Blue Peace
“ဂဠုန် ဆရာစံ ရေးခဲ့တဲ့ ကဗျာ လင်္ကာ ”
လွတ်လပ်ရေး ကြိုးပမ်းမှု အကြိုကာလတွင် တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရကာ အသတ်ခံကာနီး ဆဲဆဲတွင် ကဗျာ လင်္ကာ ၄ ပိုဒ်ကိုရေးသား သွားခဲ့သည်။
ဆရာစံသည် ဆေးဆရာ တစ်ဦး ဖြစ်သဖြင့် လက္ခဏဇုကျမ်းနှင့် ၀ိဇ္ဇာ-သိပ္ပံ အ၈ုင်္တ္တရကျမ်းအမည်ရှိ ဆေးကျမ်း ၂ ကျမ်း ကိုလည်းရေးသား ပြုစုခဲ့သည်။
နက္ခတ္တဗေဒင်ပညာကို ကညော်တလိုင်း ဆရာတော်ထံ နည်းခံ သင်ကြားခဲ့ သဖြင့် သင်္ကြန်စာကိုပင် ဆရာစံ အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။
ထို့အပြင် အင်္ဂလိပ်နယ်ချဲ့ အစိုးရကို လက်နက်ကိုင်တော်လှန် ပုံကန်မှုဖြင့် သာယာဝတီ အကျဉ်းထောင်ရှိ ကြိုးတိုက်ထဲသို့ ရောက်နေစဉ် အခါက ကိုယ်ရေး အထုပ္ပတ္တိကိုလည်းေ...ရးသား သွားခဲ့သည်။
ဆရာစံ၏ ကိုယ်ရေး အထုပ္ပတ္တိကို ဆရာစံ ဘ၀တပါးသို့ ပြောင်းသွားပြီး ၁၃-ရက်ကြာသည့် အခါမှ မြန်မာ့အလင်း သတင်းစာတွင် ၁၉၃၁ -ခုနှစ် ဒီဇင်ဘာ ၁၁-ရက်နေ့ မှ စတင်ကာ နေ့ စဉ် ရက်ဆက်ဖော်ပြခဲ့သည်။
ထို့ ကြောင်း ဆရာစံကို စာရေး ဆရာဟု ခေါ် ဆိုနိုင်သည်။

အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် ၁၉၃၁-ခုနှစ် နိုဝင်ဘာ လ ၂၉ -ရက်နေ့ စနေနေ့ နံနက် ၆ နာရီအချိန်တွင် သာယာဝတီ အကျဉ်းထောင်၌ ကြိုးပေး သတ်လိုက်ကြ၏။ ဆရာစံ ကြိုးပေး အသတ်မခံရမီ ကြိုးတိုက်ထဲတွင် ရှိနေစဉ် ကဗျာ လင်္ကာ ၄-ပိုဒ်ကို ရေးသား သွားခဲ့ပါသည်။ ဆရာစံရေးသား သွားခဲ့သော ကဗျာ ကင်္လာ ၄ -ပိုဒ်မှာ
၁။ မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲ မှတ်ရာ
လူ့ တံထွာတည်း။
၂။ မီးတစ်ဆယ့်တစ်၊ ငြိမ်းရာ ဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။
၃။ ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့ စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။
၎။ ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။
နယ်ခဲ့ အင်္ဂလိပ်၏ အစိုးရ၏ ကြိုးပေး သတ်ဖြတ်ခြင်းကို ခံသွားရရှာသော တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဆရာစံ၏ ကဗျာ လင်္ကာ ၄ ပိုဒ်မှာ အခြား အသတ်ခံရကာနီး ဆဲဆဲတွင် ရေးဖွဲ့ စပ်ဆိုခဲ့ကြသော
၁။-အနန္တသူရိယ အမတ်ကြီး၊
၂။-ဟံသာဝတီ အဝေးရောက်မင်းတရားကြီး၊
၃။-စလေ ဦးပုညနှင့်
၎။- တောင်သမန် လယ်စား ဦးဖေငယ်
တို့ကဲ့သို့ ကဗျာစာပေ လောကတွင် လူသိမများ ခဲ့သော်လည်း၊ နောင်တချိန်ချိန်တွင် လူသိများကာ ထင်ရှား လာလိမ့်မည်ဟု မျှော်လင့်ရ ပေသည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် ဆရာစံအား ဂုဏ်ပြု ထုတ်ဝေ သုံးစွဲခဲ့ သော ငွေ စက္ကူ ၉၀။ ကျပ်တန်
ဦးနေ၀င်း အစိုးရက(မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ )ပင် ၁၉၈ရ- ခုနှစ် က သုံးစွဲခွင့် ပယ်ဖျက် ရပ်စဲခဲ့သည်။
ဇွဲသန်သျှင်(သုံးဆယ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။