Maung Tha Dins
အငိုတိုင်းပြည်
ရာဇ၀င်လိုလို ဘာလိုလိုနှင့် ကြားမိသလိုလိုတော့ရှိတယ် အငိုတိုင်းပြည် တဲ့ဗျာ အဲဒါ ဥရောပသားတစ်ယောက်ကပြောပြတာ အစကတော့ ဘာမှန်း မသိဘူး ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်ကိုလာရင်းနှင့်  ရင်းနှီးပြီးပြောပြတာ ကျွန်တော့်ကို မြန်မာမှန်းသိလို့ပြောပြတာလည်ြး ဖစ်မယ်ထင်တယ် စိတ်မဆိုး နှင့် သူ့အမြင်ကိုပြောပြတာဆိုပြီး အငိုတိုင်းပြည်( Crying Land) အကြောင်း ကို အစချီတော့တာပဲ ပထမ ထိုင်းနိုင်ငံကို မကြာခဏရောက်ဖူးကြောင်း အပန်းဖြေရတာစိတ်ချမ်းသာမှုရပြီး ထိုင်းအမျိုးသမီးများလည်း နိုင်ငံခြားသား တွေအပေါ် ဖော်ရွှေကြောင်းနှင့် စားသောက်စရာများ ဈေးနူန်းသက်သာပြီး ရာသီဥတုကောင်းမွန်ကြောင်း ထိုင်းကနေတစ်ဆင့် သူငယ်ချင်းများနှင့် မြန်မာပြည် ခဏ အလည်ရောက်သွားပြီး ရန်ကုန်ြ...မို့တွင်နေခဲ့ကြောင့် စတော့တာပဲ ရန်ကုန်မှာနေခဲ့တဲ့ ကာလတစ်လျှောက် သူမြင်ခဲ့တဲ့ မြင်ကွင်း တွေက စုတ်ပြတ်သတ်နေတဲ့ဘတ်စ်ကားတွေကို တွန်းတိုက်ပြီး တိုးစီးနေရ တဲ့လူတွေ လူအများအပြားသွားရာလမ်းတွေမှာ တောင်းရမ်းစားသောက်နေ ရတဲ့ သက်ကြီးရွယ်အိုတွေ စားသောက်ဆိုင်တိုင်းတွေ့နေရတဲ့ အသက်ဆယ် ကျော်ကလေး အလုပ်သမားတွေ စေတီပုထိုးနားတွေမှာ ငှက်တွေကို လှောင်ပြီး ရောင်းစားနေကြတဲ့လူတွေ အထုပ်တွေထမ်းပြီး လမ်းမပေါ်လျှောက်သွားနေတဲ့ကလေးတွေ(ပုလင်းခွံ့၊ ဘီယာဘူးခွံ့ လိုက် ကောက်နေတဲ့ ကလေးတွေဆိုလိုတာထင်တယ်) အားလုံးပဲဗျာ သူမြင်ခဲ့တဲ့ လူတွေရဲ့မျက်ဝန်းမှာ ယုံကြည်မှုကင်းမဲ့ကာ တစ်ခုခုကိုစိုးရွံ့နေပြီး ပျော်ရွှင်မှူ ပျောက်ကွယ်နေခြင်းပါတဲ့ဗျာ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို တော့ ငါတို့ထက်သူတို့ က ပိုသိတာပေါ့ဆိုပြီး မင်းတို့နိုင်ငံဟာ စနက်တံ ဖြုတ်ထားတဲ့ ဗုံးတစ်လုံးနှင့်တူတယ် အချိန်မရွေးထပေါက်နိုင်သလို လူတွေ လည်း အလုပ်အကိုင် ရှားပါးမှူအောက်မှာ မျှော်လင့်ချက် ကင်းမဲ့နေတာကြောင့် အငိုတိုင်းပြည်လို့ သူပြောတာပါတဲ့ဗျာ ပြီးရင်သူက ထိုင်းနိုင်ငံကို နှိုင်းယှဉ်ပြောပြလိုက်သေးတယ် မင်းထိုင်းနိုင်ငံကို သွားကြည့် လိုက် မင်းတို့နိုင်ငံနှင့်တူတဲ့ မြင်ကွင်းဘာမှမရှိဘူး သန့်ရှင်းတဲ့ လမ်းမတွေ မင်းတွေ့မယ် မြူးကြွပျော်ရွှင်နေတဲ့ ကျောင်းသား၊သူတွေ လမ်းမပေါ် အုပ် စုလိုက်ကခုန်နေတဲ့ အဖွဲ့တွေတွေ့မယ်။ ဆယ်ကျော်သက်အရွယ်စားပွဲထိုး လေးတွေ၊ တောင်းရမ်းစားသောက်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ အမှိုက်ကောက်နေတဲ့ ကလေးတွေ ဆိုတာ မင်းမတွေ့နိုင်ဘူးတဲ့ တကယ်ပဲ ကျွန်တော်တို့ဟာ အငိုတိုင်းပြည်က လူတွေဖြစ်နေကြပြီလားဗျာ………
မောင်သာဒင်
ရာဇ၀င်လိုလို ဘာလိုလိုနှင့် ကြားမိသလိုလိုတော့ရှိတယ် အငိုတိုင်းပြည် တဲ့ဗျာ အဲဒါ ဥရောပသားတစ်ယောက်ကပြောပြတာ အစကတော့ ဘာမှန်း မသိဘူး ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်ကိုလာရင်းနှင်
မောင်သာဒင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။