Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 2, 2013

ဘတ်စ်ကားမောင်းသမား ဘဝမှ သမ္မတဖြစ်လာသူ နီကိုလာ့ဇ်မာဒူရို၏ ပုံရိပ်များ

26 April 2013 |By Venus News Journal
ဗင်နီဇွဲလား နိုင်ငံကို ဟူဂိုချာဗက်ဇ်က ၁၄ နှစ်ကြာ အုပ်ချုပ်နေစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ပြီး ချိန်တွင် ယခုကဲ့သို့ ဗင်နီဇွဲလား နိုင်ငံ၏ မီးအိမ်ရှင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံ၏ ပဲ့ကိုင်ရှင် အသစ်သည် ပြည်သူက ရွေးကောက် လိုက်သည့် ယခင်က ဒုတိယ သမ္မတပင် ဖြစ်သည်။ သမ္မတ၏ အမည်အပြည့်အစုံကို စပိန်အသံ ထွက်မှတစ်ဆင့် အနီးစပ်ဆုံး မြန်မာအသံ ထွက်ဖြင့် ဖော်ပြရလျှင် နီကိုလာ့ဇ်မာဒူရိုမိုရို့စ် (Nicolas Maduro Moros ) ဟု ခေါ်နိုင်မည် ဖြစ်သည်။
သမ္မတသစ် နီကိုလာ့ဇ်မာဒူရို မိုရို့စ်သည် ဗင်နီဇွဲလား နိုင်ငံရေးသမား တစ်ဦးဖြစ်ကာ လက်ရှိသမ္မတလည်း ဖြစ်သည်။ သူသည် ယခင်သမ္မတ ဟူဂိုးချာဗက်ဇ်၏ လက်အောက်တွင် ဗင်နီ ဇွဲလားနိုင်ငံ၏ ဒုတိယသမ္မတနှင့် နိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။
ယခင်က ဘတ်စ်ကား မောင်းသူ တစ်ဦး ဖြစ်သူ မာဒူရိုသည် ခရစ်နှစ် ၂၀ဝ၀ ပြည့် နှစ်တွင် အမျိုးသား လွှတ်တော်အတွက် ရွေးကောက် မခံရမီက ကုန်သွယ်ရေး သမဂ္ဂ ခေါင်းဆောင် တစ်ဦးဖြစ်ရန် တိုးမြှင့်ကြိုး ပမ်းခဲ့သည်။ မာဒူရိုသည် သမ္မတချာဗက်ဇ် လက်အောက်တွင် ဗင်နီဇွဲလားအစိုးရ အတွင်း ရာထူး တော်တော်များများ ခန့်အပ် ခံခဲ့ရကာ ၂၀ဝ၆ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။ "ချာဗက်ဇ်၏ အတွင်းလူ နိုင်ငံရေး သမားနှင့် စွမ်းရည် အရှိဆုံး အုပ်ချုပ်ကွပ်ကဲသူ" အဖြစ် ထိုစဉ် ကာလက မာဒူရိုအား သတ်မှတ်ဖော်ပြခဲ့ ကြသည်။
၂၀၁၃ ခုနှစ် မတ် ၅ ရက် ချာဗက်ဇ် ကွယ်လွန် အပြီးတွင် သမ္မတ အာဏာနှင့် တာဝန်ကို မာဒူရိုက ယူခဲ့သည်။ သမ္မတ အသစ်ရွေးကောက်ရန် ၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက်တွင် အထူးရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ယူနိုက်တက် ဆိုရှယ်လစ်ပါတီ (United Socialist Party) ၏ သမ္မတလောင်း အဖြစ် ပွတ်ကာသီကာ ပမာဏဖြင့် မာဒူရို က အနိုင်ရခဲ့သည်။ ရွေးကောက်ခံသမ္မတ မာဒူရိုသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက် သောကြာနေ့တွင်သမ္မတတာဝန်အပ်နှင်းပွဲ ကျင်းပ၍ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် ၎င်း၏အဓိက အတိုက်အခံမှာ မီရန်ဒါအုပ်ချုပ်ရေးမှူး "ဟွန်နရီစ်ကာဖရီလယ်" (Henrique Capriles ) ဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
