Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 11, 2013

အင်တာနက် အဆိုတော် နစ်ကီနဲ့ တွေ့ဆုံခြင်း

Myawady News
အင်တာနက် အဆိုတော် နစ်ကီနဲ့ တွေ့ဆုံခြင်း
Saturday, May 11, 2013

အခုတလော အင်တာနက်မှာ ပေါက်ပြီး မြို့မေတ္တာခံယူနေတဲ့ နစ်ကီဘိုမင်းအောင် သို့မဟုတ် လဲလဲလဲလဲ က ဖေ့စ်ဘွတ်ပေါ်က သူ့ရဲ့ အကောင့် အတုကြောင့် စိတ်ညစ်နေရပါတယ်တဲ့။သူ့ အကောင့် အတုပေါ်မှာ ရေးထားတဲ့ စာတွေက သူရေးတာ မဟုတ်တဲ့အတွက် ပရိသတ်ရဲ့အထင်လွဲမှုကို သူခံနေရတယ်လို့ နစ်ကီက ဧရာဝတီနဲ့ တွေ့ဆုံခိုက် ရင်ဖွင့်လာပါတယ်။


ယူကျုပေါ်တင်ပြီးပြီးချင်း အသားကုန် ဆဲဆို အားပေးခံရပြီး သူရေး၊ ဆို၊ ရိုက်ခဲ့တဲ့ “နင်ငါ့ကို ချစ်လဲလဲလဲလဲ” သီချင်း အခုလို ပေါက်သွားခဲ့တာ သူ့ရဲ့ ချစ်ဖေဖေ ကျေးဇူးကြောင့်ပါတဲ့။ “ကျနော် သီချင်း ၆ ပုဒ်ပြီးလို့ ခွေဖြန့်တော့မယ်ဆိုတော့ အဖေက အရမ်းအေးတဲ့ အပုဒ်ကို ဖြုတ်ခိုင်းတာနဲ့ အမြန်ပဲ အဲဒီ လဲလဲလဲ သီချင်းကို သွင်းလိုက်တာ၊ ရိုက်တာတောင် ကင်မရာနဲ့ One Shot ပဲ ရိုက်လိုက်ရတယ်၊ Edit တောင် မလုပ်လိုက်ရဘူး” လို့ နစ်ကီက လှိုက်လှိုက်လဲလဲ ပြောပါတယ်။

သူ့ရဲ့သီချင်း ၆ ပုဒ်ကို ဗီစီဒီအဖြစ် သေသေချာချာ ဖန်တီးပြီး စင်တာတွေမှာ ဝေတယ်။ နီးစပ်ရာမှာ ဝေခဲ့တယ်တဲ့။ ပထမဆုံး တုံ့ပြန်မှုအဖြစ် သူငယ်ချင်းတွေက ဘယ်သူကမှ အားမပေးကြဘူးလို့ နစ်ကီက ပြောတယ်။ တချို့ကဆို တားတောင် တားကြပါသေးတယ် တဲ့။ ဒါပေမယ့် မလျှော့သော ဇွဲ လုံ့လနဲ့ ဆက်ပြီး ကြိုးစားရာ အင်တာနက်မှာ သီချင်းတွေ တင်ခဲ့တယ်။ အဲ့ဒီမှာပဲ လူသိများဖို့ အကြောင်းဖန်လာပါတော့တယ်။ အရင်ဆုံး ဟစ်ဟော့ပ် မုန်းတီးသူများ တိုက်ဖျက်ရေးအဖွဲ့က သူတို့ပေ့ခ်ျမှာ တင်လိုက်တယ်၊ နောက် လူတွေ ဝိုင်းရှယ် ဝိုင်းအားပေးကြရတဲ့ သူ့ရဲ့ လဲလဲလဲ သီချင်းကို ဟာသကမ္ဘာက ယူတင်ခဲ့တဲ့အတွက် အခုလို သူ ပေါက်သွားခဲ့ရတာပါပဲ လို့ နစ်ကီက အသေးစိတ် ရှင်းပြတယ်။

နစ်ကီက လသာ ၁ အထက်တန်းကျောင်းမှာ ၁၀ တန်းအောင်ခဲ့ပြီး အခု ကျောင်းတက်ဖို့ အမေရိကန် စကောလားရှစ် ရှာနေတယ်လို့ပြောပါတယ်။ သူ့ရဲ့ အဖေကလည်း အင်္ဂလိပ်စာဆရာ တဦးဖြစ်လို့ သူ့သီချင်းတွေမှာလည်း အင်္ဂလိပ်စာသားတွေ ထည့်ဆိုနိုင်တာ ဖြစ်ပါလိမ့်မယ်။

