Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 17, 2013

ကလေးစကား နားထောင်နည်း

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
ကလေးစကား နားထောင်နည်း
______________________

(၁) စကားဝိုင်းအတွေ့အကြုံလေး ရှိပါစေ

ကျွန်တော်က အမြဲအလုပ်များသူဖြစ်တာကြောင့် အိမ်က ကလေးတွေနဲ့ အတူနေချိန်နည်းခဲ့တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အကောင်းဆုံးနည်းတစ်နည်းက သူတို့အိပ်ရာဝင်ချိန် အဖော်လုပ်ပေးတာပဲဖြစ်တယ်။ ကလေးတွေက အိပ်ချိန်ရောက်ရင် အသိစိတ်တွေလျော့သွားတတ်လို့ ခါတိုင်းမေးလိုက်ရင် ပြောနေကျစကားဖြစ်တဲ့ "မသိဘူး" ၊ "မဟုတ်ဘူး"၊ "ကျွန်တော်မဟုတ်ဘူး" စတဲ့ ငြင်းဆန်စကားတွေ မပြောတာကို တွေ့ရတယ်။ ဒီလိုအချိန်မှာ သူတို့နဲ့ ကြိုက်တာပြောဆိုနိုင်ပါတယ်။ "သာမန်စကားဝိုင်း"အဖြင့်နဲ့ ရောက်ရာပေါက်ရာပြောနိုင်ပါတယ်။ ဒါမှကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောရတာကို တဖြေးဖြေး နှစ်သက်လာတတ်တယ်။

ဆန်းစစ်မှုတစ်ရပ်မှာ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက အမြဲစကားပြောပေး၊ ပုံပြောပြ၊ အတူဆော့ကစားပေး၊ လက်ပွန်းတတီးနေပေးတာဟာ သူတို့ကိုပိုထက်မြက်ဖို့ ကူညီရာရောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ စကားဝိုင်းဖွဲ့ပြီး စကားစမြည်းပြောတိုင်း သူတို့ကို ကျွန်တော်နှိပ်နယ်ပေးတတ်တယ်။ များသောအားဖြင့် သူတို့ရဲ့နားရွက်တွေ၊ နောက်ကျောတွေကို ကုတ်ပေးရင် သူတို့မြန်မြန်အိပ်ပျော်ပါတယ်။ ကြာတော့ ကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောတာကို ပျော်ရွှင်နှစ်သက်လာကြတယ်။

ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုမှာ သင်တန်းသားတစ်ဦးက သားဖြစ်သူဟာ သူ့ကိုအိပ်ခန်းထဲပေးမဝင်ဘဲ အမြဲတံခါးပိတ်ထားတတ်ကြောင်း ကျွန်တော့်ကိုပြောပြပါတယ်။ အမေဖြစ်သူက ပစိပစပ်များလွန်းတာကြောင့် သားက သူ့အခန်းထဲ အမေကိုပေးမဝင်ဘဲ တံခါးကို အမြဲကန့်လန့်ထိုးထားတတ်တယ်လို့ ဆိုတယ်။ ဒါကို အမေက သော့ဖျက်ပြီးဝင်ပါတယ်။ သားက အထဲကနေပြီး သော့ထပ်ဆင်ပါတယ်။ ဒါကိုအမေက တံခါးဖျက်ပြီးဝင်ပါတယ်။ စာအုပ်တစ်အုပ်ယူပြီး သားနဲ့အတူဖတ်ပါတယ်။ (၂)ရက်ကြာတော့ သားက မခံမရပ်နိုင်ဖြစ်တော့ အမေက သားနဲ့အတူ စာကြည့်ကူတာပါလို့ဆိုလည်း သားလက်မခံခဲ့ပါဘူး။ ဒါဟာ စာကြည့်ကူတာမဟုတ်ဘဲ သားကိုစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့ စကားပြောရတာ၊ အတူနေရတာကို ကလေးကျင့်သားမရခဲ့လို့ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကျွန်တော်တို့မိဘလုပ်သူတွေက ကလေးတွေကို စိတ်မချတတ်တော့ဘူး။ စိတ်မချတာနဲ့ ဒီကလေး ဘာတွေတွေးနေလဲ? ဘာလုပ်နေလဲ?ဆိုပြီး ကလေးတွေရဲ့ အတွေးကမ္ဘာထဲ ဝင်ကြည့်ချင်ခဲ့ကြတယ်။


