Myanmar News Update
ဘယ်လိုစုံတွဲမျိုးလေးလည်းမသိဘူး ။
တအားကိုချစ်ဖို့ကောင်းပါရဲ့ ....
ဖြစ်ပုံလေးက ဒီလို ...
ကောင်လေးနဲ့ကောင်မလေးကတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ် ။
ဒါပေမယ့် ကောင်မလေးမကြိုက်တာကို ကောင်လေးက အမြဲတမ်းလုပ်မိတယ်
( လူဆိုတော့လည်းအမှားနဲ့ ဘယ်ကင်းနိုင်ပါ့မလဲပေါ့နော် )

အဲ့ဒီမှာ ဟိုကောင်မလေးက ဘာဖြစ်သလဲဆိုတော့ မိန်းကလေးတို့သဘာဝ စိတ်ကောက်ခြင်းဆိုတဲ့လက်နက်ကြီးနဲ့ ကောင်လေးကိုစစ်ကြေညာပြီပေါ့ .....
ကောင်လေးကလည်းဘယ်နေနိုင်ပါ့မတုန်း ..
ကောင်မလေးကိုအရမ်းချစ်တဲ့လူဆိုတော့ အသည်းအသန်ချော့တာပေါ့ ..
ကောက်လိုက်
ချော့လိုက်
ဆက်ကောက်လိုက်
ဆက်ချော့လိုက်
ကြာတော့လည်း ဘယ်သူမှတင်းမခံနိုင်တော့ပါဘူး ။
ကြိုး ဆိုတာ တောင် ၂ဖက်လုံးတင်းရင်ပြတ်ပေမယ့်
တစ်ဖက်ကလျှော့လိုက်ရင်တော့ နဂိုအတိုင်းခိုင်မြဲနေစမြဲပဲလေ ..
အဲ့ဒီတော့ ဆိုရရင် ကောင်မလေးကလည်းကောင်လေးကိုအရမ်းချစ်တဲ့လူ ဖြစ်နေပြန်တော့ လွယ်လွယ်ပဲပြန်စိတ်ကောက်ပြေရောပေါ့ ..
နောက်ဆုံး ဇာတ်သိမ်းခန်းလေးကတော့ ..
ကောင်မလေးကလည်း သူမက သူ့အပေါ်ခဏခဏစိတ်ကောက်နေမိတာ သူမ မကောင်းပါဘူးပေါ့ ..
ကောင်လေးကလည်း ဒါချစ်မကောင်းတာမဟုတ်ပါဘူးကိုယ်ကချစ်မကြိုက်တာတွေပဲလုပ်မိနေတော့ ကိုယ်ပဲမကောင်းတဲ့လူပါကွာပေါ့ ...
နောက်ဆုံးတော့လည်း စကားလေးတစ်ခွန်းပါပဲ ...
‘ ဒါဆို ... Now, we're OK!’ နော်တဲ့
{ မယ်ပိုး }
< Heart Canteen >

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။