Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 6, 2013

ဖားတစ်ကောင်ရဲ့ ဖွင့်ဟချက်...

by ကို သာ ပို (Notes) on Monday, March 26, 2012 at 5:20pm
 
ဘယ်သူကပြောလဲ နွာခြေရာခွက်လို့... ဒီလောက်တောင် ကျုပ်မိဘတွေက အမြင်ကျဉ်းတယ်ထင်လားမောင်...။ ကျုပ်မြင်ဖူးပါတယ်ဗျ ကျုပ်တို့အမျိုး ခပ်ကြီးကြီးတွေဆို တစ်နေရာစာပဲရှိတာ...။ လူတွေက တစ်ဆိပ်ကို တစ်အိပ်လုပ်ရတာတင်မက တစ်အိပ်လဲ တစ်ဆိပ်လုပ်တတ်ကြသေးရဲ့...။ အတိဿယဝုတ္တိဆိုတာ အလွန်အမင်းချဲ့ကားပြောတယ်ပဲ အရင်ကသိထားတာဗျို့...။ ခုမှပဲ ကရေကေချာရေးသလိုမှန်း သိတော့တယ်...။ အဓိက ကတော့ အမြင်တွေမှာ ဆန္ဒတွေကပ်ပါနေတာကိုးဗျ...။

ဟိုနားလဲ တွေ့နိုင်ပါတယ် ဒီနားလဲ တွေ့နိုင်ပါတယ်...။ လူတစ်ယောက် ခြေလှမ်းကျဲကျဲလှမ်းစာတော့ အနည်းလေးရှိတယ်ဗျ...။ လမ်းသွားလမ်းလာတွေ ခဏခဏ တမင်ကို ခြေခပ်ခပ်သွားတဲ့ နေရာလေးပေါ့...။ အိုင်တွေ့တိုင်း ခြေဆေးတတ်တာ ခြေထောက်ပေလို့နေမပေါ့လေ...။ အော်... ပေတယ်ဆိုတာက စိတ်ထဲပေနေတာလဲ ဖြစ်မပေါ့...။ သိပ်တော့ မဆိုင်ပါဘူးလေ သူ့ဘာသာ ဘာပေပေ ဘယ်အချိန် ခြေဆေးဆေးပေါ့...။ တစ်သက်လုံးလဲ နေမှာမှမဟုတ်တာပဲလေ...။ အိုင်ထဲမှာ နေတယ်ပြောတာပါ...။ မွေးတာလဲ ဒီထဲပဲရယ်...။

မွေးစကတော့ ကိုယ့်ဘာသာ ဘာထင်လဲတောင် မသိပါဘူး...။ ထင်တတ်မယ်လဲ မထင်ပါဘူး...။ ခြေထောက်လဲပါတယ် လက်လဲပါတယ် အမြှီးလဲပါတော့မှ လူတွေက ခေါ်ကြတာ စကောဇကတဲ့...။ လောကမှာ ခြေလက် အမြှီး အစုံပါတဲ့အကောင်တွေမှ ပေါလွန်းလို့...။ ရေထဲလဲရှိတာပဲ ကုန်းပေါ်လဲရှိတာပဲ ရေမကျကုန်းမကျတွေလဲရှိတာပဲ။ ကျုပ်တို့မှ အထူးအဆန်းလုပ်လို့...။ ဘာတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်းတဲ့... အစထဲက ဖားသဘာဝကိုက ဒိလိုဟာကို ကြံကြံဖန်ဖန် ပေါက်ပေါက်ရှာရှာ... ခေါ်လဲ ခေါ်တတ်ပလေတယ်...။



ကျုပ်တို့မှာ ခြေလက်ပေါက် အမြှီးပျောက်ကတည်းက တစ်နေရာတည်း နေတယ်ရယ်လို့ ကြားမကြားဖူးပါဘူး...။ ဘယ်သကောင့်သားက အစလုပ်လိုက်လဲ မသိပါဘူး...။ လူတွေများ ရောရောယောင်ယောင်ဆို သိပ်ကို ပွဲဆူကြတာကလား...။ ကျုပ်တို့တွေက မျက်ချေးမထွက်တတ်ပါဘူးလေ...။ ဖားကိုဗျ... နော်...။ နေရာစုံ နေရာတိုင်း ကျုပ်တို့မသွားတဲ့ နေရာဆိုတာ ခပ်ရှားရှားပါပဲ...။ သတ္တိကောင်းတဲ့နေရာမှာ ခေသူတော့မဟုတ်ဘူးနော်...။ ဒီလိုသာမဟုတ်ရင် ကျုပ်တို့တွေ မျိုးဆက်ပြတ်ကုန်မပေါ့ဗျာ...။ ဂဏန်းလိုကောင်တွေနဲ့ နေရာလုရတာ လွယ်မှတ်လို့...။

ကျုပ်တို့ရန်သူပေါ့ဗျာ... အန္တရယ်အပေးဆုံးက မြွေတဲ့ လူတွေပြောကြတာပဲ...ဒါပေမယ့် စားဖားတစ်ကောင်အတွက် လူတွေက အဆိုးဆုံးပါပဲ...။ ကျုပ်ဖြင့် လူတွေ သိပ်မုန်းတာပဲ...။ ခုမှ ပြောလိုရင်းရောက်တော့မယ်ဗျ...။ ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ တစ်ဖက်သား အပုပ်ချတဲ့နေရာ သူတို့လောက် ကဲတဲံသူမရှိဘူးမှတ်ဗျို့...။ တကယ်ကြီးဗျာ... ဘာတဲ့ နွားခြေရာထဲက ဖားသူငယ်လိုတဲ့...။ အလကား ငရွှီးတွေ...။ ကျုပ်တို့ဖားဆိုတာများ အေးတဲ့နေရာ သိပ်ကြိုက်တာ...။ တစ်ချို့ဆို ညောင်ရေအိုးထဲဝင်ပြီးတော့ အပူဇော်တော် ခံကြသေးရဲ့...။ တမင်တော့ မဟုတ်ပါဘူး... အေးတဲ့နေရာ ရှာနေကြတာကိုး... သွေးအေးသတ္တဝါမလား..။

နွားခြေရာကွတ်လို နေရာမျိုးက ကျုပ်တို့အတွက် ဂျက်ကုစီပေါ့ဗျာ...။ ဘယ်လောက် နေလို့ကောင်းတဲ့ နေရာမျိုးလဲ...။ ဒီထဲ ခဏတစ်ဖြုတ်ဆိုသလို အဆင်သင့်ရင် ဝင်နေတတ်ကြတာ ကျုပ်တို့ သဘာဝပဲလေ...။ ဒါကို ဘယ်သကောင့်သားက မြင်ပြီးတော့ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဘာညာနဲ့ ရွှီးကြသလဲ မသိပါဘူး...။ တစ်ချိန်လုံး လိုက်ကြည့်နိုင်တာလဲ မဟုတ်ဘူး ရမ်းသမ်းပြီးတော့ကာ...။ ဆက်ပါဦးမယ် ပြောချင်တာက ဒီထဲကထွက်သွားရင်ပဲ ယောင်ချာချာ ဖြစ်နေမယ်ဆိုတဲ့ သဘောပေါ့လေ...။ ဖားတွေများ မှတ်ဥာဏ်ကောင်းလိုက်ပုံများ သူတို့နေတဲ့နေရာ အစာရှာနေတုန်း ရွှေ့ထား ရအောင်ရှာပြီး ပြန်တတ်တယ် ဘာမှတ်တုန်း...။

သူတို့တွေက အဲလိုပြောလို့ ပြန်ပြောဦးမယ်... ရေပြင်ကျယ်ထဲ ရောက်သွားရင် ယက်ကန်ယက်ကန်ဆိုပြီး...။ နဂိုထဲကမှ ဖားဆိုတာ ရေစပ်စပ်ရှိတဲ့နေရာ နေတာလေဗျာ...။ ရေပြင်ကျယ်ထဲ ရောက်မှာတော့ ခဏတစ်ဖြုတ်တော့ ဟုတ်တာပေါ့... ကြာလာရင် ယက်ကန်ကန်ဖြစ်လာမှာပေါ့...။ ဒါကို သဘာဝကိုလဲ သေသေချာချာ မလေ့လာ... ပြောချင်တာ တစ်ခုရှိရင် ထင်ရာမြင်ရာစွပ်ရွတ်ပြောတဲ့ လူတွေရဲ့ အကျင့်ကို သိပ်မုန်းတာ...။ ဒါပေမယ့် ကျုပ်တို့က ဒီလူတွေကို အဖတ်မလုပ်ပါဘူး...။ ကိုယ့်ဘာသာ လုပ်စရာရှိလုပ်တာပဲ...။ အဲတာကိုပဲ သိပ်မာန်တက်နေလားတော့ မသိပါဘူးလေ...။ တကယ်က အဖက်မလုပ်တာ... အဲတာကို တစ်ချို့က သူတို့ကိုသူတို့ သိပ်တော်နေတတ်နေတယ်ပဲ ထင်နေကြတာကလား...။ သူတို့ကြောက်လို့ ပြန်မပြောတာ မတုံ့ပြန်တာပေါ့လေ...။

ရာသီဥတုပြောင်းရင် ဖားတွေလဲ လိုက်ဖက်အောင် နေကြရတာပေါ့...။ နွေရောက်ရင် ခိုစရာနေရာရှာကြ မိုးကျရင် ပြန်ပြီးတော့ စိုစိုပြေပြေ နေကြပေါ့လေ...။ သူ့ဘာသာ သဘာဝအရ ဖြစ်နေကြတာပဲလေ...။ သဘာဝအရ မိုးရွာတော့မယ် ဆိုရင် အခြေအနေကိုလိုက်ပြီး သိနေတတ်တဲ့ အသိဥာဏ်ကြောင့် ဖားတွေအော်ကြတယ်...။ လူတွေအခေါ် မြူးတယ်ပေါ့လေ...။ အဲတာကိုပဲ မိုးရွာတာ ဖားအော်လို့၊ ဖားအော်တာ မိုးရွာလို့ ရှုပ်ရှပ်ခက်နေတာပါပဲ...။ ဘာတွေမှန်းကိုမသိဘူး...။ တကယ်က သူ့သဘောသူဆောင်တာ... ပြီးတော့ တိုင်ဆိုင်တာ... အဲတာကိုပဲ ဖားတွေက တို့လုပ်လို့ ဖြစ်တယ်လို့များ ဂုဏ်ယူနေမယ် ထင်နေသလားမသိ...။ ဒို့တွေများ သူတို့လူတွေလို နဲနဲလေးတိုက်ဆိုင်သွားတာနဲ့ ငါကွဆိုပြီး ခပ်မြောက်မြောက်ဖြစ်နေကြရင် ခက်ရချည်သေးရဲ့...။

ဟောဟော... ညနေက မိုးဖွဲလေးကျလိုက်လို့ ပလူတွေထွက်လာပြီ... စောစောသွားစားထာဦးမှ... ဒီလူတွေလို အားနေ ပြောချင်ရာပြော ငြင်းချင်ရာငြင်းနေတာနဲ့ အဆာပြေတာမှ မဟုတ်ပဲကို... တို့တွေက ဗိုက်ဆာတာ... သူတို့လို စိတ်ဆာမှ မဟုတ်တာပဲလေ...။

နိုင်နိုင်ဖား...။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။