(၂) ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ တုန့်ပြန်မှုနှေးပါစေ

မိဘလုပ်တဲ့ကျွန်တော်တို့တတွေက တုန့်ပြန်မှုတွေ မြန်တတ်တယ်။ ဥပမာ--- ကလေးက ကျွန်တော်တို့နဲ့ "မေမေ... ဒီတစ်ခေါက် စာမေးပွဲကို သားကောင်းကောင်းဖြေနိုင်တယ်" ပြောတဲ့အချိန် ကလေးငယ်ရဲ့ ရင်ထဲမှာ ကျွန်တော်တို့ဆီက ချီးကျူးသံကို မျှော်လင့်နေခဲ့တတ်တယ်။ ဒါပေမယ့် မိဘအများစုက "ဒီတစ်ခေါက်ဖြေနိုင်တယ်။ အရင်ခေါက်တွေက ဘာလို့ကောင်းကောင်း မဖြေနိုင်တာလဲ?" လို့ တုန့်ပြန်တတ်ကြတယ်။

နောက်ဥပမာတစ်ခုက ကလေးငယ်တွေ ကျွန်တော်တို့ကိုလိမ်ညာချိန်မှာ သူတို့စိတ်ထဲမှာ ကြောက်လန့်နေတတ်တယ်။

တစ်ခါက သားကိုဒေါကြီးမောကြီးနဲ့ "စားပွဲခုံကို ဘာဖြစ်လို့ ဒီလောက်ညစ်ပတ်အောင် လုပ်ထားသလဲ?" လို့ ကျွန်တော်မေးတော့ သားက အသံတိုးတိုးနဲ့ "သား မသိဘူးဖေဖေ" လို့ ဖြေတယ်။ သားအသံထဲမှာ ကြောက်နေတဲ့အသံ ပါမှန်းသိတော့ ကျွန်တော်က အသံနိမ့်ပြီး နောက်တစ်မျိုးထပ်မေးတယ်။

"ဖေဖေ ဘာမှမလုပ်ဘူးသား... ဖေဖေသိချင်တာလေးတစ်ခုပဲ"

"တကယ်လို့ သားပြောရင် ဖေဖေရိုက်မှာလား?"

သားက ကျွန်တော့်ကိုပြန်မေးပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်တစ်ယောက်ရဲ့စိတ်က နှစ်သိမ့်မှုလိုလာပြီဖြစ်ကြောင်း ကျွန်တော် သတိပြုမိလိုက်တယ်။ ဒီနှစ်သိမ့်မှုက ကျွန်တော်တို့တွေးထင်တာထက် အဆများစွာလိုခဲ့ပါတယ်။


(၃) ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ ကိုယ့်မျက်နှာထားနဲ့ အသံနေအသံထားကို ဂရုပြုပါ