သတင်းကြီးနေတဲ့ တကိုယ်တော် မျှော်စင်ကျွန်း ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ နစ်ကီက မဟုတ်ရပါဘူးလို့ ဆိုပါတယ်။ စိတ်တောင်မကူးရဲတဲ့အကြောင်း၊ သူရဲ့ ဖေ့စ်ဘွတ် အတု ကနေ လုပ်ကြံရေးသားနေကြတဲ့အကြောင်း ပြောပါတယ်။

အင်တာနက်ပေါ်မှာ သူ့ထက် အရင် သတင်းကြီးနေတဲ့ အိန်အိန်းကလည်း သူ့ဆရာ မဟုတ်ပါဘူးလို့ နစ်ကီက ပြောပါတယ်။ အိန်အိန်းနဲ့ ဖေ့စ်ဘွတ်မှာခင်ပြီး အကိုလို ခင်မင်သွားတာပါတဲ့။ အိန်အိန်းက သူ့ကို သေချာကြိုးစားဖို့၊ ရှိုးပွဲမှာ ဆိုရဲပြီဆိုရင် Play Back မဆိုဘဲ ဆိုရဲပြီဆိုမှ ခေါ်မယ်လို့ သေချာ အားပေး လမ်းပြတယ်လို့ နစ်ကီက ပြောပါတယ်။

နစ်ကီက ရောခ့်သီချင်း ၂ ပုဒ်ကို အရင်ရေးပြီး ဆိုခဲ့တာပါတဲ့။ သူ တကယ်ကြိုက်တာက ရောခ့်ဂီတပါတဲ့။ ဒါပေမယ့် အခုလို ဟစ်ဟော့ပ်နဲ့ ပေါက်သွားတော့ ဟစ်ဟော့ပ်ဘက်ကိုပဲ ခြေစုံပစ်ဝင်တော့မှာတဲ့။ (ဟစ်ဟော့ပ် ပရိသတ်အတွက် ရင်ခုန်စရာကြီးပေါ့) သူ သီချင်းတွေက ရယ်စရာ မဟုတ်ဘူး၊ အတည်လုပ်ခဲ့တာတဲ့။ ဒါပေမယ့် အခုလို ရယ်စရာ ဖြစ်သွားတော့လည်း လူတွေ မြန်မြန် သိသွားတဲ့အတွက် ကျေးဇူးတင်ရမလိုဖြစ်နေပြီလို့ပြောပါသေးတယ်။

ပရိတ်သတ်တွေအတွက် နစ်ကီ ကြိုးစားနေပါတယ်။ အခုဆိုရင် သီချင်း အသစ်တွေ ရေးနေသလို ဂစ်တာလည်း သင်နေပါပြီတဲ့။ ဒါ့အပြင် နစ်ကီရဲ့ တွဲဘက် (လဲလဲလဲသီချင်းရဲ့ ရက်ပါ) ကောင်းထက်ကလည်း ဂစ်တာတီးသင်နေပါပြီတဲ့။ လဲလဲလဲသီချင်းနဲ့ ပတ်သက်ပြီး ကောင်းထက်က ဒီသီချင်းဟာ သူ့ဘဝမှာ ပထမဆုံး ဆိုရတဲ့ သီချင်းမို့လို့ သူ့မှာ ဒူးတောင်အောင် ကြောက်ခဲ့ရတဲ့အကြောင်း၊ ဗီစီဒီအတွက်လည်း ဘာမှ မပြင်ဆင်ဘဲ ရိုက်လိုက်ရတဲ့အတွက် စိတ်တိုင်းသိပ်မကျပေမယ့် ပေါက်သွားတဲ့အတွက် အလွန့် အလွန် ပျော်ရပါကြောင်း ပြောပါတယ်။

နစ်ကီကတော့ ဂီတလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ သူနဲ့ အလှမ်းဝေးနေတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက သူ အင်တာနက်ပေါ် ပေါက်သွားတဲ့အတွက် ဖုန်းဆက်ပြီး အားပေးစကားပြောကြတဲ့အတွက် ပို အားရှိလာပြီး ဆက်လုပ်တော့မှာလို့ နစ်ကီက ဘယ်လိုမှ တားမရတော့မယ့် အားမာန်အပြည့်နဲ့ ပြောလာပါတယ်။

စီးရီးကို official ထွက်နိုင်အောင် ကြိုးစားနေပြီး ရှိုးပွဲတွေအတွက်လည်း သေချာလေ့ကျင့်နေပြီလို့ နစ်ကီက ဆိုတာမို့ အားပေးကြမယ့် ပရိသတ်ကြီး ပါးစပ်သာ ပြင်ထားပေရော့။(ပြုံးရယ်နိုင်ကြဖို့ ပြောတာနော်)
Irrwaddy

နစ်ကီဘိုမင်းအောင်နှင့် ရက်ပါကောင်းထက် (ဓာတ်ပုံ- နဒီထိုက်/ ဧရာဝတီ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။