Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 16, 2013

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ

 
Tun Wai
တက္ကသိုလ်ဘုန်းကြွယ်၏ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...............ဖတ်ကြည့်ပါ အနှစ်တွေအများကြီးဘဲ....

အောင်ဆန်း အောင်ဆန်း

မြန်မာပြည်ရဲ့ အမှောင်ခန်းကို

အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်

ဖက်ဆစ်လက်အောက်က

လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။



အဆောင်ဆောင် ကြငှါန်းနဲ့

အခေါင်မမြန်းရခင်က

အောင်ပန်းညို့ရရှာတဲ့

အောင်ဆန်းတို့သေပုံနှမြော

ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း

သမိုင်းရာဇ၀င် ပြင်လို့မရ

လူ့လောက အလယ်မှာ

နှစ်သုံးဆယ်သာသာတာ

နေလာခဲ့ရရှာပေမယ့်

ကမ္ဘာမှာ မြန်မာရယ်လို့

တင့်တင့်တယ်တယ် ဖြစ်လာအောင်

စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊



အရပ်ကပုကွကွ

မျက်နှာထားက ဘုကျကျနဲ့

တုမရတဲ့ မူရုပ်

အဟုတ်ကိုအလုပ်လုပ်တဲ့ အညာသား

ဘီအေကျောင်းသား စကားကအနည်းသား

ပြောများပြောမိရင် မရပ်မနား

နတ်မောက်သားဇာတိ

အမိဒေါ်စု အဘဦးဖာတို့ရဲ့သား

အားအားမနေ တိုင်းပြေ(ပြည်)အတွက်

မပြတ်အလုပ်လုပ် အဟုတ်ကိုဇွဲရှိ

သတ္တိကလဲ နှစ်ယောက်မရှိ

လုပ်မိပြီဆိုလျှင် နောက်မဆုတ်တမ်း

ခေါက်တုံ့ လှမ်းနေရင်းတောင်

မသေမချင်းတိုက်ရမဲ့လွပ်လပ်ရေးအကြောင်း

မွတ်ငတ်ဘေးက

မလွတ်သေးတဲ့ပြည်သူတွေအကြောင်း

ခေါင်းကဆံပင်ညှပ်မပြီးခင်မှာတောင်

လုပ်ဆောင်စရာပေါ်လာရင်ထွက်သွားတတ်သူ

အကွက်များရလိုက်တာနဲ့ဖိနပ်တောင်

ယောင်မှားပြီး ဗြောင်းပြန်စီးတတ်တဲ့သူ

သဘောဖြူ မနောဖြူလိုက်ပုံများ

ကြွားမကြွားလိုက်ချင်

သူ့အားတွေ့ချင်လွန်းလို့

လမ်းမှာတားတဲ့ရွာသားတွေနဲ့အတူ

ကြည်ကြည်ဖြူဖြူ အကြော်တူတူစားတဲ့သူ။





တိုင်းရင်းသားလူမျိုးတွေကြားမှာ

သူတို့အ၀တ်အစား ၀တ်သွားပြီး

သူတို့နဲ့အတူတူပျော်ပါးတတ်တဲ့သူ။



တကယ်တော့ အောင်ဆန်းဟာ

ဟန်ဆောင်သမားမဟုတ်

ရိုးသားပြီး သွေးမကြီး။