ဒီအတွက် အကောင်းဆုံးနည်းက ကလေးတွေနဲ့ပြောမယ့်စကားကို အသံသွင်းထားလိုက်တာပဲဖြစ်တယ်။

တစ်ခါက အာမခံကုမ္ပဏီမှာ အလုပ်လုပ်တဲ့မိတ်ဆွေနှစ်ဦး ကျွန်တော်ကို လာရှာခဲ့တယ်။ သူတို့က ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါ ဘယ်လိုပြောရင် ပိုကောင်းမလဲဆိုတာကို ဆွေးနွေးခဲ့တယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်တို့က ကလေးငယ်ကို သွန်သင်ဆုံးမချိန်မှာ ဘာဖြစ်လို့ ငွေရှာတာလောက် အရေးမထားခဲ့သလဲလို့ တွေးမိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက် ကလေးငယ်ရင်ထဲ ဘယ်လိုခံစားရမယ်ဆိုတာကို မတွေးခဲ့မိဘူး။ တကယ်လို့ ကလေးတွေကို ငွေရှာသလို အလေးထားခဲ့မယ်ဆိုရင် ကလေးငယ်တိုင်း လိမ္မာထက်မြက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ကလေးတွေက ငယ်ရွယ်ချိန်မှာ ကျွန်တော်တို့ သင်ပြသွန်သင်သလို သူတို့လိုက်နာ နာခံပါတယ်။ ဒါပေမယ့် တဖြေးဖြေး အသက်အရွယ်ကြီးလာတာနဲ့အမျှ သွန်သင်လို့ မကောင်းတော့ပါဘူး။ ဒါကြောင့် ခါတိုင်း ကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ကိုယ့်ပြောတဲ့စကားမှာ ဘာအဓိပ္ပာယ်ပါသွားသလဲ? ကိုယ့်မျက်နှာထားက ဘယ်လိုလဲ? ကလေးငယ် ဘယ်လိုခံစားရမလဲ? စတာတွေကို ကျွန်တော်တို့ ဂရုပြုသင့်ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ပြောဆိုတဲ့စကားတွေမှာ ကျွန်တော်တို့ကိုယ်တိုင်မယုံနိုင်တဲ့ အပြောအဆို၊ အသုံးအနှုန်းတွေလည်း ပါလာတတ်ပါတယ်။

တစ်နေ့မှာ ကျွန်တော်အလုပ်ကပြန်လာတော့ သမီးလေးက အတန်းထဲမှာ သူစံပြကျောင်းသူအဖြစ် အရွေးခံရတယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာ ဖုန်းလာတော့ အလုပ်အရမ်း ပင်ပန်းလာတာကြောင့် သမီးလေးကို ကျွန်တော်သွားကိုင်ခိုင်းပါတယ်။ သမီးက မကိုင်ရဲဘူးဆိုတော့ "စံပြကျောင်းသူက ဘာအသုံးကျလို့လဲ? ဖုန်းကိုင်ခိုင်းတာတောင် မကိုင်ရဲဘူး" လို့ ကျွန်တော့်ပါးစပ်က စကားတစ်ခွန်း လွှတ်ခနဲထွက်သွားမိတယ်။

သမီးစိတ်ထိခိုက်သွားတဲ့ပုံကိုတွေ့မှ ကျွန်တော့်စကားမှားသွားမှန်း သတိပြုလိုက်မိတယ်။ သမီးကို တောင်းပန်ပေမယ့် သမီးလက်မခံခဲ့ဘူး။ အိမ်ပေါ်ထပ်ကနေ အောက်ထပ်အထိ ဖေဖေမြင်းလုပ်မယ် သမီးစီးပါဆိုမှ လက်ခံတော့တယ်။

တချို့ကလေးက နားလည်ခွင့်လွှတ်တတ်ပေမယ့် တချို့က ဖြေရှင်းခွင့်မပေးဘဲ မကျေနပ်တာတွေကို ရင်ထဲ စုထားတတ်တယ်။ ဒီလိုကလေးမျိုးဟာ အရွယ်ကြီးလာတာနဲ့ ပုန်ကန်တော်လှန်တတ်တဲ့ကလေးမျိုး ဖြစ်သွားတတ်ပါတယ်။

ကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ဂရုတစိုက်ရှိခဲ့ရင် မိဘနဲ့ကလေးကြား ရင်းနှီးဆက်ဆံမှုတွေ ပိုစေတဲ့အပြင် ကလေးတွေရဲ့ စကားအပြောအဆို အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။