နီကိုလာ့စ်မာဒူရိုကို ဗင်နီဇွဲလား နိုင်ငံကာရာကာ့စ်မြို့တွင် ၁၉၆၂ ခုနှစ် နိုဝင် ဘာလ ၂၃ ရက်နေ့၌မွေးဖွားခဲ့သည်။ ၎င်းသည် သမဂ္ဂခေါင်းဆောင် တစ်ဦး၏ သား ဖြစ်သည်။ ၎င်းသည် အလုပ်သမား လူ တန်းစားများ နေထိုင်ရာ မြို့တော် ကာရာ ကာ့စ် ဆင်ခြေဖုံး အနောက်ဖက် အယ်လ် ဗာလ် လီဆီယို ဂျိုဆေးအာဗာလို့စ်ဒေသ ပြည်သူ့အထက်တန်း ကျောင်းတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ အထက် တန်းကျောင်း၏ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ဖြစ်လာချိန်၌ နိုင်ငံရေးကို ပထမဆုံးစတင် သိရှိခဲ့ခြင်းဖြစ်သည်။
မာဒူရိုကို ရိုမန်ကက်သလစ် ဘာသာ ဝင်အဖြစ် ချီးမြှောက်ခဲ့သည်။ သူ့အဖေ ဘက်က ဘိုးဘွားဘီဘင်များက မူလSephardic Jewish များဖြစ်သည်။ Sathya Sai Ba Ba လှုပ်ရှားမှုတွင် ပါဝင်ခဲ့ ရာ သူက ဆိုင်းဘာဘာ ယုံကြည်ကိုးကွယ် သူ ဖြစ်လာခဲ့သည်။
အစောပိုင်းနိုင်ငံရေးအလုပ်
သူကျောင်းက ထွက်လာ အပြီးတွင် ဘတ်စ်ကားမောင်းသူ တစ်ဦးအဖြစ် နှစ် ပေါင်းများစွာကြာ မာဒူရို လုပ်ကိုင်ခဲ့သည်။ သူ၏ နိုင်ငံရေး အလုပ်ကို ၁၉၈၀ ပြည့်နှစ် ဝန်းကျင်တွင် စတင်လုပ်ကိုင်ခဲ့ သည်။ ကာရာကာ့စ်မက်ထရို စနစ်၏ ဘတ်စ်ကား မောင်းသူများအား ကိုယ်စား ပြုလာသော တရားမဝင် ကုန်သွယ်ရေး သမဂ္ဂဝင် တစ်ဦး အမှတ်မထင် ဖြစ်လာခဲ့ သည်။ ရန်းဂျဲလ် (Rangel) ၏ ၁၉၈၃ ခုနှစ် မအောင်မြင်သော သမ္မတ မဲဆွယ်စည်းရုံးပွဲ ကာလတွင် မာဒူရိုက ဂျိုဆေး ဗီဆွန့်ထ်ရန်းဂျဲလ်၏ သက်တော်စောင့် ကိုယ်ရံတော် အဖြစ် လုပ်ကိုင်ပေးခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်တွင် မာဒူရိုက ပဉ္စမမြောက်သမ္မတနိုင်ငံတော် လှုပ်ရှားမှု ထူထောင်ရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့ သည်။ ထိုလှုပ်ရှားမှုက ၁၉၉၈ ခုနှစ်တွင် သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် ဟူဂိုး ချာဗက်ဇ်သမ္မတ ဖြစ်လာခဲ့သည်။
အမျိုးသားလွှတ်တော်
