Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 2, 2013

ဒေါင်းယောင်ဆောင်တာက ကျီးတစ်ကောင်တည်း မဟုတ်တော့ဘူး

26 April 2013 |By 7Day News
(တစ်)
ကျွန်တော်တို့ ခပ်ငယ်ငယ် အရွယ်တုန်းက အခြေခံပညာ မူလတန်းသင်ရိုး မြန်မာစာဖတ်စာ စာအုပ်ထဲတွင် “ဒေါင်းယောင်ဆောင်သောကျီး” ဟူသည့် စာတစ်ပုဒ် ပါဝင်ပါသည်။ စာသင်သား ကလေးငယ်တို့ အကြိုက် ပုံပြင်ကလေးတစ်ပုဒ် ဖြစ်ရုံသာမက ကျောင်းပရိဝုဏ် အပြင်ဘက်က လူတွေဖတ်လည်း တပြုံးပြုံးနှင့် သဘောကျသွား ကြရသည့် ပုံပြင်ကလေးပဲ ဖြစ်ပါသည်။ အကျဉ်းမျှ ပြန်လည်ဖော်ပြပါရစေ။ တစ်ခါက တောအုပ်တစ်ခုတွင် ကျီးကန်းတစ်ကောင် ရှိသည်ဟူသတတ်။ တစ်နေ့ ထိုကျီးကန်းသည် ဒေါင်းတို့၏ မလှမ်းမကမ်းသို့ ရောက်ရှိ၍ သွားလေရာ အရောင်အသွေး စုံလင်လှသည့် ဒေါင်းတို့၏ အတောင်အ လက်များကိုကြည့်ကာ သဘောအကျ ကြီးကျသွားရုံ မျှသာမက ငါ့၌ထိုသို့သော အတောင်အလက်များ ရှိကောင်းလေစွဟုပင် တောင့်တမိသည်ဟူ၏။ ကျီးကားထိုမျှနှင့် မကသေးဘဲ မိမိကိုယ်မိမိ ပြန်လည်၍ သုံးသပ်ကြည့်ရှုကာ မိမိတို့ကျီးကန်းများသည် အမွေးအတောင်များ နက်မှောင်လေစွ၊ အရုပ်ဆိုးပေစွ၊ အဆင်အသွေး ညံ့ဖျင်းပေစွစသည် စသည်ဖြင့်လည်း မိမိ၏ကျီးဖြစ်ခြင်းကို စက်ဆုပ်ရွံရှာ မိသည်ဟူသတတ်။
သို့ဖြင့် တစ်နေ့သော် ဒေါင်းတို့မရှိသည့်အခိုက် ထိုဒေါင်းတို့ကျက်စားရာ အနီးအနားသို့ရောက်ရှိသွားပြီးသည့်သကာလ ဒေါင်းတို့ကိုယ်မှ ကျွတ်ကျ၍ နေခဲ့သောဒေါင်းတောင်ကလေးများကြားသို့ ထိုးစိုက်၍ ဒေါင်းအသွင်ဆောင်ကာ နေလေရာ ဒေါင်းတို့ရောက်ရှိ၍ လာသော် ဒေါင်းဟုပင် ထင်မှတ်လျက် အဆွေသည် လှပပေစွ၊ ခံ့ညားပေစွ စသည်ဖြင့် ပြောဆိုချီးမွမ်း လျက်နေသည်ကို ဒေါင်းယောင် ဆောင်ထားသောကျီးက သဘောတွေ့၍ နေသည် ဟူသတတ်။
သို့ဖြင့် ဒေါင်းများက အတောင်ပံကိုဖြန့်၍ ကကြလေသောအခါ ကျီးကလည်း ကအံ့ဟု အတောင်ပံများကို ဖြန့်လိုက်လေရာ ဒေါင်းတောင်များ အကုန်ကျွတ်ကျကုန်ပြီး ကျီးဖြစ်မှန်း အဖြစ်မှန် ပေါ်ပေါက်သွားရာက ထိုကျီးကို ဒေါင်းတို့က ထိုးဆိတ်လွှတ် လိုက်လေသည်။ ကျီးလည်း မိမိတို့ကျီးများ ရှိရာသို့ ပြန်ရောက်လာလေရာ ကျီးအပေါင်းတို့ကလည်း အမျိုးကို သစ္စာဖောက်သောကျီးဟု စွပ်စွဲပြီး ၀ိုင်းဝန်းထိုးဆိတ် ကြပြန်သဖြင့် ဝေးရာသို့ ပြေးခွာ၍ သွားခဲ့ရကြောင်း ပုံပြင်ကလေးပဲ ဖြစ်ပါသည်။ ကျီးကကျီးဖြစ်ရခြင်းကို လက်မခံလိုသော တစ်နည်းအားဖြင့် ကျီး၏ ဥပဓိရုပ် (identity) ကို အလိုမရှိသော အတွေးမှား အမြင်မှားကို သင်ခန်းစာ ပေးထားသည့် ပုံပြင်ကလေးဟု သိသာထင်ရှား လှပါသည်။ ဖတ်မိသူတိုင်းက သူတစ်ပါး အမွေးအတောင် အရောင်အဆင်း အားအားကျသူကျီးကို နှာခေါင်းရှုံ့ကြလို့။ စက်ဆုပ်ကြလို့။ ရွံရှာကြလို့။