(၄) နားထောင်ချိန်မှာ စိတ်ကူးပုံရိပ်တွေ မြင်ယောင်ပါ

ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားမှာ ကလေးငယ်တစ်ဦးက ရုပ်ပုံဆွဲတာကို အရမ်းဝါသနာပါခဲ့တယ်။ တစ်ညနေခင်းမှာ ခွေးသုံးကောင်ပုံကိုသူဆွဲပြီး ထမင်းစားချိန်မှာ ဖခင်ဖြစ်သူကိုပြခဲ့တယ်။ ဖခင်က သူဆွဲထားတဲ့ပုံကို ကြည့်ပြီး "ခွေးက အမည်းရောင်ပဲရှိတယ်။ သားရဲ့ခွေးက ဘာဖြစ်လို့ အနီရောင်ဖြစ်နေတာလဲ? အရောင်ကန်း(colour blind) ဖြစ်နေတာလား?" လို့ ပြောတော့ ကလေးငယ်က "ညနေဆည်းဆာနေရောင်ကြောင့် အနီရောင်ဖြစ်သွားတာပါ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က "ဒီလိုဆိုရင် ဘာဖြစ်လို့ ခွေးအမြီးမှာ အမည်းရောင်တွေဖြစ်နေပါလား?" လို့ထပ်မေးတော့ ကလေးငယ်က "အဲတာ မစင်တွေလေ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က ဒေါသထွက်ပြီး "စာကျတော့ မကြည့်ဘူး။ ဒီပုံတွေဆွဲတာနဲ့ မင်းထမင်းဝရော့လား" လို့ ဆူပါတယ်။

ဒီအချိန်မှာ ဒါရိုက်တာကပြကွက်ကို ကလေးငယ်ဆွဲထားတဲ့ စိတ်ပျက်ခေါင်းငုံ့နေတဲ့ ခွေးပုံဘက်ဦးတည်လိုက်တယ်။ ပြကွက်က ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဖော်ကျူးနေပါတယ်။

နောက်ဥပမာတစ်ခု ထပ်ပေးရရင် ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်က--

"သားတို့ဆရာမက နည်းနည်းမှ မတရားဘူး။ ကျောင်းသားတစ်ယောက် စကားပြောတာနဲ့ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးတယ်"လို့ပြောခဲ့ရင် စာသင်ခန်းထဲမှာ ကျောင်းသားတွေအားလုံး မတ်တပ်ရပ်နေတဲ့ ပုံရိပ်ကို စိတ်နဲ့မြင်ယောင်ကြည့်ပါ။ တကယ်လို့ မြင်ယောင်နိုင်ခဲ့ရင်၊ "သားက အမှားမလုပ်ဘဲ နေရင်းထိုင်ရင်း အပြစ်ပေးခံလိုက်ရတာပေါ့" လို့ သင်ပြောနိုင်ခဲ့ရင် ကလေးငယ်ရဲ့စိတ်ထဲမှာ သူအမှားမလုပ်တာကို လူကြီးတွေသိကြောင်း ခံစားမိလိမ့်မယ်။

ကလေးတွေရဲ့ပြောစကားကိုနားထောင်ပြီး လူကြီးတွေစိတ်ကူးပုံဖော် မြင်ယောင်တတ်ဖို့ ကျွန်တော်အားပေးပါတယ်။ အဲဒီအပြင် ကိုယ်ပြောတဲ့စကားကိုလည်း ကလေးငယ်တွေရဲ့ရင်ထဲ အလွယ်တကူဝင်ရောက်နိုင်ဖို့ ရုပ်ပုံတစ်ခုအဖြစ် ဖန်တီးနိုင်ပါစေ။

(၅) ခံစားမှုရှိတဲ့ စကားတွေကို များများအသုံးပြုပေးပါ

ခံစားတာနဲ့ တွေးတောတာက မတူပါဘူး။ ခံစားတာက ရင်ထဲကဖြစ်ပြီး တွေးတောတာက ဦးနှောက်ကဖြစ်ပါတယ်။