၁၉၉၈ ခုနှစ်တွင် ဗင်နီဇွဲလားကိုယ် စားလှယ်အဖွဲ့သို့ လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် အမျိုးသားတိုင်းပြု ပြည်ပြု လွှတ်တော် (National Constituent Assembly) သို့လည်းကောင်း၊ ခရစ်နှစ် ၂၀ဝ၀ ပြည့်နှစ်တွင် အမျိုးသား လွှတ်တော် (National Assembly)သို့လည်းကောင်း၊ MVR လက်မှတ်ဖြင့် မာဒူရိုက ရွေး ကောက်ခံ ခဲ့ရသည်။ ရွေးကောက်ခံခဲ့ရ သမျှ အဆင့်တိုင်းတွင် မြို့တော်ခရိုင်၏ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရခြင်းဖြစ် သည်။ လွှတ်တော်သို့ ရွေးကောက်ခံရသည့် အခါ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀ဝ၅ခုနှစ် မှ ၂၀ဝ၆ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး
၂၀ဝ၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ တွင် နီကိုလာ့စ်မာဒူရိုကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ရိုရီကာရို ပြောပြချက်အရ မာဒူရိုသည် နိုင်ငံခြား ဘာသာ စကားများ မပြောတတ်ဟုဆို သည်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် သူ တာဝန် ထမ်းဆောင်ချိန်တွင် ဗင်နီဇွဲလား နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒရပ်တည်ချက်များ သည် မွန်မာကဒါဖီ လက်ထက် လစ်ဗျား နိုင်ငံအတွက် ထောက်ခံမှုများ ရှိခဲ့ပြီး ကိုလံဘီယာနိုင်ငံနှင့် ဆက်ဆံရေးတွင် အပြောင်းအလဲဖြစ်ခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယသမ္မတ
၂၀၁၂ ခုနှစ် အောက်တိုဘာလ ရွေး ကောက်ပွဲတွင် ဟူဂိုးချာဗက်ဇ်က သမ္မတ အဖြစ်ပြန်လည် ရွေးကောက်ခံရပြီး မကြာမီ တွင် အောက်တိုဘာ ၁၃ ရက်နေ့၌ ဗင်နီ ဇွဲလားဒုတိယ သမ္မတအဖြစ် မာဒူရိုကို ချာဗက်ဇ်က ခန့်အပ်ခဲ့သည်။ ထို့နောက် နှစ်လအကြာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် သမ္မတ ချာဗက်ဇ်က ဤ သို့ကြေညာ ခဲ့သည်။ သူ့အနေဖြင့် ကင်ဆာ ရောဂါပြန်လည်ဖြစ်ပေါ်လာသဖြင့် ကျူး ဘားနိုင်ငံတွင် ဆေးကုသမှုခံယူရမည် ဖြစ်ကြောင်း၊ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူ၏ ရောဂါ အခြေအနေမှာ ပိုမိုဆိုးရွား လာပြီ ဖြစ်ကြောင်း၊ သူ့နေရာတွင် အစားထိုးရန် သမ္မတ ရွေးကောက်ပွဲ အသစ် ထပ်ခေါ်ပေး မည်ဖြစ်ကြောင်း ချာဗက်ဇ်က ပြောကြား ခဲ့သည်။ ထို့အပြင် သူ့နေရာအား ဆက်ခံ နိုင်ရေးအတွက် ဗင်နီဇွဲလား ပြည်သူများက မာဒူရိုကို မဲပေးသင့်ကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကွယ်လွန် အနိစ္စရောက်တော့ မည့် ချာဗက်ဇ်အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဆက်ခံသူအဖြစ် အမည်ထည့်သွင်းပြောခဲ့ ခြင်းမှာ ထိုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။