(နှစ်)
တကယ်လို့များ ဒေါင်းကို အားကျနေသည်က ကျီးတစ်ကောင်တည်းကမဟုတ်ဘဲ ကျီးအားလုံးက အားကျနေခဲ့သည်ရှိသော်၊ ဒေါင်းတောင်တွေကို ရသရွေ့ကောက်ယူကာ ကျီးတိုင်းကျီးတိုင်းက သူတို့၏ အတောင်တွေကြားမှာ ကိုယ်စီကိုယ်စီ ထိုးစိုက်လျက် ဒေါင်းယောင် ဆောင်နေခဲ့ကြပြီ ဆိုသော်...။ ပုံပြင်ကို ဘယ်လိုရေးရပါ့။ ပုံပြင်ကို ဘယ်လို အဆုံးသတ်ရပါ့။
(သုံး)
အခု မြန်မာအမျိုးသား၊ အမျိုးသမီးတို့ ဆံပင်ကို ဆေးဆိုးကြသောကိစ္စမှာ စကားထဲထည့်ပြောစရာ မလိုလောက်အောင်ကို ရိုးစင်း၍သွားပါပြီ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဟု ဆိုရလောက်အောင်ကိုပင်လျှင် ဆံပင်ကိုဆေးဆိုးကြသည့် ခေတ်ကြီး ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်၏ ဟိုဘက် ဆယ်နှစ်သည်ဘက် ဆယ်နှစ်အနှစ်နှစ်ဆယ် အစိတ်ဝန်းကျင်အတွင်း မြန်မာနိုင်ငံတော် တစ်ဝန်းလုံး၌ ဆံပင်ဆေးမဆိုး ထားသော ဒေသဟူ၍ မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။ ခေါင်းရွက်ဗျက်ထိုး ဈေးသည်ကအစ တက္ကသိုလ် ပါမောက္ခအဆုံး အားလုံးဆံပင် ဆိုးကြပါသည်။ ရည်းစားစာရေးတတ်စ အရွယ်ကအစ ကျီးစောင့်ကြက်နှင့်အဆုံး အားလုံး ဆံပင်ဆိုး ကြပါသည်။ ဆံပင်ဖြူလာသဖြင့် ဇရာကို မသိကျိုးကျွန်ပြုကာ ဆံပင်ကို အနက်ဆိုးသည်က ပြဿနာမရှိပါ။ သို့သော် အများစုက ရွှေရောင်၊ ငွေရောင်၊ နီညိုရောင်၊ အပြာရောင်၊ အစိမ်းရောင် စသည်စသည်ဖြင့် ပြင်ပကမ္ဘာသို့ လှမ်းမျှော်ကြည့်ကာ သူတို့အသွေးနှင့် သူတို့အမွေးကို အားကျလျက် ကြည့်ကောင်းလိုက်တာဟူသောစိတ်ဖြင့် လိုက်ဆိုးကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ တကယ်ကြည့်ကောင်းကြပါစ။
(လေး)
အအေးပိုင်း နိုင်ငံများတွင် နေထိုင်သူများအဖို့ မျက်လုံးအရောင်များက ပြာပါသည်။ အသားအရေက ဖြူဆွတ်ပါသည်။ အမွေးအမှင်က ရွှေရောင်ငွေရောင်သမ်း ပါသည်။ ဆံပင်မွေးသာမက မျက်ခုံးမွေး၊ မျက်တောင်မွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ လက်မွေး၊ ခြေမွေး၊ ချိုင်းမွေးအကုန် ရွှေရောင်၊ အကုန်ငွေရောင်။ ဒါကို အားကျသူ အမိမြန်မာနိုင်ငံသူ နိုင်ငံသားတို့က နှာခေါင်း ပွပွ၊ မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်းထူထူ၊ အသားညိုညို၊ မျက်လုံးမည်းမည်းပါ။ မျက်ခုံးမျက်တောင် အမည်း၊ လက်မွေးခြေမွေးအမည်း၊ နှုတ်ခမ်းမွေးချိုင်းမွေးအမည်း။ဒါကိုဆံပင်တစ်ခုတည်းကွက်ကာ ရွှေရောင်ငွေရောင် ဆိုးထားရုံမျှနှင့် သူတို့လို ကြည့်ကောင်းသွားလေရောတဲ့လား။ နန်းတော်ရှေ့ ဆရာတင်က သူ၏နာမည်ကျော် “ရွှေမင်းဂံ” သီချင်းထဲတွင် မင်းဂံဘုတ်ရွာ သူတို့လှကြောင်း ဖွဲ့ရာ၌ “ပိတုန်းရောင်ကေသာ၊ ဖြန့်လိုက်ရင်..