Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 10, 2013

တင်းတိပ်ဖြစ်ရသော အကြောင်းအရင်း ....

 
ကျန်းမာရေးစာတိုများစုစည်းမှု
တင်းတိပ်ဖြစ်ရသော အကြောင်းအရင်း ....

တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း တိတိ ကျကျကို မသိသေးပါဘူး။ ကျွမ်းကျင်သူတွေ က အကြောင်းအချက်များစွာကြောင့် တင်းတိပ် ဖြစ်လာနိုင်တယ်လို့ ယုံကြည် ကြပါတယ်။

နေရောင်နဲ့ ထိတွေ့မှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတားဆေးများ၊ ဟော်မုန်းအစားထိုး ကုသမှု ခံယူခြင်း၊ မိသားစုရာဇဝင်မှာ တင်းတိပ် ဖြစ်ခြင်း၊ အတက်ရောဂါ ကုသ ဆေးတွေနဲ့ အရေပြားကို ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ခံစားလွယ်စေတဲ့ တခြားဆေးဝါးတွေကြောင့် တင်းတိပ်ဖြစ်စေနိုင်ပါတယ်။

တင်းတိပ်ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေထဲမှာ နေရောင်နဲ့ ထိတွေ့မှုက အဓိက အချက်ဖြစ်ပါတယ်။ အထူးသဖြင့် မျိုးရိုးဗီဇမှာ တင်းတိပ်ဖြစ်နိုင်တဲ့ အခြေအနေရှိသူတွေမှာ ပိုဆိုးပါတယ်။ တင်းတိပ်ဖြစ်ပြီးသား လူတွေကို လေ့လာတဲ့အခါ နေ့စဉ် ဒါမှမဟုတ် မကြာခဏ နေရောင်နဲ့ထိတွေ့ခဲ့သူတွေ ဖြစ်နေပါတယ်။

တင်းတိပ်တွေဟာ နေပူပြင်းတဲ့ နွေရာသီမှာ ပိုမိုထင်ရှားလာတတ်ပြီး ဆောင်းရာသီမှာ အရောင်နည်းနည်း ဖျော့သွားတတ်တာကို တွေ့ရှိရတတ်ပါတယ်။
တင်းတိပ်ဖြစ်တာဟာ မဟော်မုန်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာနဲ့ သန္ဓေတား ဟော်မုန်းဆေးတွေ သောက်တဲ့အခါတွေမှာ တင်းတိပ်တွေ ဖြစ်လာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အမျိုးသမီးတွေမှာ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းနဲ့ အရေပြား ရောင်ခြယ်ဆဲလ်တွေကို လှုံ့ဆော်တဲ့ဟော်မုန်း (MSH) တွေဟာ ကိုယ်ဝန်ဒုတိယသုံးလနဲ့ တတိယသုံးလတွေမှာ အဆင့်မြင့်တက်လာပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ တင်းတိပ်တွေဟာ ပရိုဂျက်စတီရုန်း ဟော်မုန်းကြောင့်ဖြစ်ပြီး အီစထရိုဂျင်နဲ့ MSH တွေကြောင့် မဟုတ်ပါဘူး။
သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ပရိုဂျက်စတီရုန်း ဟော်မုန်းအစားထိုးကုသမှုခံယူ တဲ့အခါမှာ တင်းတိပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ အီစထရိုဂျင် တစ်မျိုးတည်းနဲ့ ကုသမှု ယူသူတွေမှာတော့ တင်းတိပ်ဖြစ်လာနိုင်ခြေနည်းတာကို လေ့လာမှုတွေအရ သိရပါတယ်။

အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ဆေးဝါးတွေ ဒါမှမဟုတ် ကုသမှုတွေဟာ အရေပြား ရောင်ခြယ်ပစ္စည်း မယ်လနင်တွေ ထုတ်လုပ်မှုကို ပိုများစေပြီး တင်းတိပ်ဖြစ်စေတဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။
မျိုးရိုးမှာ တင်းတိပ်ဖြစ်သူတွေရှိတဲ့သူတွေမှာလည်း တင်းတိပ်ဖြစ်နိုင်ချေများပါတယ်။

ကုသမှု ...........