ချာဗက်ဇ်က မာဒူရိုကို ထောက်ခံပေး မှုကြောင့် ယခင်ဒုတိယသမ္မတလည်းဖြစ်၊ ဆိုရှယ်လစ်ပါတီ၌ အာဏာရှိသူလည်း ဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပလဲနံပ သင့်သူ ဒိုင်ဆိုစ်ဒါဒိုကာဘဲလ်လိုခဗျာ ဘေး ရောက်နေခဲ့ရသည်။ ထိုပုဂ္ဂိုလ်အား ချာ ဗက်ဇ်၏ရာထူးအား ဆက်ခံမည့်သူအဖြစ် အားလုံးကအကြီးအကျယ် မှတ်ယူထား ခဲ့ကြသည်။ မာဒူရိုအား ချာဗက်ဇ်က ထောက်ခံပြောဆိုအပြီးတွင် ကာဘဲလ်လို က သူတို့နှစ်ဦးအပေါ် သစ္စာခံပါမည်ဟု ချက်ချင်းကတိပြုခဲ့သည်။
ကြားဖြတ်သမ္မတ
၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် သမ္မတ ချာဗက်ဇ်ကွယ်လွန်ပြီးချိန်တွင် မာဒူရိုက သမ္မတအာဏာနှင့် တာဝန်များ ကို ယူခဲ့သည်။ သူ့နေရာဖြစ်သည့် ဒုတိယ သမ္မတအဖြစ် ဂျော့ဂ်ျအာရီဇာကို သူက ခန့်အပ်ခဲ့သည်။ ချာဗက်ဇ်သည် သူ့သက် တမ်း၏ ပထမလေးနှစ်အတွင်း သေဆုံး ခဲ့ခြင်းဖြစ်သဖြင့် သမ္မတသေဆုံးပြီး ရက် ၃၀ အတွင်း သမ္မတရွေးကောက်ပွဲကို ကျင်းပရမည်ဟု ဗင်နီဇွဲလားဖွဲ့စည်းပုံ အခြေခံဥပဒေကဖော်ပြထားသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲတွင် ဆိုရှယ် လစ်ပါတီ၏ သမ္မတလောင်းအဖြစ် မာဒူရိုကို တစ်ညီ တစ်ညွတ်တည်းထောက်ခံ အတည်ပြုခဲ့ကြသည်။ မာဒူရို ယာယီ အာဏာလက်ခံထားချိန်တွင် အတိုက်အခံ ခေါင်းဆောင်များက တင်ပြရာတွင် မာဒူရို သည်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအာဏာ ကို ယူ၍ ဗင်နီဇွဲလားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မများဖြစ်ကြသည့် ပုဒ်မ ၂၂၉၊ ၂၃၁ နှင့် ၂၃၃ တို့ကို ချိုးဖောက်ခဲ့ သည်ဟု ဆိုသည်။
ဗင်နီဇွဲလားသမ္မတဖြစ်လာခြင်း
၂၀၁၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် မာဒူရိုကို ဗင်နီဇွဲလားသမ္မတအဖြစ် ရွေး ကောက်တင်မြှောက်ခဲ့ကြသည်။ မာဒူရိုနှင့် အတူဟွန်နရီခ်ကာပရီလယ်စ်သည်လည်း ဝင်ရောက်ယှဉ်ပြိုင်ရာ ၎င်းတို့နှစ်ဦး၏ မဲအရေအတွက်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်း သာ ခြားနားသည်။ ကာပရီလယ်စ်က တရားဝင်ထွက်လာသော ရလဒ်ကို လက် မခံဘဲ ထပ်မံရေတွက်ပေးရန် တောင်းဆို ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ မာဒူရို က ဧပြီလ ၁၉ ရက်နေ့တွင် ဗင်နီဇွဲလား သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆို၍သမ္မတ တာဝန်အပ်နှင်းခံယူခဲ့သည်။ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲရလဒ် များကို အပြည့်အဝ စာရင်းစစ်ပေးခဲ့ပြီး များကို အပြည့်အဝ စာရင်းစစ်ပေးခဲ့ပြီး ကြောင်း ထုတ်ပြန်ခဲ့သည်။ သဘောတရားရေးရာ ဇောင်းပေးခြင်း IESA ၏ ဗင်နီဇွဲလား တက္ကသိုလ်မှ ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်သူ ပါမောက္ခ ရာမွန်ပီနန်ဂိုက"မာဒူရိုမှာကွန်မြူနစ်သဘော တရားနဲ့ နီးကပ်တဲ့ အယူအဆပြင်းထန်မှု တွေရှိပါတယ်ဟု ပြောကြားခဲ့သည်။ သို့ ရာတွင် ကမ္ဘာ့ဆိုရှယ်လစ်ကွန်ရက် (World Socialist Website)က တင်ပြရာ၌ မာဒူရို သည် ချာဗက်ဇ်၏ ပြုပြင်ပြောင်းလဲမှုများ ဆီ ပြန်သွားရန် ရည်ရွယ်ထားသည်ဟူ၏။
အငြင်းပွားဖွယ်ရာ ပြဿနာများ
မာဒူရိုကချာဗက်ဇ်ကွယ်လွန်ကြောင်း ကြေညာ၌ သမိုင်းဝင်ရန်သူများက သမ္မတကြီးကို အဆိပ်ခတ်သတ် လိုက်ပြီး အတိုက်အခံ တွေကို ဖက်ဆစ်တွေ အဖြစ် တံဆိပ် တပ်လိုက်ပါပြီဟု ဖော်ပြခဲ့သည်။ စီအိုင်အေက ချာဗက်ကို ကင်ဆာရောဂါ ပေးခဲ့ကြောင်း တင်ပြချက် များကိုတော့ အမေရိကန်က ပယ်ချခဲ့သည်။ မာဒူရို၏ မဲဆွယ်စည်းရုံးရေး ကြော်ငြာ တွင် ချာဗက်ဇ်၏ ဓာတ်ပုံများဖြင့် အထင် ကရပြုထားပြီး သူကိုယ်တိုင်၏ ဓာတ်ပုံ များကတော့မပါသလောက်ပင်ဖြစ်သည်။ နိုင်ငံရေးအောင်မြင်မှုအတွက် ချာဗက်ဇ် သေဆုံးမှုကို အသုံးချခဲ့သော မာဒူရို၏ လုပ်ရပ်သည် ကျော်လွှားနိုင်စေသော နည်းဗျူဟာတစ်ရပ်ဖြစ်သည်ဟု ကာပရီ လယ်စ်က ပြောခဲ့သည်။ ထို့ပြင် သေဆုံး သွားသည့် သမ္မတနှင့်အချိန်ကိုက်၍ တိုင်း ပြည်ကို လိမ်ညာခဲ့သည်ဟု မာဒူရိုကို ကာပရီလယ်စ်က စွပ်စွဲခဲ့သည်။
ကိုယ်ရေးကိုယ်တာဘဝ
မာဒူရိုသည် ဆီလီယာဖလောရီစ်ကို လက်ထပ် ခဲ့သည်။ သူမသည် ရှေ့နေ တစ်ဦးလည်းဖြစ်၊ နိုင်ငံရေးသမားတစ်ဦး လည်းဖြစ်သည်။ သူမသည် ဗင်နီဇွဲလား နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ပထမဆုံးအမျိုး သမီးဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ယခုအခါ ခေါင်းဆောင်သစ်ကို တိုင်းပြည်ကံကြမ္မာ အဖြစ် ရွေးကောက်တင်မြောက်ပြီးခဲ့ပြီဖြစ် သည်။ ဗင်နီဇွဲလား ပြည်သူများ အနေဖြင့် ၁၄ နှစ်ကြာ အုပ်စိုးသွားသော သမ္မတ ဟူဂိုးချာဗက်ဇ်၏လုပ်ဆောင်ချက်နှင့် ယခု သမ္မတသစ်ရဲ့လုပ်ဆောင်ချက် ခြားနားမှု ရှိမရှိ၊ တိုင်းပြည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ စောင့်ကြည့်ကြရန်သာ ရှိပါတော့ ကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။