦးကို ဖော်ပြပေးလိုက်ပါတယ်။
Ref:Know
Khun Nay(AMMG)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။