"ဒီလိုခံစားချက်က မကောင်းဘူးထင်တယ်" ဆိုတာက တွေးထင်တာဖြစ်ပြီး "ဒီကိစ္စ ဒီလိုဖြစ်သွားတာ ကျွန်တော်အရမ်းခေါင်းခြောက်တယ်" ဆိုတာက ခံစားချက်ဖြစ်တယ်။

တွေးတောတာတွေထဲမှာ ဝေဖန်မှုတွေ အလွယ်တကူပါနိုင်ပါတယ်။
ခံစားချက်မှာတော့ ထိခိုက်မှုမရှိတဲ့အတွင်းစိတ်ထဲက ခံစားနေရတာကို ပြတာဖြစ်တယ်။
ခံစားချက်က တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးရှိစေဖို့ အကျိုးရှိတဲ့နည်းဖြစ်တယ်။
ဒါပေမယ့် ယောက်ျားအများစုက ရင်ထဲကခံစားချက်ကို အလွယ်တကူ ထုတ်ဖော်မပြတတ်ကြဘူး။ ကလေးငယ်တွေအတွက် ရင်ထဲကခံစားချက်ကို ထုတ်ဖော်ပြောတတ်ဖို့ ကျွန်တော်တို့ လေ့ကျင့်သင့်ပါတယ်။

အထက်ကနည်းတွေအတိုင်း ကလေးငယ်တွေနဲ့ နေထိုင်၊ ပြောဆိုတဲ့အပြင် ကလေးငယ်တွေတုန့်ပြန်တဲ့ အပြုအမူကနေပြီး သူတို့ရဲ့အတွင်းစိတ်စကားကို ကျွန်တော်တို့တကယ် နားထောင်မိ၊ မမိဆိုတာကို ဂရုပြုနိုင်ပါတယ်။

(၁) မိဘနဲ့ သားသမီးကြားက အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေဟာ အမြဲမပြတ်ခဲ့ဘူး။
(၂)သားသမီးတွေရဲ့စကားတွေမှာ "ဟုတ်တယ်..." , "ဒီလိုလေ.." အစရှိတဲ့ မငြင်းဆန်မှုတွေ လျော့နည်းသွားတယ်။
(၃) သာမန်စကားဝိုင်းထဲကနေ နက်နဲမှုတွေကိုရတယ်။
(၄) သားသမီးတွေစိတ်ကို လုံခြုံစိတ်ချမှုတွေ ဖြစ်ပေါ်ခံစားစေတယ်။
(၅) မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှုတွေတိုးစေပြီး မိဘတွေကို ရင်ဖွင့်တိုင်ပင်လာတတ်တယ်။
(၆) သားသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်တွေ ပိုမိုမြှင့်မားစေတယ်။

အထက်ကရလဒ်တွေရှိရင် ကလေးစကားကို နားထောင်တတ်ခဲ့ပြီလို့ ကျွန်တော်တို့ ယူဆလို့ရပါတယ်။ နားထောင်တတ်အောင် များများလေ့ကျင့်ဖို့ ကျွန်တော်အားပေးချင်ပါတယ်။ သားသမီးနဲ့မိဘကြား ဆက်ဆံရေးက ကိုယ်ပျိုးလိုက်တဲ့မျိုးစေ့ဖြစ်ပြီး သားသမီး ရှင်သန်ကြီးပြင်းရာလမ်းက တုန့်ပြန်မှုတွေဟာ အသီးအပွင့်ပဲဖြစ်ပါတယ်။ သန်မာတဲ့မျိုးစေ့နဲ့ ချိုမြိန်တဲ့အသီးဖြစ်ဖို့ ကလေးစကားကို ကျွန်တော်တို့ နားထောင်တတ်ပါစေ...

မူရင်းလင့် --- http://city.udn.com/58475/2690645

နိုင်းနိုင်းစနေ (Thursday, February 18, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။