ရိုးသားတဲ့နေရာမှာ

ရိုးရိုးဗမာထက်သာ။



တိုက်ရဲတဲ့နေရာမှာလည်ဲး

ရိုးရိုးဗမာတွေထက်ကဲ။



ရရင်ရ မရရင်ချမဲ့ အောင်ဆန်း

အမြင်ကြမ်းပေမယ့်

အတွင်းဘန်းအလွန်နူးညံ့တဲ့သူ။



ချစ်ဇနီးအပေါ် ခေါ်လိုက်တာများ

ကြည်ရေ ရနိုင်ရင် ပဲပြုတ်နဲ့နံပြား

စားချင်သတဲ့….ဗိုလ်ချုပ်ကဇနီးလှအပေါ်

အမိန့်ပေးပြီး အဓမ္မမခေါ် ခဲ့ဘူးပါ။



အောင်ဆန်းနောက်ကို

ယောင်ရမ်းပြီးတကောက်ကောက်

လိုက်ကြတယ်မထင်နဲ့

သူ့တိုက်ပြနေတဲ့လွတ်လပ်ရေး

သူခေါင်းဆောင်ပေးနေတဲ့အရည်အသွေး

သူ့အရေး သူ့အမျိုး သူ့အကျိုးထက်

မြန်မာတမျိုးလုံးအတွက်ဆိုတာ

အားလုံးကသိကြတယ်။



အရေးကြီး သွေးနီးဖို့

စုစည်းအားနဲ့ တချက်မှ ညည်းမထွားဘဲ

တသီးတခြား ကြီးကြီးမားမားဖြစ်အောင်

အောင်ဆန်းက စည်းရုံးနိုင်ခဲ့တယ်။



သူ.အရည်အချင်းကို

မယွင်းအမြင့်အခေါင်

အတင်းပင့်ဆောင် နိုင်တဲ့အတွက်

ခက်ခဲတဲ့ လွတ်လပ်ရေးတိုက်ပွဲကြီး

မလွဲပြီးမြောက်

အောင်မြင်ခြင်းခရီးရောက်ခဲ့သပေါ့။



မြန်မာတတွေ လွတ်လပ်မြေမှာ

ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေလို့

မသွေမုချ ပြောနိုင်ကြတာ

အဖ ဗိုလ်ချုပ်အောင်းဆန်းရဲ့ကျေးဇူးပါ။



မြန်မာ့တပ်မတော်ကို ဖန်ဆင်း

အသက်သွင်း

မွေးဖွားပေးခြင်းဆိုတဲ့ဂုဏ်ပုဒ်ကို

ဖေါ်ထုတ်ပေးလိုက်တဲ့သူဟာလည်း

ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းဗိုလ်ချုပ်ပါ။



“ရဲဘော်သည် ပြည်သူတွေအတွက်

ပြည်သူသည် ရဲဘော်အတွက်မဟုတ်ပါ”တဲ့



ဗိုလ်ချုပ်စကား မှတ်မိသေးရဲ့လား

ပြည်သူပြည်သားတွေအတွက်

မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ

ယနေ့ ပြည်သူတွေကိုမတော်မတရား

စော်ကားပြီး ဖိနပ်စာကျွေး

အသက်ပါစတေးတဲ့ ခွေးမသား

လူသတ်သမား လူထုတွေကိုသတ်တဲ့

လူထုသတ်မတော် ဖြစ်သွားပါရော့လား။



ကျေးဇူးရှင်တွေကိုကျေးစွပ်တဲ့အပြင်

ရာဇ၀င် သမိုင်းစဉ်ကိုတောင်

ပြင်ချင်တဲ့အကောင်တွေ။



ခုတော့ အရိုင်းအဆိုင်းတွေက

အသိုင်းအ၀ိုင်းတွေနဲ့ ၀ိုင်းဝိုင်းပြီး

ပိုင်းချ ရိုင်းပြ လိုက်ပုံက

“အောင်ဆန်းရိုသေ-ထောင်နန်းခွေ”

