Yati Magazine
ကတ်သီးကတ်သတ် ပြောတဲ့ တောက်တီးတောက်တဲ့
••••••••••••••••••••••••••••••••••••••••••••
ထူးထွေသည့် အံ့ရာသော်
နိုင်ငံတော် အစိုးရရဲ့ ၁၅ဝဝ ချစ်ခြင်းမေတ္တာ တွေကြောင့် တောက်တီး တို့ရပ်ကွက်ထဲမှာ အားလုံး အလုပ်တွေ ရှုပ်နေကြသဗျ။ ၁၅ဝဝ တန် ဖုန်း ကတ်လေးကပြန်ရောင်းရင် သုံးလေးငါး သောင်း အထိရတယ်ဆိုတော့ ဖုန်းလျှောက်လွှာကို တစ်အိမ်တစ်ယောက်ပဲ လျှောက်ရမယ် ဆိုတာလည်း အိမ်ရှိလူကုန်လျှောက်၊ ဖုန်းပေါက်ပြီးသား သူတွေကလည်း ထပ်လျှောက် လုပ်နေကြ လေတော့ကာ ရပ်ကွက် လူကြီးတွေခမျာလည်း ညဘက်ပါ အိပ်ရေးပျက်ခံပြီး လျှောက်လွှာတွေ ပြန်စစ်နေကြရတာ နဲ့ တင် ဂေါက်တောက်တောက် ဖြစ်နေကြလေရဲ့။ တော်ပါသေးရဲ့... တစ်လ တစ်ခါမို့လို့သာပဲ။ တစ်ပတ်တစ်ခါသာဆိုရင် တော့ မတွေးဝံ့စရာဘဲ။
အဲဒီလိုမျိုး မြန်မာ...ပြည်က ထူးထွေသည့် အံ့ရာသော်တွေကို မှတ်တမ်း ဗီဒီယို ရိုက်ချင်လှပါချည် ရဲ့ဆိုတဲ့ နိုင်ငံခြားသား ကလည်း ရှိသေး .. ဟေး ..ဟေး.. .။ ဒါနဲ့ သင်းကို ညဘက်လျှောက်လွှာ တွေစစ်ပြီး အော်လံနဲ့ ရပ်ကွက်ထဲ လိုက်အော်တဲ့ အဆင်လေး ရိုက်ဖို့ခေါ်သွားတော့ မောင်မင်းကြီး သားက မျက်နှာငယ်လေးနဲ့ အနားကပ်ပြီး ဟိုလူ တွေရဲ့ပါးစပ်က ဒရက်ကူလာ (သွေးစုပ်ဖုတ် ကောင်) တွေလို ဘာလို့ ဖြစ်နေတာလဲ ဆိုပြီး ခပ်ရွံ့ရွံ့လေး မေးလာပါလေရော။ ရုတ်တရက် တော့ နားမလည်ဘူး။ ဒါနဲ့ သေသေချာချာကြည့် တော့မှ လားလား...အိပ်ရေးတွေ ပျက်နေလို့ ပါးရင်း နားရင်းတွေချောင်ကျနေ၊ မျက်ကွင်းတွေ ကလည်း ညိုနေ၊ ပါးစပ်မှာလည်း ကွမ်းတဝါးဝါးနဲ့ ကွမ်းသွေး ရဲရဲနီနေကြတဲ့ နှုတ်ခမ်းတွေ နဲ့ဆိုတော့ ....။ ဖြစ်ရလေလို့ပဲ ပြောရတော့မှာပေါ့ ဗျာ...။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။