တစ်ကိုယ်လုံး.. ဝေေ၀ဆာဆာလွင်လွင်” စသည်ဖြင့် ဆံပင်၏ နက်မှောင်ပုံကို အသားပေး၍ ဖွဲ့ခဲ့ဖူးပါသည်။ မိန်းမတို့၏ ကောင်းခြင်း ငါးသွယ်တွင်ကား အဆင်း၏ ကောင်းခြင်း၊ အရိုး၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်းဟူ၍ ဆံပင်သန်ခြင်းနှင့် မည်းနက်ခြင်းကိုပါ ကောင်းခြင်းတစ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ထားခဲ့ကြပါသည်။ မိန်းမတို့၏ ဂုဏ်အထပ်ထပ်ကို ဖွင့်ဆိုသည့် ကောင်းခြောက်ဆယ့် လေးရပ်၌မူ ဆံပင်၏ ကောင်းခြင်းကို ကုဋိလကေသာ အဖျားကော့သော ဆံပင်တဲ့၊ ဒီဃမုဒ္ဓဇကေသာ ရှည်လျားသော ဆံပင်တဲ့၊ သုခုမကေသာ သိမ်မွေ့သော ဆံပင်တဲ့။ အင်း...ဒါတွေ ထားလိုက်ပါတော့။ ကျွန်တော် အခုပြောလိုသည်က အရောင်စုံဆံပင်များနှင့် ကျွန်တော်တို့၏ အသွေးအမွေးလိုက်၏၊ မလိုက်၏ပါ။ ကဲ... လိုက် သည်ပဲထားလိုက်ပါဦး လူသည် မိမိ၏ ဥပဓိရုပ်(identity) ကို ငြင်းပယ်သင့်၊ မငြင်းပယ်သင့်ပါ။
(ငါး)
တစ်ခါက တက္ကသိုလ်ကောလိပ်၊ ကျောင်းပရိဝုဏ်များအတွင်းသို့ ဆေးဆိုးထားသည့် ဆံပင်များဖြင့် ၀င်ရောက်ခွင့်မပြုကြောင်း စည်းကမ်းထုတ်ပြန်ထားသည်ကို တွေ့ခဲ့ဖူးပါသည်။ တစ်ခါ ဆရာမကျတော့ ဘာလို့ဆိုးထားသေးလဲဟု ကျောင်းသူတစ်ယောက်က နှုတ်တုံ့ပြန်ခဲ့သည်ကိုလည်း ကြားခဲ့ဖူးပါသည်။ လူသည် အတွေးအခေါ် အင်အားချည့်နဲ့လာသောအခါ ကိုယ့်ဥပဓိရုပ် (identity) ကို အများက အသိအမှတ်ပြုလာအောင် မကြိုးစားဘဲ ကိုယ့်ဥပဓိရုပ် (identity) ကို ကိုယ်ဖျောက်ဖျက်ကာ သူများဥပဓိရုပ် (identity) နှင့် လူသူလေးပါး ခံ့ညားလာအောင်လုပ်ဖို့ ကြိုးစားမိတတ်ကြစမြဲဖြစ်ပါသည်။ ကျီးတစ်ကောင်ဒေါင်းယောင်ဆောင်တော့ ထိုကျီးကို ဒေါင်းကလည်း လက်မခံ၊ ကျီးကလည်းလက်မခံ။ အခု ကျီးအားလုံးက ဒေါင်းယောင်ဆောင်ဖို့ ကြိုးစားကြပြီဖြစ်ပါသည်။ လူငယ်၊ လူကြီး၊ လူထီး၊ လူမ၊ မြို့ပြ၊ ကျေးလက် ဆေးဆိုးထားသော ဆံပင်တွေနဲ့။ မြန်မာက မြန်မာဖြစ်ခြင်းကို သေးနုပ်သိမ်ငယ်စိတ်ပျက်ဖွယ်ဟု စိတ်ဓာတ်မျိုးဝင်ရောက်လာသည်ထက် ကြေကွဲစရာကောင်းတာ မရှိပါလေတော့...။ ။
မောင်သာချို
7Day News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။