တစ်ခါတစ်ရံမှာ တင်းတိပ်တွေဟာ ကုသမှုမလုပ်ဘဲ နေရာရှောင်ခြင်း၊ နေရောင်ကာ လိမ်းဆေးတွေ သုံးခြင်းနဲ့ အလိုလို ပျောက်သွားတတ်ပါတယ်။
တချို့ အမျိုးသမီးတွေကတော့ ကလေးမွေးပြီးတဲ့နောက် ဒါမှမဟုတ် သန္ဓေတားဆေးတွေ ဒါမှမဟုတ် ဟော်မုန်းကုသမှုတွေကို ရပ်လိုက်ပြီးနောက်မှာ တင်းတိပ်တွေ ပျောက်သွား တတ်ပါတယ်။ တင်းတိပ်ကို ကုသရာမှာ အများဆုံးအသုံးပြုတဲ့ ကုထုံးကတော့ Hydroquinone 2% ပါဝင်တဲ့ လိမ်းဆေးခရင်မ်ပဲ ဖြစ်ပါတယ်။

Hydroquinone 2% ထက်ပိုပါတဲ့ လိမ်းဆေးတွေဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ လိမ်းသင့်ပါတယ်။ လေ့လာမှုတွေအရ Hydroquinone 2% ဟာ အရေပြား အရောင် ဖျော့စေဖို့ ထိရောက်ပြီး စပ်ဖျဉ်းဖျဉ်း ခံစားရမှုလည်း နည်းတာကို တွေ့ရှိရပါတယ်။
ဒီခရင်မ်တွေကို အညိုကွက်တွေရှိတဲ့နေရာမှာ တစ်နေ့နှစ်ကြိမ်လိမ်းပေးရပါတယ်။ မနက်ခင်းတိုင်း

Hydorquinone ဆေးလိမ်းထားတဲ့အပေါ်မှာ နေရောင်ကာလိမ်းဆေး လိမ်းပေးရပါမယ်။ တင်းတိပ်ကုသဖို့အတွက် Hydorquinone ဆေးနဲ့ အရေပြားအရောင် ဖျော့စေတဲ့ Azelaic acid၊ အရေပြားအရောင်ချွတ်ပေးတဲ့ Retinoic acid ဒါမှမဟုတ် Kojic acid တွေကိုလည်း ပေါင်းစပ်အသုံးပြုကြပါတယ်။

ဒီကုသမှုတွေမှာ ဆေးဝါးတွေကို အသုံးပြုတဲ့ ပမဏမမှန်ရင် ဒါမှမဟုတ် အချိန်ကာလ ကြာရှည်စွာ အသုံးပြုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် အရေပြား အထူးကု ဆရာဝန်ရဲ့ စနစ်တကျ လမ်းညွှန်မှုနဲ့သာ ကုသသင့်ပါတယ်။
တစ်ခါတစ်ရံမှာ တင်းတိပ်အတွက် အရေပြားအပေါ်ယံလွှာကို ခွာချွတ်တဲ့နည်းနဲ့ လေဆာ ကုသမှုနည်းလမ်းတွေ ကိုလည်း ဆရာဝန်တွေက အသုံးပြုတတ်ကြပါတယ်။ တင်းတိပ် ကုသရာမှာ အရေပြားလိမ်းဆေးတွေအပြင် သောက်ဆေးတွေကိုလည်း အသုံးပြုကြပါတယ်။ သောက်ဆေးတွေမှာ စပျစ်စေ့မှ ထုတ်ထားတဲ့ Proanthocyanidin ကြွယ်ဝတဲ့ဒြပ်ပေါင်းတွေ ပါဝင်တတ်ပြီး တင်းတိပ်ကို သက်သာပျောက်ကင်းစေပါတယ်။

ကာကွယ်မှု .......

တင်းတိပ်မဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်း တိတိကျကျ မရှိပေမယ့် တင်းတိပ် ကာကွယ်မှုအတွက်ရော ကုသမှုအတွက်ပါ နေရောင်ရှောင်ဖို့က အရေးကြီးပါတယ်။
အရေပြားရောင်ခြယ်ပစ္စည်းတွေ ထုတ်လုပ်အောင် လှုံ့ဆော်မှုကို ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ နေရောင်ရှောင်ပြီး နေပူထဲသွားတဲ့အခါ နေရောင်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နေရောင်ကာလိမ်းဆေးတွေ လိမ်းပေးပါ။

အထူးသဖြင့် မျိုးရိုးမှာ တင်းတိပ်ရှိသူတွေအနေနဲ့ ပိုသတိထားပြီး ကာကွယ်ဖို့ လိုအပ် ပါတယ်။ သန္ဓေတားဆေးတွေ သောက်နေသူတွေနဲ့ ဟော်မုန်းကုသမှုခံယူနေသူတွေ အနေနဲ့တော့ လိုအပ်ရင် နည်းလမ်းပြောင်းဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Mg Mandalay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။