Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 11, 2013

စစ်အာဏာရှင်ကြီး ဦးသန်းရွှေလက်ထက် တိုင်ပြည်တိုးတက်မူ့ ကဏ္ဍ မှတ်တမ်းများ..

 

((စစ်အာဏာရှင်ကြီး ဦးသန်းရွှေလက်ထက် တိုင်ပြည်တိုးတက်မူ့ ကဏ္ဍ မှတ်တမ်းများ.. ))

Credit to: မင်း ပါပါ

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲ အခမ်းအနား တစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

 တာဝန်သိ အမျိုးချစ် ပြည်သူ တယောက်ပီသစွာ ဖော်လိုက်ရသည်ရှိသော်-


.....စက်မှုလယ်ယာ......

လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်ခဲ့ကြသည်။

....လက်မှုလယ်ယာ....

စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိခဲ့သည်။

....စိုက်ပျိုးရေး....

UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက်ခဲ့သည်
နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားသွားခဲ့သည်။

....စွမ်းအင်.....

နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီ ထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါ သွားရသည်အထိ တိုးတက်ခဲ့သည်။
သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ခဲ့ရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူ အစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲ နေကြခဲ့သည်။

...ကာကွယ်ရေး....

ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက ခမန်းလိလိ တိုးတက်ခဲ့သည်။
နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်ဟုဆို..
ပြည်တွင်းရေးတည်ငြိမ်မှုကို ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက် ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေခဲ့သည်..



......ပညာရေး.......

ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနိုင်ခဲ့ကြသည်..
ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေး ထားပေးခဲ့သည်။
ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းခဲ့သည်။

အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်ခဲ့သည်။
နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိခဲ့ရပေသည်။

......အလုပ်အကိုင်အခွင့်အလမ်း...........

သိသာထင်ရှားစွာပင် တိုးတက်ခဲ့သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့် ၀င်ရောက်လုပ်ကိုင်နိုင်ခဲ့ကြသည်။
အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူ စေခဲ့သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။ နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးခဲ့သည်။
ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ် အလုပ်လက်မဲ့ အနည်းဆုံး နိုင်ငံအဖြစ် လက်မထောင်နိုင်ခဲ့သည်။

....ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း..............

အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်ခဲ့သည်။
စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးခဲ့သည်။

ကုန်ဈေးနှုန်းများလည်း တည်ငြီမ်ခဲ့၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်ခဲ့ကြသည်။

.......ဆက်သွယ်ရေး.......................

ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။
အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍ နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်ပေးခဲ့သည်။

အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်ခဲ့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ် အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိခဲ့ရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာ လေးများမှလွဲ၍ ပြည်သူ အများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး အော်ပြောတတ်ခဲ့ကြသည်။

..........လမ်း/ တံတား....................

လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ခဲ့သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိခဲ့သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိခဲ့ပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိခဲ့ကြသည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။ မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်ခဲ့ကြသည်။

နိုင်ငံခြားရေး ။ ။
၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ ထုတ်ပေးနေခဲ့သည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ် ရင်းနှီးခင်မင်စွာ ဆက်ဆံလျက် ၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံခဲ့ရပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။

ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရ ပေါက်ရလမ်း ရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချနိုင်ခဲ့သည်

ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျ ကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားခဲ့သည်။

ကျန်းမာရေး ။ ။

မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ခဲ့ကြသည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့ တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း "သေ"ရက်ကို စောင့်မျှော်နိုင်ခဲ့ရသည်။
ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင် ဆောင်နေရသော်လည်း ဓါတုဆိုးဆေး များသုံးသော အစားအသောက်နှင့်လဆေးဝါးများကို လုံလောက်သောလငွေကြေး မရရှိမချင်း ထုတ်ဝေ ခွင့်ပိတ်ပင်လထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးခဲ့သည်။

လူမှုရေး ။ ။

မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှ လွဲပြီး မည်သူမျှ မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိခဲ့ရသည်။
နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့ သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်ခဲ့သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။

မုန်တိုင်းဒဏ်ခံပြည်သူများအတွက် အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။
စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း
စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ် တည်ဆောက်နိင်ခြင်း ကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀ စည်စည် တိုင်းပြည်အနှံ့ ကြားသိခဲ့ရသည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်ပွဲ အလီလီ ဆင်နိုင်လုနီးနီး အခြေအနေသို့ ရောက်ရှိခဲ့သည်။

နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်း အလို သို့ရောက်ရှိခဲ့သည်..

ဘာသာရေး ။ ။

မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်ခဲ့သည်။
“လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူ ပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။

သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းခဲ့ရသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊ အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြခဲ့ရသည်။
နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူခဲ့ကြရသည်။

ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ခဲ့ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။