Khant Nyi Phae with K Zaw Moe and 19 others
“အ လှ ဆုံး ပန်း”
တောရိုင်းပန်းလေးပဲ ဖြစ်ပါစေ
သဘာဝနဲ့အလှဆင်
ပန်ချင်သူကို လှစေမှာ
လူတစ်ကာ မရွေးပါဘူး
ကေသာဦးမှာ ပန်ဆင်လေ
ဗမာမလေးတွေပန်လည်း လှ
ကုလားမလေးတွေပန်လည်း လှ
တရုပ်၊ ဂျပန် အင်္ဂလန်ကပန်လည်း…လှနေမှာ
အဲ့ဒါ ပန်းရဲ့ သစ္စာပါ ။
သဘာဝနဲ့အလှဆင်
ပန်ချင်သူကို လှစေမှာ
လူတစ်ကာ မရွေးပါဘူး
ကေသာဦးမှာ ပန်ဆင်လေ
ဗမာမလေးတွေပန်လည်း လှ
ကုလားမလေးတွေပန်လည်း လှ
တရုပ်၊ ဂျပန် အင်္ဂလန်ကပန်လည်း…လှနေမှာ
အဲ့ဒါ ပန်းရဲ့ သစ္စာပါ ။
ဒီ ကမ္ဘာပေါ်မှာ
ပန်းတကာပန်းတို့ထက်သာ
ရနံ့ဖြာလို့လည်းမွှေး
အေးမြတဲ့ အာနိသင်
ရင်ကိုလည်း ချမ်းမြေ့
မနွမ်းသွေ့မယ့် အရာ
အဲ့ဒီဟာ လေ
မေတ္တာ ပန်းတွေပဲပေါ့…
ဦးခေါင်းမော့လို့ ပန်ဆင်ဆင်
ရင်ခွင်မှာပဲ ထားထား
လက်ဖဝါးထဲ ဆောင်ဆောင်
အောင်မြင်ခြင်းရဲ့ သင်္ကေတ
အေးမြတဲ့ အဓိပ္ပာယ်
ဘယ်သူ ဘယ်ဝါမခွဲ
လူမျိုးကွဲချင်ကွဲပေါ့
မလျှော့မယ့် သစ္စာထား
မေတ္တာတရားကို ဦးတင်
ထာဝစဉ် ကိုးစားလို့
ငါတို့ ကမ္ဘာမြေအား
လှကြပါစို့လားကွယ် ။
“ခန့်ညီဖေ”
ပန်းတကာပန်းတို့ထက်သာ
ရနံ့ဖြာလို့လည်းမွှေး
အေးမြတဲ့ အာနိသင်
ရင်ကိုလည်း ချမ်းမြေ့
မနွမ်းသွေ့မယ့် အရာ
အဲ့ဒီဟာ လေ
မေတ္တာ ပန်းတွေပဲပေါ့…
ဦးခေါင်းမော့လို့ ပန်ဆင်ဆင်
ရင်ခွင်မှာပဲ ထားထား
လက်ဖဝါးထဲ ဆောင်ဆောင်
အောင်မြင်ခြင်းရဲ့ သင်္ကေတ
အေးမြတဲ့ အဓိပ္ပာယ်
ဘယ်သူ ဘယ်ဝါမခွဲ
လူမျိုးကွဲချင်ကွဲပေါ့
မလျှော့မယ့် သစ္စာထား
မေတ္တာတရားကို ဦးတင်
ထာဝစဉ် ကိုးစားလို့
ငါတို့ ကမ္ဘာမြေအား
လှကြပါစို့လားကွယ် ။
“ခန့်ညီဖေ”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။