“အောင်ဆန်းအလေးပြုသူပုန်းအမှု”ဆိုပြီး

ကျေးဇူးကန်းပြီး မေတ္တာတွေခမ်းတဲ့ဘီလူးတွေ

အရူးချီး(ချေး)ပန်း

ငရွှေ အီးနမ်းတဲ့ စွမ်းအားရှင်တွေ

အမြင်ပါလွဲ ဖင်ပါကွဲမယ့် ကြံ့ဖွံ့သရဲတွေ။



ငါ့စကားလုံးတွေက ဗုံးလို

လုံးလုံးလျားလျားပေါက်ထွက်သွားပြီ

သောက်ရှက်မရှိတဲ့ ငတိတွေက

ကောက်ချက်ကြည့်လဲ ကြည့်စေတော့

ဖိလို့ဖုံးလို့မှ မရတော့တဲ့ဟာပဲ။



သေချာစဉ်းစား ဘ၀င်မှာကင်းသွားသလို

အယွင်းအမှား မဖြစ်စေနဲ့

ဖြစ်လာရင် မသွေ ကင်းကိုက်

သေတွင်းဆိုက် မှာသေချာပါတယ်။



သင်တို့တတွေ ရပ်တည်နေတဲ့မြေဟာ

အာဇာနည်တွေရဲ့ ချွေးနဲ့

ဆေးခဲ့လို့ ရခဲ့တဲ့မြေ ဆိုတာ မမေ့နဲ့။



သင်တို့စားနေတဲ့ ထမင်းဟာလဲ

အာဇာနည်သွေးနဲ့ ရင်းပေးခဲ့လို့

ရခဲ့တဲ့ထမင်းဆိုတာ မမေ့နဲ့။



ဒီကမ္ဘာမှာ ဗမာရယ်လို့ဖြစ်လာဖို့

အာဇာနည်တွေရဲ့အလောင်းတွေနဲ့

ပြောင်းလဲပို့ဆောင်ပေးခဲ့တယ်ဆိုတာမမေ့နဲ့။



နောင်လာနောင်သား မျိုးဆက်များကိုလဲ

အမွေစားအမွေခံ ဧကန်မလွဲ

စိတ်ထဲစွဲသွားရမှာက အောင်ဆန်းစိတ်ဓါတ်

မွန်မြတ်တဲ့ အောင်ဆန်းစေတနာ

သွေမကွာ ပေါက်ဖွား

တောက်ကြွားးလာမှာက

အောင်ဆန်းကိုယ်ပွား

အပိုမကြွားဘဲ အလိုလိုများလာပါလိမ့်မယ်။



အောင်ဆန်းသေပေမဲ့ သူ့စိတ်ဓါတ်မသေ

ကုဋေကဋာ နေရာတကာမှာ

မိုလိုပေါက်လာပါလိမ့်မယ်။



အမှန်တရားသည်

အောင်ဆန်းဖက်တော်သား

ဒီမိုကရေစီအားသည်

လူထုဖက်မှာဖွား

ကြီးမားတဲ့အားနှစ်အား

စုစည်းထားသမို့

ပြည်ထောင်စုကြီးသားတို့

ကြွားးရွားဧကန် အောင်ပွဲခံလိမ့်မယ်။



ဗိုလ်ချုပ်စကား ကြားရုံနဲ့မပြီး

သူလျှောက်ခဲ့တဲ့ခရီး သူ့လုပ်နည်းလုပ်ဟန်

သူ့ပုံသဏ္ဍာန်ကို အမှန်အတုခိုး

လူမျိုးစုတွေကြားသွားပြီး

တသားထဲနေ တရေထဲသောက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

စွန့်လွှတ်မှုမှန်သမျှ ရှေ့ဆုံးက

စံပြအလုပ် အဟုတ်ပင်လုပ်ပြ

ပါးစပ်ကပြောပြီး-မပြီး

အလုပ်ကြီးနဲ့ သက်သေပြခဲ့သူ။



ဤသို့သောသူ အတုယူ

ညီတူအားကျ အားထုတ်ကြ

ပြည်လှဖို့အရေး မဝေးတော့ပါ

ဗိုလ်ချုပ်မွေးနေ့မှာ အဓိဌာန်ချကြပါ။



ဒါဒို့ပြည် ဒါဒို့မြေ ဒို့ကာကွယ်မလေ။

ဒို့ပြေ(ပြည်) ဒို့မြေ အဖိုးတန်ပေ။



တက္ကသိုလ်ဘုန်းကြွယ်

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့သို့


စကားလုံး အသုံးကြမ်းသွားတာကိုတော့

သီးခံပေး နားလည်ပေးကြပါခင်ဗျား၊



မျှဝေပါတယ်။
17.7.2013

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။