Today Myanmar
ပူတာအိုရေခဲတောင်ဒေသအလှကို မကြာခဏဖော်ထုတ်ပြသပေးနေတဲ့သူဌေး ကြီးဦးတေဇ
Saturday, May 11, 2013
သူဌေးကြီးဦးတေဇတစ်ယောက်သူရဲ့ကိုယ်ပိုင် facebook မှ ကချင်ပြည်နယ်၊ ပူတာအိုဒေသကရှားပါးပြီးလှပတဲ့ ရေခဲတောင်တွေရဲ့ အလှအပဓာတ်ပုံတွေကို မကြာခဏဖော်ပြလာပါတယ်။ ဦးတေဇဖော်ပြခဲ့တဲ့ဓာတ်ပုံ တွေဟာ သာမာန်ဓာတ်ပုံဆရာတွေမရောက်နိုင် တဲ့ ရှားပါးတဲ့ ရေခဲတောင်ဒေသပတ်ဝန်းကျင်ဓာတ်ပုံ တွေဖြစ်နေလို့ ရုတ်တရက် ကြည့်လိုက်ရင် ဆွစ်ဇာလန်နိုင်ငံကိုများရောက်သွားလားဆိုပြီး အထင်မှတ်မှားစရာပါဘဲ။ ဦးတေဇပိုင် ထူးဖောင်ဒေးရှင်းအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလု ပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ဒေသဖွံ့ဖြိုး ရေးလုပ် ငန်းတွေကိုအဲဒီဒေသတွေမှာလဲ ဆောင်ရွက်လျက်ရှိတယ်လိုသိရပါတယ် ။ ဦးတေဇက သူ့...ရဲ့ facebook မှာ မိမိတို့နိုင်ငံဟာ သဘာဝအလှတရားတို့နဲ့ ပြည့်ဝပေါကြွယ်တဲ့ နိုင်ငံအနေနဲ့ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာဖို့အတွက် ကြိုးပမ်းဖော်ထုတ်လိုတဲ့ ဆန္ဒ၊ ရေခဲတောင်တွေရဲ့ အလှတရားနဲ့ တန်ဘိုးဖြတ်လို့မရတဲ့ သဘာဝပတ်ဝန်းကျင် အလှတရားကို ရှုမြင်တန်ဘိုးထားတတ်စေလိုတဲ့ ဆန္ဒ၊ မြန်မာဟာ ကမ္ဘာမှာ အလှတရားတွေကြွယ်ဝစွာရှိတယ် ဆိုတဲ့အကြောင်း မိမိတို့သွေးချင်းတို့ ဂုဏ်ယူစေလိုတဲ့ ဆန္ဒတို့ ရှေ့တန်းတင်ပြီး ရေခဲတောင်ပုံတို့ကို မျှဝေပေးလိုက်ပါတယ်။ ဆိုပြီးရေးသားထားပါတယ်။ ထို့ပြင်
ထူးဖောင်ဒေးရှင်းအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေး ကျန်းမာရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းကနေ ဒေသဆိုင်ရာအလှတရားတို့ မှတ်တမ်းတင်ခြင်း၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုပါ အားသွန်ခွန်စိုက် ဆောင်ရွက်ရပါတယ်။
ဒီလိုဆောင်ရွက်ဖို့အတွက် မိမိရဲ့ Htoo Group of Companies မှ ညီအစ်ကို မောင်နှမများ၊ Air Bagan လေကြောင်းလိုင်းရဲ့ကူညီပံ့ပိုးမှုတွေနဲ့အတူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖျား သွေးချင်းတို့နေထိုင်ရာ ဒေသဟာ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာတို့ ဘိုးဘွားအစဉ် ပိုင်ဆိုင်ခဲ့တဲ့အလှတရားတွေ ဖြစ်တဲ့အတွက် မိမိနိုင်ငံအလှတရားကို တန်ဘိုးထားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဟုလဲရေးသားထားပါတယ်။ ယခုအခါ ထူးဖောင်ဒေးရှင်းနဲ့ သီတဂူဆရာတော်ကြီးတို့ပူပေါင်းဆောင်ရွက်ခဲ့တဲ့ အခမဲ့ဆေးကုသမှုအစီအစဉ်တွေနဲ့ ဒေသဖွင့်ဖြိုးရေးဆောင်ရွက်ချက်ေ တွကြောင့် ဦးတေဇ တစ်ယောက်ပူတာအိုတစ်ဝိုက်မှာတော့ မျက်နှာပန်းလှနေပါတယ်။ ပူတာအိုဒေသက အရှေ့တောင်အာရှမှာ တစ်ခုထဲရှိတဲ့ ရေခဲတောင်အလှအပဓာတ်ပုံတွေကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ဦးတေဇရဲ့ http://www.facebook.com/pages/ U-Tay-Za/ 266495883384881?fref=ts မှာသွားရောက်လေ့လာနိုင် ပါတယ်။
Saturday, May 11, 2013
သူဌေးကြီးဦးတေဇတစ်ယောက်သူရဲ့ကိ
ထူးဖောင်ဒေးရှင်းအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေး ကျန်းမာရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းကနေ ဒေသဆိုင်ရာအလှတရားတို့ မှတ်တမ်းတင်ခြင်း၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုပ
ဒီလိုဆောင်ရွက်ဖို့အတွက် မိမိရဲ့ Htoo Group of Companies မှ ညီအစ်ကို မောင်နှမများ၊ Air Bagan လေကြောင်းလိုင်းရဲ့ကူညီပံ့ပိုးမ
ကိုဝင်းထက်
ပူတာအို
Inley media
ပူတာအို
Inley media

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။